www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

လူပြောများနေသည့် ဒီဂျေ ဂျေး ၏ ဓာတ်ပုံ အင်တာနက်ပေါ်တွင် ပျံ့န

့မြန်မာနိုင်ငံမှ သရုပ်ဆောင်၊ အဆိုတော် လူငယ်များ၏ လူပြောများစရာဖြစ်ဖွယ် ရိုက်ကူးထားကြသော ဓာတ်ပုံများမှာ အင်တာနက်စာမျက်နှာများပေါ်တွင် မကြာခဏဆိုသကဲ့သို့ ပေါ်ထွက်လာမှုများရှိနေသည်။


ပြီးခဲ့သော လအနည်းငယ်က ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းနှင့် ဓာတ်ပုံဆရာ ၀ဏ္ဏခွာနီးတို့ သူငယ်ချင်းတသိုက် သင်္ကန်းဝတ်၍ ဆေးမင်ကြောင်များဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကြောင့် အများပြည်သူတို့၏ ဝေဖန် ပြစ်တင် ခြင်းကိုခံခဲ့ရပြီး ပြည်တွင်းပြည်ပ မီဒီယာများမှတဆင့် ပြည်သူတို့ကိုတောင်းပန်ရသည်အထိ ဖြစ်ခဲ့သည်။

ယခုလတ်တလောတွင်လည်း ဒီဂျေ ဂျေးသည် ဟစ်ပ်ဟော့ပ် လူငယ်များ၏၀တ်စားဆင်ယင်ပုံမျိုးဖြင့် ဗုဒ္ဓ ၏ မုဒြာ (လက်တော်ဟန်ထား)နှင့် အာသန( ခြေတော်ဟန်ထား)၊ခန္ဓာကိုယ်မှ ရောင်ခြည်တော်များ ကွန့်မြူးနေသည့် ကိုယ်ဟန် အနေအထားကို ပြုလုပ်ထားသည့် ဓာတ်ပုံသည် အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

“မျိုးချစ်မြန်မာ”ဟူသော အင်တာနက်သတင်းစာမျက်နှာတခုတွင် “မြတ်စွာဘုရားကို စော်ကားတဲ့ DJ Jay” ဟူသည့် ဆောင်းပါး၌ “ခုခေတ်လူငယ်တွေ ခေတ်မီလာကြတာ ကြိုဆိုပါတယ်။အင်တာနက် ရဲ့ ကျေးဇူးကြောင့်လည်း လူငယ် တွေ အများကြီးမျက်စိပွင့် နားပွင့် ဖြစ်လာခဲ့တာကောင်းပါတယ်၊ဒါပေမယ့် ဘယ်လောက်ခေတ်မီမီ လူသား ကျင့်ဝတ်နဲ့ ဘာသာကိုင်းရှိုင်းခြင်းဆိုတာကတော့ မမေ့ပျောက်သင့်ပါဘူး”စသည်ဖြင့် ဝေဖန်ရေးသားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီဂျေ ဂျေးက “ကျနော့် ယုံကြည်မှုနဲ့ ကျနော် အမြဲတမ်းတရားထိုင်တယ်။ အဲဒီလို ထိုင် နေတဲ့ပုံကိုလည်း ကျနော့်ရဲ့ ဘလော့ပေါ်တင်ထားတယ်။ အဲဒါကို ဘယ်က ဘယ်လို ခိုးပြီးတင်လိုက်သလဲဆိုတာတော့ ကျနော်လည်းမသိဘူး။ရှင်းရှင်းပြောရရင် ဒီကိစ္စကို ဘာမှကျနော် ခေါင်းထဲထည့်မထားဘူး”ဟု ဧရာဝတီကိုပြောသည်။

အင်တာနက်ပေါ်တွင် ပျံ့သည်မှာလည်းဖြန့်သူရှိ၍ ပျံ့ခြင်းဖြစ်ကြောင်း၊ မနာလို၍ ဖြန့်ခြင်းလည်းဖြစ်နိုင်ကြောင်း၊ အ တွေးအခေါ်များ ဉာဏ်များ သိမ်ငယ်သဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် တရားထိုင်ခြင်းဆိုသည်မှာ မည်သူ မဆို ထိုင်ခွင့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော် ယုံကြည်တယ်ဆိုတာ ဗုဒ္ဓရဲ့အဆုံးအမကို ယုံကြည်တာလေ။ ပုံတွေ၊ရုပ်တုတွေကို ယုံကြည်တာ မဟုတ်ဘူး” ဟု ဒီဂျေ ဂျေးက ဆိုသည်။
ဒီဂျေ ဂျေးနှင့်နီးစပ်သူတဦးက“သူနဲ့ အဆင်မပြေတဲ့ ကောင်လေးတယောက်က လုပ်လိုက် တာ လက်လွန်သွားတာပါ” ဟု ပြောသည်။

ဒီဂျေ ဂျေးသည် ၁၉၉၈ ခုနှစ်မှစတင်၍ ဒီဂျေအဖြစ်လုပ်ကိုင်လာခဲ့ပြီး ၂၀၀၄ ၀န်းကျင်ခန့်မှ စတင်၍ သားစိုးနှင့် အတူ “ရောသမမွှေ”ဟူသည့် Remix အခွေကို ပထမဆုံးအနေဖြင့်ထုပ်လုပ်ခဲ့ပြီး လူသိများလာခဲ့သည်။

၎င်းထွက်ရှိခဲ့ပြီးသော Remix အခွေများမှာ House Vibration 60 second ၊ X Vibration ၊ ရောသမမွှေ ၊ မြန်မာ DJ အကောင်းစား Remix ၊ DJ Jay ABCD ၊ သမ္ဘာရ (Sanbara) စသည်တို့ဖြစ်သည်။
ဧရာဝ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers