www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မင်းမော်ကွန်း၏ အငြင်းပွားဖွယ်ရာ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့

အင်တာနက် စာမျက်နှာများပေါ်တွင် လူအများ စိတ်ဝင်စားသည့် ဓာတ်ပုံတပုံ မကြာသေးမီက ပေါ်ထွက်လာခဲ့သည်။


အဆိုပါပုံထဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း ဓာတ်ပုံဆရာဝဏ္ဏခွာနီး နှင့်အဖွဲ့က သင်္ဃန်းများဝတ်ဆင်၍ ကျောပြင်၊ ရင်ဘတ်၊ လက်မောင်း စသည်တို့တွင်ထိုးထားသည့် ဆေးမင်ကြောင်များကို အသားပေးကာ မျက်နှာပေး အမျိုးမျိုး ပြုလုပ်၍ သရုပ်ဖော် ထားသည်။


အဆိုပါပုံကို ကြည့်ရှုမိသူများက “ရွှေဝါရောင်တော်လှန်ရေးနဲ့ ပတ်သက်နေလား၊ သာသနာတော်ကို စော်ကားတာလား၊ မဖြစ်သင့်ဘူး” စသည်ဖြင့် အမျိုးမျိုးသတ်မှတ် ဝေဖန် ပြောဆိုနေကြသည်။

ထင်ရှားသည့် ဘလော့တခုဖြစ်သော “နစ်နေမန်း” ဘလော့တွင် အဆိုပါဓာတ်ပုံနှင့်ပတ်သက်၍ ဘာသာတရားအရ ရိုသေလေးစား ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားနှင့် သားတော်များဖြစ်သည့် သံဃာတော်များ လွှမ်းခြုံရာ သင်္ဃန်းများကို ယခုကဲ့သို့ ဆေးမင်ကြောင်အတုများနှင့် ယခုကဲ့သို့သောမျက်နှာပေးများဖြင့် ဓာတ်ပုံရိုက်ခြင်းမှာ မသင့်တော်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ မည်သည့်အကြောင်းပြချက်နှင့်မှ မလုပ်သင့်ကြောင်း ကန့်ကွက်ရေးသား ဖော်ပြထားသည်။

“ဘုရားရှင် လက်ထက်တော်ကတည်းက ဆေးမင်ကြောင် ဆိုတာ မပေါ်သေးတော့ ထိုးထားတဲ့သူ ရဟန်းဝတ်ခွင့်မရှိ ဘူးလို့ပညတ်ခဲ့တာ မရှိပါဘူး။ အကယ်၍ ရဟန်းမဝတ်ခင်မှာ ထိုးထားတယ်ဆိုရင်လည်း အဲဒါတွေကို မပေါ်အောင်လို့ ဖုံးဖုံးနဲ့ နေရမှာပေါ့” ဟု ထိုင်းနိုင်ငံရောက် မြန်မာရဟန်းတပါးက သံဃာတော်များ ဆေးမှင်ကြောင် ထိုးခွင့် ရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်၍ မိန့်သည်။

အဆိုပါ ဓာတ်ပုံထဲတွင် ပါဝင်သည့် သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းနှင့် နာမည်ကျော်ဓာတ်ပုံဆရာဝဏ္ဏခွာနီး တို့အား ဧရာဝတီမဂ္ဂဇင်းက ဆက်သွယ်၍ မရခဲ့ပေ။

သို့ရာတွင် ၎င်းဓာတ်ပုံထဲ၌ ပါဝင်သူ ကာယကံရှင် တဦးကမူ အဆိုပါဓာတ်ပုံမှာ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်ကတည်းက အပျော်သဘောနှင့် ရိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ “နစ်နေမန်း” ဘလော့က မည်သို့မည်ပုံ ရရှိကာ တင်ထားသည်ကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ သူက နစ်နေမန်းဘလော့တွင် ရေးသားထားသည့် အချက်များမှာ လုံးဝ မှားယွင်းနေကြောင်းနှင့် ဓာတ်ပုံထဲတွင် ပါသူများ ထိုးထားသည့် ဆေးမင်ကြောင် များမှာလည်း အစစ်များသာဖြစ်ကြောင်း ပြောပြသည်။

နာမည်ကြီး ဟစ်ဟော့အဆိုတော် တဦးကလည်း ယင်းပုံနှင့်ပတ်သက်၍ လွန်ခဲ့သော ၂ နှစ် ၃ နှစ်ခန့်က အပျော်သက်သက် ရိုက်ထားခြင်းသာဖြစ်ကြောင်းနှင့် အသေးစိတ်ကို မသိရှိကြောင်း ပြောပြသည်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာရဟန်းတပါးဖြစ်သော အရှင်စန္ဒောဘာသာစာရ က “ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကိုစော်ကားလိုက်တာလဲ” ဟူသည့် ဆောင်းပါးတပုဒ် ရေးသားထားပြီး အင်တာနက်ဘလော့ စာမျက်နှာများတွင် ကန့်ကွက်ဖော်ပြထားသည်။

သရုပ်ဆောင်မင်းမော်ကွန်းနှင့် အနုပညာသမား အုပ်စုတို့သည့် ယခုကဲ့သို့ သင်္ဃန်းဝတ်၍ သရုပ်ပျက်ပုံစံများနှင့် သာသနာတော်ကို မစော်ကားသင့်ကြောင်း၊ အမှားကို ကျုးလွန်းပြီးလျှင်လည်း တောင်းပန်ရမည် ဖြစ်ကြောင်း ပြည်တွင်းပြည်ပ ဆရာတော်များနှင့် သာသနာကိုမြတ်နိုးကြသော ပြည်သူလူထုကို ကျေနပ်အောင်ပြုလုပ်ပေးရမည် ဖြစ်ကြောင်း ၎င်းဆောင်းပါးတွင် ရေးသားထားသည်။


ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers