www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကရင်တိုင်းရင်းသားတဦး အာရှနိုဘဲလ်ဆု ရရှိ

၂၀၀၉ ခုနှစ်အတွက် Ramon Magsaysay ဆုအတွက် လူ့အခွင့်အရေး လှုပ်ရှားသူ ကရင် တိုင်းရင်းသား ကစောဝါးနှင့် အာရှတိုက်သား ၅ ဦးကို ချီးမြှင့်ရန် ရွေးချယ်လိုက်ကြောင်း ဆုရွေးချယ် ရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။


ကစောဝါး (ဓာတ်ပုံ - ERI)

ယင်းဆုကို အာရှ နိုဘဲလ်ဆုဟု တင်စားကြပြီး အာရှတိုက် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် လူ့အဖွဲ့ အစည်းကို ပိုမိုတိုးတက် ကောင်းမွန်ရေး လုပ်ငန်းများတွင် မလျှော့သောဇွဲဖြင့် သတ္တိရှိရှိဆောင်ရွက် နေသူများကို ပေးအပ် ခြင်းဖြစ်သည်ဟု သိရသည်။

“၂၀၀၉ ခုနှစ်အတွက် Magsaysay ဆုရတဲ့သူတွေက အာရှရဲ့ တကယ့် စစ်မှန်တဲ့ သူရဲကောင်းတွေပါ။ သူတို့ရဲ့ အရည် အသွေးတွေကို သူတို့ လူမျိုးတွေအတွက် အဓိက လိုအပ်တဲ့ နေရာမှာ အသုံးပြုနေတာပါ။ အခက်အခဲတွေနဲ့ ပြိုင်ဘက်တွေကို သူတို့ဘယ်တော့မှ အလျှော့ပေး မှာမဟုတ်ပါဘူး” ဟု ဆုပေးအပ်သည့်အဖွဲ့ (RMAF) ၏ ဥက္ကဌ Carmencita T Abella က ပြောသည်။

၂၀၀၉ ခုနှစ်အတွက် Ramon Magsaysay ဆုရရှိသူများ အနေဖြင့် အသိမှတ်ပြု လက်မှတ်၊ ဆုတံဆိပ်နှင့် ငွေကြေးများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ယဉ်ကျေးမှု စင်တာ၌ ယင်းဆုကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကစောဝါး သည် EarthRights International အမည်ရှိ နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော အဖွဲ့ကို တည်ထောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တဦးဖြစ်ပြီး ယင်းဆုကို ရရှိသည့် ဒုတိယမြောက် ကရင် တိုင်းရင်းသားတဦးလည်း ဖြစ်သည်။

မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်းမှ ကရင်တိုင်းရင်းသူ ဒေါက်တာ စင်သီယာမောင်သည်လည်း လူထုအား ဦးဆောင်နိုင်မှုအတွက် ၂၀၀၂ ခုနှစ်တွင် အဆိုပါဆုကို ပူးတွဲ ရရှိခဲ့ဖူးသည်။

ယခုနှစ်တွင် ကစောဝါးနှင့် အတူ တရုတ်နိုင်ငံသား Yu Xiaogang၊ Ma Jun၊ ထိုင်းနိုင်ငံသား Krisana Kraisintu၊ ဖိလစ်ပိုင်နိုင်ငံသား Antonio Oposa Jr၊ အိန္ဒိယ နိုင်ငံသား Deep Joshi တို့လည်း ရရှိခဲ့ကြသည်။

ဖိလစ်ပိုင် သမ္မတ Ramon Magsaysay သည် သူ၏ လူသားခြင်း စာနာ ထောက်ထားသောလုပ်ရပ်များကြောင့် လူအများ၏ လေးစားခြင်းကိုခံရသူ တဦးဖြစ်ပြီး ၁၉၅၇ ခုနှစ်တွင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံး သွားခဲ့ သည်။

သူ့အား ဂုဏ်ပြုသည့် အနေဖြင့် ယင်းဆုကို အဆိုပါနှစ်တွင် စတင် ပေးအပ်ခဲ့ရာ အာရှတိုက်၏ ဂုဏ်သိက္ခာ အရှိဆုံး ဆုတဆု ဖြစ်လာသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers