www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
သူ့ကိုယ်သူ ခရစ်တော်လို့ ပြောတဲ့သူ........ Sunday, September 20, 2009

သူ့ကိုယ်သူ ခရစ်တော်လို့ ပြောတဲ့သူ........


ခရစ်ယာန်ဘာသာဝင်တွေရဲ့ သမ္မာကျမ်းစာထဲမှာ ခရစ်တော်အတု ပေါ်လာမယ်ဆိုတာပါရှိပါတယ်။ အဲ့အခုတော့ သူ့ကိုယ်သူ ခရစ်တော်လို့ ပြောတဲ့သူ နောက်တစ်ယောက်ပေါ်လာပါပြီးဗျာ .. တန်ခိုးတော့မပြနိုင်ပေမဲ့ လူပေါင်း တစ်သောင်းလောက် ကိုလက်နက်မရှိ၊ ငွေမရှိဘဲ သူကိုရှစ်ခိုးတဲ့သူတွေ၊ သူ့နောက်လိုက်တွေ ဖြစ်လာ အောင်လုပ်နိုင်တဲ့သူ့အစွမ်းကိုတော့ လျှော့တွက်လို့မရဘူး။ သူဟာ ရုရှားလူမျိုး ဖြစ်ပြီး နာမည်ကတော့ Sergey Anatolyevitch Torop လို့ခေါ်ပါတယ်။
သူဟာ Krasnodar မြို့ မှာ ဇန်နဝါရီလ ၁၄ရက် ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ဘာသာဝင်တွေကိုတော့ Vissarionites လို့ခေါ်ပါတယ်။ သူနေတဲ့ Petropavlovka ရွာနားက ရွာပေါင်းသုံးဆယ်လောက်မှာရှိတဲ့ လူအယောက် ၅ဝဝဝ လောက်ဟာသူ့ကိုယေရှု့လို့ယုံကြည်ကြသလို ကမ္ဘာတစ်ဝန်းမှာဆို သူ့ကို ယုံကြည်သူ ၁ဝဝဝဝလောက်ရှိပါတယ်။ အမှန်တော့ သူဟာ "Church of the Last Testament" ဆိုတဲ့ဘာသာကို စတင်အုပ်မြစ်ချပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဘာသာဟာရုရှားအောက်သဒေါ့ခရစ်ယာန် နဲ့ ဗုဒ္ဓဘာသာဝင် တွေကနေပြီးပတ်ဝန်းကျင်နှင့်ဆက်နွယ်၍ ဆင်ခြင်အပ်သော သတ္တလောက။ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ။ ဂေဟဗေဒ နဲ့ သက်သက်လွတ်စားခြင်း စတဲ့ကောင်းမြတ်တဲ့အချက် တွေကို ပေါင်းစည်းထားခြင်းသာဖြစ်ပါတယ်။ "Community ofUnified Faith" (ယုံကြည်မှု့များ ပေါင်းစည်းထားသောအဖွဲ့) လို့လဲ တစ်မျိုးတဖုန်လူသိကြပါသေး တယ်။

ဒါကတော့ dailymail ကပါ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွေးတွေနဲ့ အဝတ်အစား ဝတ်ဆင်ပုံ က ယေရှု့ နဲ့တူသလိုတစ်ချက်တစ်ချက်တစ်ပြုံးလိုက်တဲ့ အချိန်မှာတော သူတော်စင် တစ်ယောက် နဲ့ လိုပါဘဲ။ ဒါပေမဲ့ သူကို ယုံကြည်ကြတာတော့ဆိုက်ဘေးရီးယား အစွန်အဖျား ကလူတွေ ဖြစ်ပါတယ်။ Sergei Toropဆိုတဲ့သူဟာအရင်က ယာဉ်ထိန်း ရဲ တစ်ယောက်ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံကလဲ အပိုစာသားတွေမပါဘဲ ယေရှု ကဲ့သိုသာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Torop ဟာ မော်စကို မြို့နဲ့ မိုင်ပေါင်း ၂ဝဝဝ လောက်ဝေးတဲ့ Petropavlovka ဆိုတဲ့ ရွာကလေးတစ်ရွာက လူအယောက် ပေါင်း ၅ဝဝဝ လောက်ရဲ့ အထင်ကြီး ကိုးကွယ်ယုံကြည်မှု့ကိုခံရတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ Toropစစ်မှု့ထမ်းအပြီးမှာတော့ ယာဉ်ထိန်းရဲဝင်လုပ်ပါတယ်။
ယာဉ်ထိန်းရဲအလုပ်ကလဲပြုတ်သွားရော ချက်ခြင်းလက်ငင်းဆိုသလိုဘဲ သူဟာလွန်ခဲ့တဲ့ နှစ် ၂ဝဝဝ လောက်က ကားတိုင်မှာ အသေသတ်ခြင်းခံခဲ့ရတဲ့ယေရှု ဖြစ်ပြီး ဒုတိယအကြိမ် ပြန်ကြွလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ဘုရားသခင်က သူကို ဒီကမ္ဘာမြေပေါ်မှာ အကြမ်းဖက်မှု့ စစ်ခင်းနေမှု့ နဲ့သဘာဝ ဘေးအန္တရာယ်တွေ... .. (မကောင်းတာတွေအကုန်လုံးကို ပေါ့ဗျာ)ဆုံးမသင်ကြားပေး ဖို့လွတ်လိုက်တာလို့ဆိုပါတယ်။ သူ့တို့ရွာမှာ တစ်ကမ္ဘာလုံး ပြုလုပ်နေတဲ့ ခရစ္စမက်ပွဲတော် မပြုလုပ်ဘဲ သူရဲ့ တရားစဟောတဲ့နေ့ သြဂုတ်လ ၁၈ရက်နေ့မှာ ကြီးကျယ် ခန်းနားစွာပွဲတော်ကြီး ပြုလုပ်ကြပါတယ်။
သူရဲ့နောက်လိုက်ဖြစ်ခြင်ရင်တော့ သက်သက်လွတ်စားရမယ် ဆေးလိပ်၊ အရက်မသောက်ရဘူး ပြီးတော့ ပိုက်ဆံလဲကိုင်လို့ မရပါဘူး။ ရွာထဲမှာတော့ သူ့ယုံကြည်သူ တွေဟာ သစ်လုံးအိမ် ပေါင်း သုံးရာလောက် နဲ့ဆောက်နေကြပြီး ထောင်ပေါင်း များစွာသော တခြားယုံကြည်သူတွေကလည်း အိမ်တွေကို ရွာပါတ်လည်မှာ
ဆောက်ပြီးနေကြပါတယ်။ အကြောင်းကတော့ သူတို့ဆီက ဆိုးရွားလှတဲ့ ဆောင်း ရာသီမှာ သူတို့ယုံကြည်ကိုးစားရတဲ့ မေရှိယအရှင် နဲ့အနီးမှာနေခြင်လို့ ဘဲဖြစ်ပါတယ်။ သူတို့ရွာနဲ့နီးတဲ့ တောင်ပေါ်မှာတော့ ခေါင်းလောင်းကြီး တစ်လုံးထားပြီး တစ်ရက်ကို သုံးခါ တီးပါတယ်။ အဲ့ဒီခေါင်းလောင်းတီရင်တော့ အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်ကို ရပ်ပြီး ဒူးထောက် ဘုရားရှင်ခိုးကြ ရပါတယ်။ Torop ဟာ မိန်းမနဲ့သားသမီးခြောက်ယောက်ရှိပါတယ်။ အဲ့ဒီ သားသမီးခြောက်ယောက်ထဲမှာတော့
တစ်ယောက်က မွေးစားထားတာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ နေ့ရက်တွေကိုပန်းချီဆွဲတဲ့အလုပ်နဲ့ ကုန်စေသူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင် လဲ သူဟာပြင်သစ်၊ အီတလီ နဲ့ ဟောလန်နိုင်ငံတို့ ကိုသွားပြီး သူ့ကိုယ်ကိုးကွယ်တဲ့တပည့်သစ်တွေရရှိဖို့ သာသနာပြုထွက်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ သူ့ ဘုရားကျောင်းကပိုက်ဆံမဟုတ်ဘူးတဲ့ ခေါ်တဲ့သူစပွန်စာနဲ့သွားခဲ့တာဖြစ်ပါတယ်။

ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers