www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြစ်ဆုံရေကာတာစီမံကိန်းနယ်မြေအနီး ကျေးရွာ (၆၀) ကျော် ရွှေ့ပြောင်းရေး စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်ဝန်းကျင်ရှိ ကျေးရွာ (၆၀) ကျော်အား ရွှေ့ပြောင်းရန်အတွက် ဒေသခံတို့အား နစ်နာကြေး ငွေပေးလျော်ရန် မြေနေရာတိုင်းတာမှုနှင့် တန်ဖိုးတွက်ချက်မှုများ စတင်လုပ်ဆောင်နေသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ တန်ဖဲ၊ အလန်၊ ကြိမ်ခရန်၊ မုန်ကာဆွတ်၊ မရမ်၊ လဖ စသည့် ကျေးရွာအုပ်စုများမှ ရွာပေါင်း (၆၀) ကျော်အား ရွှေ့ပြောင်းရတော့မည်ဖြစ်ကြောင်း တန်ဖဲကျေးရွာသားတဦးက ပြောသည်။

၎င်းက “အိမ်ခြေ သုံးလေးထောင်ထက် မနည်း၊ လူဦးရေက သောင်းပိုင်းအထိ ရှိနိုင်တယ်။ လိမ္မော်ခြံတွေ၊ ၀ါးခြံတွေလည်း ပါတယ်။ လယ်တွေကလည်း အများကြီးပဲလေ။ လျော်ပေးမယ်ဆိုတာက မယုံကြည်ကြဘူး။ အားလုံးက စိတ်မကောင်း ဖြစ်နေကြတယ်။ လိမ္မော်ခြံတခြံဆို တနှစ်ကို သိန်းနှစ်ဆယ်လောက် ၀င်ငွေရှိနေတာ။ အဲဒါတွေ ဘယ်လောက် လျော်ပေးမယ်ဆိုတာ မသိရဘူး။ ဘယ်နေ့အပြီး ပြောင်းပေးရမယ်၊ ဘယ်ကို ပြောင်းပေးရမယ်ဆိုတာလည်း မပြောဘူး။ အခု တိုင်းတာတွက်ချက်တာတွေ လုပ်နေတယ်” ဟု ပြောသည်။

ယခုလ (၅) ရက်နှင့် (၆) ရက်က ကြိန်ခရန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသားများကို မြို့နယ်အာဏာပိုင်များနှင့် အေးရှားဝေါကုမ္ပဏီမှတာဝန်ရှိသူများက အစည်းအဝေးတရပ်ခေါ်ယူကာ နေအိမ်များရွှေ့ပြောင်းရန်ရှိသည့်အတွက် နစ်နာကြေးငွေပေးလျော်သွားမည်ဟု ပြောဆိုခဲ့သကဲ့သို့ (၆) ရက်နေ့အစည်းဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းကိုယ်တိုင်လာရောက်ကာ ကျေးရွာများရွှေ့ပြောင်းကြရန် ပြောဆိုခဲ့သည်ဟု အဆိုပါ တန်ဖဲကျေးရွာသားက ပြောသည်။

၎င်းက “တိုင်းမှူးက ကြိမ်ခရန် ကျေးရွာနားက တောင်ကုန်းမှာ ဘူဒိုဇာနဲ့ထိုးပြခိုင်းပြီး ဘယ်နေရာ ရွှေ့ရွှေ့ စိုက်ပျိုးလို့ ရနိုင်တယ်၊ အိမ်တွေဆောက်လို့ရတယ်ဆိုပြီး ပြောတာလေ။ အဲဒီမှာ ရွာသားတယောက်က ကျနော်တို့မှာ စိုက်ပျိုးဖို့ ပေါက်ပြားတောင် အနိုင်နိုင်ဖြစ်နေတာ၊ ဘူဒိုဇာဆိုတာ မရှိဘူးဆိုပြီး ပြန်ပြောသေးတယ်။ သူ့ကိုယ်တော့ ဘာမှ မလုပ်ပါဘူး။ တချို့ရွာသားတွေက အစည်းဝေးလာတာ အင်္ကျီတောင် ၀တ်မလာဘူး။ မကျေနပ်တဲ့အကြောင်း ပြတဲ့အနေနဲ့” ဟု ပြောသည်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံချက် ဖွင့်ပွဲအခမ်းအနားကို ၂၀၀၇ ခုနှစ်၊ မေလတွင် မြစ်ဆုံ၌ ကျင်းပခဲ့ပြီးနောက် ရေကာတာတည်ဆောက်မှုများကို စတင်ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြစ်ဆုံအောက်ပိုင်းရှိ ကျေးရွာများအား ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်။

မြစ်ဆုံရေကာတာစီမံကိန်းမှ ရေအားလျှပ်စစ် မီဂါဝပ် (၃,၆၀၀) ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပြီး အများစုကို တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် အဆိုပါစီမံကိန်းအား အေးရှာဝေါကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) တို့က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် သဘာပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ ကျေးရွာများ ရွှေ့ပြောင်းရမှု၊ ရေကာတာကျိုးပေါက်မည့် ဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်မှု စသည့်အချက်များကြောင့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် ဒေသခံတို့က မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပိုစတာကပ်ခြင်း၊ နံရံတွင် မှုတ်ဆေးသုတ်ခြင်း စသည့်လှုပ်ရှားမှုများ မကြာခဏပြုလုပ်ကာ ကန့်ကွက်နေကြသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers