www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကြိုးဆွဲလေတံခွန် (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖ်ာဆောင်မှုကော်မတီတဲ့ အဓိကရည်မှန်းချက်တွေက ဘာတွေပါလဲ.. တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့စည်းလုံးညီညွတ်မှု ခိုင်မာတည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆိုလားဘဲ.. တိုင်းရင်းသားအချို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီတဲ့၊ အချို့သောသူတွေက သီးခြားလွပ်လပ်တဲ့ စနစ်သစ်၊ နိုင်ငံသစ်ဆိုတဲ့မျှော်မှန်းချက်တွေထိရောက်နေပြီနော်…
ယခုတက်လာတဲ့ လွတ်တော်အစိုးရက ဖွဲ့ပေးလိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဆိုတာ ပြည်ထောင်စု အဆင့်ဆိုတဲ့ သတ်မှတ်ချက်နှင့် သေချာပေါက်ကိုက်ညီမှုရှိတဲ့ အဖွဲ့အစည်းလား စဉ်းစားပြီး လုပ်ကြပါနော် (ပြည်ထောင်စုအဆင့် ဆိုတာပေါ့သေးသေးမဟုတ်ဘူး အထွဋ်အထိပ်မှာရှိပြီး လုပ်ပိုင်ဆုံးဖြတ် ပိုင်ခွင့် အတော်အတန် အသင့်တော့ ရှိကြမယ်လို့ ထင်ပါတယ်)။

တကယ်တမ်းကျတော့ စစ်တပ်ကိုတောင်မပိုင်တဲ့ ဖင်မနိုင်ပဲဟင်းစားသူများနဲ့ တူနေသလို တမင်သက်သက် အခြားတဖက်မှ စစ်ရေးဖြင့် ဖိအားပေးပြီး မိမိလိုရာသို့ မရောက်ရောက်လာအောင် ခြောက်တချီ၊ မြှောက် တလှည့်၊ ချော့တခါ ပုံစံဘဲလား။ ဒါဆိုရင် ဘယ်သူပိုပြီး အထိနာမလဲ ဆိုတာ သင်ခန်းစာရပြီးသားတွေမို့ မပြောတတ်တော့ပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးကစားကွက်အားလုံးကျွမ်းဝင်နှံ့စပ်ပြီး သူများမို့ ဒီအကွက်တွေအသာထားပြီး မြန်မာ့နိုင်ငံရေးလမ်းကြောင်းများရဲ့ သမိုင်းပုံရိပ်ဖြစ်စဉ်အမှန်များကို တိတိကျကျ မှန်မှန်ကန်ကန် သုံးသပ်ပိုင်းခြားပြီး တိုင်းရင်းသားများ၏ လိုအင်ဆန္ဒအမှန်နှင့် ကိုက်ညီမည့် မူဝါဒ ဦးစွာချမှတ်ဆောင်ရွက်အကောင်အထည်ဖော်ပါ။ (နောက်ဆက်တွဲ လိမ်လည်လှည့်ဖြားမှု မပါစေနဲ့နော်)

အစိုးရဆိုတာက မိဘလိုပါဘဲ၊ သားသမီးတစ်ဦးချင်းစီရဲ့ အလေ့အထ၊ အကျင့်စရိုက်၊ စိတ်ဆန္ဒတွေက ဘာလဲဆိုတာဃဂဏနသိထားရမှာလေ၊ မိဘနေရာမှာနေပြီး သားသမီးအချင်းချင်းကိုခွဲခြားဖိနှိပ်၊ အခွင့်အရေးပေး ပုံစံချင်းကွဲပြားနေလို့လဲ မဖြစ်ဆိုတော့ ဒီကနေ့သားသမီးတွေအားလုံးစုစည်းလို့နေပါပြီ၊ မိမိတို့ဆန္ဒ အမှန်သဘောထားတွေကို ဖော်ထုတ်တိုက်ပွဲဝင်နေပုံချင်းလဲ ကိုက်ညီနေပြီမို့ သားသမီးအပေါ် သည်းခံခွင့်လွတ် လိုက်လျောတန်လိုက်လျောပြီး လိုအင်ဆန္ဒတွေနားလည် သဘောပေါက်အောင် အရင်လုပ်ပါ၊ ပြီးတော့ အားလုံးကိုတန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တွေပေးပြီး စိတ်ချမ်းသာ ကျေနပ်မှုရှိအောင် ဆောင်ကျဉ်းသွားပါ။

အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေတိုင်းရင်းသားဒေသတွေမှာ နေ့တဓူဝဆိုသလို အချိန်နှင့် တပြေးညီဖြစ်ပျက်နေတာကိုသိသိကြီးနှင့် မသိကျိုးကျွံပြုရုံမက တမင်တကာဖန်တီးနေပြီးနေပြီး နိုင်ငံတကာ အလယ်မှာ လိမ်ကြဦးမှာလား၊ အပစ်အခတ်ချက်ခြင်း ရပ်လိုက်ပါ၊ တပ်များမူလနေရာထိဆုတ်ပေးပြီး၊ မူလတပ်အင်အားအတိုင်းထားရှိပါ၊ ယုံကြည်မှုကိုဦးစွာအချိန်ယူတည်ဆောက်ပြီးမှ စစ်မှန်သော နိုင်ငံရေး ဆွေနွေးပွဲစကားဝိုင်းသာလျှင် ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်မည်ဟုယုံကြည်ပါသည်။ တိုင်းရင်းသား အဖွဲ့အစည်းများကို အပြစ်တင်မစောကြပါနှင့်၊ ခေါင်လှုံရင်တော့မိုးမယိုတော့ပါဘူး၊ ခေါင်မိုးကတော့ ထာဝရလှုံခြုံဖို့တော့ လိုလိမ့်မယ်နော်၊

အခုလည်းအမေရိကန်သမ္မတအိုဘားမားလာမယ် တိုင်းရင်းသားအရေးကိစ္စ၊ အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ရင်ကြားစေ့ရေး ကိစ္စတွေကို ရွှီးမနေကြနဲ့ဦး သမ္မတကြီးကမှ ကျွန်တော်တို့ ပြည်တွင်းရေး ခင်ဗျားတို့ထက်ကောင်းကောင်းပိုသိနေသေးတယ်၊ ဆင်ခြေဆင်လက်တွေပေးပြီး ဆွေးနွေးလို့ကတော့ တိုင်းရင်းသားအရေးကိစ္စ၊ ပြည်တွင်းရေးကိစ္စအ၀၀တွေဟာ နာတာရှည်ရောဂါကုမရသလို ဆက်ဖြစ်သွားမှာ မြင်ယောင်မိသလို၊ သက်ဆိုင်သူတို့ရေ မလိမ်၊ မဖြီးဖြန်းကြပါနဲ့နော်.. အရည်မရ၊ အဖတ်မရ ရှက်စရာ ဖြစ်နေပါတော့မည်။

ကြိုသိ (ကချင်မြေ)
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers