www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

တတိယအကြိမ် သံဃာ့သပိတ်ဆင်နွှဲရန် သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲများဖွဲ့စည်း

တတိယအကြိမ် သံဃာ့သပိတ်ဆင်နွှဲရာတွင် အောင်မြင်အောင်အထိ ဆောင်ရွက်သွားရန်အတွက် ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့က သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

သံဃာတော် ၁၀ ပါးတို့၏ ဘွဲ့အမည်များနှင့် မြို့နယ်များကိုပါ ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်က ယခု တိုးချဲ့ဖွဲ့စည်းလိုက်သည့် အဖွဲ့ခွဲများအနေဖြင့် တတိယအကြိမ် သံဃာ့သပိတ်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

လာမည့် စက်တင်ဘာလ (၂၀) ရက်နေ့မှ စတင်ကာ သံဃာတပ်ပေါင်းစုကြီးမှ စစ်အစိုးရအား တောင်းဆိုထားသည့် အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်ကို အဆိုပါအဖွဲ့ခွဲများက ဖတ်ကြားကာ မီဒီယာများ၊ ဌာနဆိုင်ရာများသို့ လိပ်မူကာ ပေးပို့သွားမည်ဟု ဆိုသည်။

နိုင်ငံတဝှမ်း သံဃာတော်အားလုံးအနေဖြင့် သံဃာအားလုံး စုပေါင်းညီညွတ်မှု အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားရှင် ချမှတ်ထားသော ဝိနည်းဥပဒေတော်နှင့်အညီ ဆောင်ရွက်ထားသော သံဃာ့သပိတ်ကို အားလုံး ပါဝင်ဆင်နွှဲကြရန် အဆိုပါကြေညာချက်က နှိုးဆော်ထားသည်။

ထို့အပြင် သံဃာတော်များအားလုံး သဘောတူညီထားသည့် သံဃာ့ကိစ္စကို မလိုက်နာဘဲ နအဖစစ်အစိုးရနှင့် ဆက်လက်ပေါင်းသင်းသော သံဃာတော်များအား ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ်လိုက်ကြောင်း ဘွဲ့အမည်၊ မိဘအမည်၊ ကျောင်းတိုက်နှင့် မြို့ရွာအမည်များကို ထုတ်ပြန်ကာ ပြည်သူများအနေဖြင့် အဆိုပါသံဃာတော်များအား ပစ္စည်းလေးပါးမလှူဒါန်းကြရန် နိုင်ငံအနှံ့ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

စစ်အစိုးရက ပခုက္ကူသံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှေက်ခြင်းကို အကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာပြည်တဝှမ်း သံဃာတော်များက စစ်အစိုးရအား ရာဇသံပေးကာ ပတ္တနိကုဇ္ဇနကံဆောင်၍ မေတ္တာပို့လမ်းလျှောက်ကြွချီ သပိတ်မှောက်ခဲ့သဖြင့် ပြည်သူလူထုများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထိုနောက် စစ်အစိုးရက အဆိုပါ ရွှေဝါရောင်သံဃာလှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းကာ သံဃာတော်များနှင့် လှုပ်ရှားတက်ကြွသူများအား နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည့်အပြင် မိသားစုများ ထောင်ဝင်စာတွေ့ရန် ခက်ခဲသည့် နယ်ဝေးထောင်များသို့ ရွှေ့ပြောင်းထားခဲ့သည်။

ဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်၊ သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို စစ်အစိုးရက ပြန်လည်တောင်းပန်ရန်၊ မလိုက်နာပါက တတိယအကြိမ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ်အား ယခုနှစ် အောက်တိုဘာလ (၃) ရက်၊ သတင်းကျွတ်လပြည့် (၁၅) တွင် စတင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးက ထုတ်ပြန်ထားသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers