www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဒေါင်းအမျိုးများနှင့် လိမ်လည်မှု Monday, November 19, 2012

ဒေါင်းအမျိုးများနှင့် လိမ်လည်မှု

နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် ဖားကန့်အခြေစိုက် ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ၁၀ ချက်ပစ်ခတ်ခဲ့သည်ဟု ဖားကန့်ဒေသခံများကဆိုလာပါသည်။ ၎င်းလက်နက်ကြီးများ ပစ်ခတ်ချိန်သည် ဗျူဟာကုန်းအနီးရှိ အ.ထ.က (ဖားကန့်) ကျောင်းတက်နေချိန်ဖြစ်သဖြင့် ကျောင်းသူ၊ သားများနှင့် ဆရာ၊ ဆရာမများ ကျောင်းသားမိဘများသည် ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြပါသည်။

လွန်ခဲ့သောလအတွင်း ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မှော်ဝမ်း စာသင်ကျောင်းအနီးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသူ မဂျာဆိုင်းအိန်သေဆုံးခဲ့ရပြီး ကျောင်းသူ၊ သားများနှင့် ကျောင်းသားမိဘများ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါသည်။ သို့ဖြစ်၍ ယခုအခါ ဖားကန့်ဒေသခံ ကျောင်းသားမိဘများမှာ မိမိတို့သားသမီးများ၏ အသက်အန္တာရာယ်အတွက် အလွန်စိုးရိမ်နေကြပါသည်။ လက်နက်ကြီးများပစ်ခတ်မည်ဆိုပါကလည်း စာသင်ကျောင်းများအား ပိတ်ခိုင်းထားခြင်း (သို့) ဗျူဟာကုန်းမှ မဟုတ်ဘဲ အခြားနေရာတစ်ခုမှ လက်နက် ကြီးများပစ်ခတ်မည်ဆိုပါက ကျောင်းသူ/သားများအတွက် ပို၍ လုံခြုံသည်ဟုခံစားရသည်ဟု ဒေသခံများက ပြောကြားလာပါသည်။

ယခုအချိန်အထိ KIA ဖက်မှ ဖားကန့် ပြည်သူလူထုအားသက်ညှာသောအားဖြင့် ဗျူဟာကုန်းအား တိုက်ခိုက်ခြင်းမရှိသေးပေ။  ဗျူဟာကုန်းအားတိုက်ခိုက်မည်ဆိုပါက ပြည်သူအများဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ ဗမာစစ်တပ်မှ ထိုအကွက်ကိုအခွင့်ကောင်းယူကာ ပြည်သူလူထုအား အကာ အကွယ်ပြုလုပ်ကာ တိုက်ခိုက်နေခြင်းဖြစ်သဖြင့် အလွန်အဆင့်အတန်းနိမ့်သော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများကထင်မြင်ယူဆနေကြပါသည်။ ထို့အပြင် ဆိုင်းတောင်တွင်လည်း ဗမာစစ်တပ် တပ်ရင်း (၁၆) သည် မြို့လယ်ဆေးရုံဆောက်လုပ်မည့်နေရာတွင်တပ်စွဲထားပြီး ပြည်သူလူထုအား အကာအကွယ်ယူထားပါသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အားကာကွယ်ရမည့်အစား ပြည်သူလူထုအား ဓားစာခံ အဖြစ်ထားရှိနေခြင်း ဖြစ်ပါသည်။

တိုက်ဆိုင်စွာပင် အမေရိကန်သမ္မတ အိုဘားမားဆိုက်ရောက်သည့်အချိန်နှင့် လက်နက်ကြီး ပစ်ခတ်သည့်အချိန် မှာတိုက်ဆိုင်နေပါသည်။ ဗမာအစိုးရမှ ဆက်လက်ပြီး မည်သို့သော အလိမ်၊ အညာဇာတ်လမ်း ဆက်ခင်းမည်ကို စောင့်စားကြရအုံးမည်ဖြစ်ပါသည်။

ဗမာလူမျိုးများနှင့် လိမ်လည်မှုသည် ခေါင်းနှင့် ပန်းကဲ့သို့ခွဲခြား၍ မရပေ။  ဗမာလူမျိုးတို့ ဘုရင်အဆက်ဆက် အသုံးပြုခဲ့သော (ယခုလည်းသုံးဆဲ) ဒေါင်းအလံကိုသတိရမိပါသည်။ စာရေးသူအနေဖြင့် ခွပ်ဒေါင်း၊ က ဒေါင်းတို့၏ သွင်ပြင်လက္ခဏာကိုသေချာလေ့လာကြည့်သောအခါ ဗမာလူမျိုးများ၏ စရိုက်နှင့် အလွန်ဆင်တူနေကြောင်းတွေ့ရှိရပါသည်။ ဒေါင်းတို့၏သဘာဝမှာ လူအများကြည့်နေသော အရှေ့ဖက်တွင် အလွန်လှပစွာကနေတတ်ပြီး၊ အနောက်ဖက်တွင် ဖင်ပြောင်နေတတ်ပါသည်။ ထိုနည်းတူစွာ ဗမာအစိုးရသည်လည်း လူမြင်ရာတွင် ကြည့်ကောင်းအောင်၊ ကြားကောင်းပြောတတ်ပါသည်။ သို့သော် မည်သည့်အခါမှ ကတိတည်ခြင်းမရှိ၊ အရှက်မရှိ၊ ဂုဏ်သိက္ခာမရှိ၊ အဆင့်အတန်းမရှိ သောလုပ်ရပ်များကို ပြုလုပ်နေတတ်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒေါင်းအမျိုးတို့အား အသိပေးလိုသည်မှာ “ကတော့ကပါ၊ ဒါပေမဲ့ ဖင်လုံအောင်တော့ ကပါ” လို့အကြံပြုချင်ပါတယ်။

မောင်ရှင်းလင်း
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers