www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်

ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပါအဝင် ကျောက်စိမ်းတွင်းဒေသရှိ ဒေသခံလူထုအကြား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အာဏာသက်ရောက်မှု မရှိစေရန် ဖားကန့်စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေးတင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြုတပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်းကိစ္စရပ်များအား ဝင်ရောက်ဖြေရှင်းမှုများ ရှိနေသည့်အပေါ် ဖားကန့်စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေးအရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်းအတုလုပ်ခြင်း၊ ခိုးဆိုးလုယက်မှုနှင့် လိမ်လည်မှုများနှင့်ပတ်သက်သည့် တိုင်ကြားချက်များကို ဒေသအတွင်းအခြေစိုက်သည့် ကေအိုင်အေတပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ တိုင်ကြားရန် ဖားကန့်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ်ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗျူဟာမှူးက ပြောထားတာက ကချင်အဖွဲ့က ဝင်ရှုပ်တာကို မလိုချင်ဘူးပေါ့။ ပြည်သူလူထုတွေက သူတို့ကို ယုံကြည်အားကိုးလာအောင် လုပ်ဖို့ လိုတယ်ပေါ့။ တခုခုဖြစ်လာရင် သက်ဆိုင်ရာကို လာတိုင်ကြားနိုင်အောင် ပညာပေး စည်းရုံးဖို့လိုတယ်ပေါ့။ ကချင်အဖွဲ့ ဝင်ရှုပ်နေတာတွေ့ရင်လည်း လာတိုင်ကြားဖို့ အဲလို ပြောထားတယ်” ဟု ပြောသည်။

လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာအတော်များများတွင် ကေအိုင်အိုအဖွဲ့က ဆယ်စုနှစ်အတော်ကြာ စီမံခန့်ခွဲအုပ်ချုပ်နေခဲ့ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာလမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်းမှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့တဲ့သည့်လ ပထမပတ်အတွင်း ဖားကန့်ဒေသရေကြီးမှုဖြစ်စဉ်တွင် ရေကန်ဖောက်ချခဲ့သည့် တစ်သုံးလုံး ကုမ္ပဏီအား အပြစ်ရှိသည့်အတွက် လမ်းများပျက်စီးမှုအပေါ် ရှင်းလင်းပေးရန် ကေအိုင်အိုအဖွဲ့က ပြောဆိုမှုအပေါ် ဖားကန့်စစ်ဗျူဟာမှူးက ကန့်ကွက်ပြီးနောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်ဟု ဖားကန့်ကလာသည့် သတင်းများအရ သိရသည်။

“အခုက မှော်ထဲမှာ တရုတ်နဲ့ ဗမာပဲ အများဆုံးတွေ့ရတယ်။ ကချင်အဖွဲ့တွေလည်း မတွေ့ရတော့ဘူး။ ကချင်တွေတောင် သိပ်မရှိတော့ဘူး။ အရင်ကဆို ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ ဖားကန့်နဲ့ ဆိုင်းတောင်တွေမှာ ရောက်လာတာ တွေ့ရသေးတယ်” ဟု ဖားကန့်ဒေသခံတဦးက ပြောသည်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers