www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

သူခိုးကလူလိုဟစ်နေပြီ

စစ်တပ်ရဲ့တာဝန်ဟာ ပြည်ပမှကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းပစ်ဖို့၊ စစ်တိုက်ဖို့ တာဝန်သာလျှင် အဓိကတာဝန်ဖြစ်သည်။ ထို့ကြောင့်စစ်ပညာကလွဲပြီး ဘာနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ပညာရပ်တွေကိုမှသင်ပေးခြင်းမရှိပါ။ စစ်တပ်က ရိုးရိုးစစ်သည်စစ်သားမှ ထိပ်ဆုံးကမှစစ်ဦးစီးချုပ်အထိ စစ်ပညာတွေကို သူ့အဆင့်နှင့်သူ လေ့လာဆည်းဖူး လုပ်ဆောင်နေရတာဖြစ်သည်။ ဒါတောင်မှ စစ်ရေးစစ်ရာများမှာ လိုအပ်ချက်တွေအများကြီး ရှိနေပါသေးသည်။ ဒါပေမယ့် စစ်တပ်ဟာ သူ့အလုပ်သူမလုပ်ဘဲ သူနဲ့မဆိုင်တဲ့ သူလုံးဝမကျွမ်းကျင်တဲ့ နိုင်ငံရေးမှာမှားယွင်းစွာ ၀င်ရောက်စွက်ဖက်ခဲ့တဲ့ 1961 ခုနှစ်မတ်လ (2) ရက်နေ့ ဗိုလ်ချုပ်နေ၀င်းကစပြီး ဒီနေ့ဒီအချိန်အထိနှစ်ပေါင်း (50) ကျော် စစ်တပ်က နိုင်ငံတော်ရဲ့အာဏာကို လက်နက် အားကိုးပြီး မတရားသိမ်းယူအုပ်ချုပ်ခဲ့လို့ တိုင်းပြည်ကြီးဟာ ဖွံ့ဖြိုးတိုးတက်လာမယ့်အစား ဆင်းရဲသည်ထက်ဆင်းရဲပြီး နောက်ဆုံးကျတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဘ၀ဆီကို မရောက်ချင်ဘဲနဲ့ရောက်သွားခဲ့ရတာ အားလုံးအသိကဘာသိဖြစ်ခဲ့ရပြီ။ တရားခံဘယ်သူလဲ။ စစ်တပ်ပေါ့။ သူနဲ့မဆိုင်တဲ့ သူလုံးဝမကျွမ်းကျင်တဲ့ အလုပ်ကို လုပ်နေဆဲမို့လို့ပါ။ 

ဘာဥပမာနဲ့အလားသဏ္ဍန်တူသလဲဆိုတော့ လယ်ထွန်တဲ့အလုပ်ဘဲ လုပ်တတ်တဲ့ လယ်သမားတွေကို ကွန်ပျူတာအခန်းမှာ အလုပ်လုပ်နေတဲ့ကျွမ်းကျင်သူတွေကို မောင်းထုတ်လိုက်ပြီး လယ်သမားတွေကို ကွန်ပျူတာနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ခိုင်းနေသလိုဖြစ်နေပါသည်။ ကွန်ပျူတာပညာမှမသင်ထား မလေ့လာထားတဲ့လူတွေ ဘာလုပ်တတ်မှာလဲစဉ်းစားကြည့်ကြပါ။ သူတို့တစ်တွေ စမ်းတ၀ါးဝါးနဲ့ မဆီမဆိုင်တဲ့ခလုတ်တွေကို လျှောက်နှိပ်နေကြတော့ နောက်ဆုံးရှိရှိသမျှကွန်ပျူတာတွေ ပျက်စီးသွားကြမှာ မြေကြီးလက်ခတ်မလွဲမဟုတ်ပါလား။ အခုဒီနိုင်ငံရဲ့ အဖြစ်အပျက်ဟာ အဲဒီလိုဖြစ်နေတာနှစ်ပေါင်း (52) နှစ်တိုင်တိုင်ကြာခဲ့ပြီလေ။ စစ်ပညာဘဲလေ့လာထားတဲ့လူတွေက နိုင်ငံရဲ့ဌာနတိုင်းလိုလိုမှာ ထင်သလို တတ်ယောင်ကားလုပ်ပြီး မဆိုင်တာတွေကို ညွှန်ကြားပြီးညွှန်ကြားနေတော့ ဒီတိုင်းပြည် မပျက်စီးဘဲနေပါ့မလား။ 

အဆိုးဆုံးကတော့ဗျာ -ပညာရေးမှာ မူလတန်းကနေတက်ကသိုလ်အထိ ညွှန်ကြားသာမကဘဲ အထက်တန်းကျောင်းအုပ်နေရာတွေအထိ ၀င်ရောက်လုပ်ကိုင်နေတာတွေ ဆေးဘက်ဆိုင်ရာတွေမှာ ညွှန်ကြားနေတာတွေနှင့် စီးပွားရေးဘက်တွေမှာ ညွှန်ကြားနေတာတွေဟာ အရမ်းရုပ်ဆိုးလွန်းပါတယ်။ ရှက်စရာလည်းကောင်းလှပါတယ်။ ပညာရေးတွေမှာဆိုရင် ငွေနဲ့ပေးဝယ်လို့ရတဲ့ဘွဲ့တွေ ဂုဏ်ထူးတွေက ဘယ်မှာမကြားဖူးမရှိဖူးတဲ့ဟာတွေဖြစ်ခဲ့ပြီလေ။ 

လူမှန်နေရာမှန်လုပ်နေတာတောင် တစ်ခါတစ်လေ လွဲချော်တတ်တဲ့ကြားက လူမမှန်နေရာမမှန်စနစ်နဲ့ မောင်းနှင်နေတဲ့ယန္တာယားကြီး မပျက်ဘဲဘယ်နေပါ့မလဲ။ 2010 ရွေးကောက်ပွဲမှာလည်း ကြိုတင်မဲဆိုတဲ့ခေါင်းစဉ်တပ်ပြီး မဲမနိုင်မခြင်း လိုသလောက် ဆာလာအိတ်ကြီးတွေနဲ့ သယ်လာတဲ့မဲပြားတွေနဲ့ လိမ်ညာယူပြီး အနိုင်မရရအောင်လုပ်ခဲ့လို့ တက်လာတဲ့သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေအများစုဟာ စစ်ဗိုလ်ချုပ်တွေကြီးဘဲဖြစ်နေပါသည်။ ဒါလည်းပဲတိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ယူမှုပါပဲ။ ထို့ကြောင့် ဥပဒေရှုထောင့် အဖက်ဖက်ကနေကြည့်ရင် တရားမ၀င်တဲ့  Defacto Government ပါပဲ။ Dejure Government လို့ခေါ်လို့မရသေးပါဘူး။ တစ်မျိုးပြော ရရင် ဥပဒေပြင်ပကလူတွေ အဓိကအုပ်ချုပ်နေတဲ့ အခြေအနေဖြစ်နေပါတယ်။ ဥပဒေဘောင်အတွင်း အရင်ဆုံးဝင်ရောက်လာရမယ့်လူတွေက တိုင်းပြည်ကို လက်နက်အားကိုးပြီး အာဏာသိမ်းယူအုပ်ချုပ်နေတဲ့ စစ်တပ်ကစစ်ဗိုလ်ချုပ်အုပ်စုတွေသာလျှင်ဖြစ်ပါသည်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေမဟုတ်ပါ။ သူတို့ဟာမိမိလူမျိုးအသီးသီးရဲ့ ဆုံးရှုံးနေတဲ့ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပါလီမန်မှာတရားဝင်တောင်းဆိုခဲ့တာမရခဲ့လို့ သူ့ရဲ့လူမျိုးကို အဖိနှိပ်မခံရအောင် ကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကိုင်ခဲ့ရခြင်းသာဖြစ်သည်။ စစ်ပွဲတွေဖြစ်ရတာလဲ ဗမာစစ်တပ်တွေက တိုင်းရင်းသားတွေရဲ့နယ်မြေတွေမှာ ၀င်ရောက်ကျူးကျော်လို့ မလွဲသာမရှောင်သာ၊ မိမိကိုယ်ကို ခုခံကာကွယ်ရုံမှတစ်ပါး ထိုးစစ်ဆင်တိုက်ခိုက်တာမရှိခဲ့ပါ။ လက်နက်အားကိုးပြီး မတရား အနိုင်ကျင့်တာတွေလဲမရှိခဲ့ပါ။ 

ဒီအဖွဲ့အစည်းတွေကို ဥပဒေပြင်ပကအဖွဲ့အစည်းတွေလို့ပြောလို့မရပါဘူး။ ဥပဒေဘောင်အတွင်း ၀င်ပါလို့ပြောတာလည်း တရားနည်းလမ်းမကျပါဘူး။ ဒါဟာသူခိုးကလူလိုဟစ်နေတယ်ဆိုတဲ့ အဖြစ်မျိုးဖြစ်နေပြီ။ ဘာဖြစ်လို့လက်နက်ဆွဲကိုင်ရတယ်ဆိုတာ အခုနအပေါ်မှာ ပြောပြခဲ့သည့်အတိုင်းဖြစ်ပါသည်။ ဗမာစစ်တပ်ဖက်က ဥပဒေကိုချိုးဖောက်ပြီး နိုင်ငံရဲ့ အချုပ်အချာအာဏာတွေကို မတရားလုယူခဲ့လို့ ဥပဒေချိုးဖောက်ခဲ့လို့ ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ နိုင်ငံရေးပြသာနာတွေသာလျှင်ဖြစ်ပါသည်။ ထို့ကြောင့် စစ်ဗိုလ်ချုပ်တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်ရောက်လာပြီး တိုင်းပြည်ရဲ့ အာဏာအ၀၀ကို မူလအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေရဲ့လက်ထဲ အပ်နှင်းလိုက်ပြီး မိမိရဲ့နေရာမှန်ဖြစ်တဲ့ စစ်တန်းလျားများဆီကို ပြန်သွားကြရင် ဒီတိုင်းပြည်ကြီးဟာ နေ့ချင်းညချင်းဆိုသလို ပြသာနာအလုံးစုံကနေ ကင်းဝေးလွတ်မြောက်လာပြီး ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်လို့ ပြောကြားလိုပါတယ်။ မတရားအုပ်ချုပ် မင်းလုပ်နေတဲ့အစိုးရအဖွဲ့ အမြန်ဆုံးကျဆုံးသွားပြီး တိုင်းပြည်နဲ့ပြည်သူတွေကို မှန်မှန်ကန်ကန်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့တွေ အမြန်ဆုံးပေါ်ပေါက်လာပါစေလို့ ဆုတောင်းရင့်း့ 

ပြည်သူ့တမာန် 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers