www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကချင်ပြည်သူလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသတင်းထုတ်ပြန်ချက်

နေ့စွဲ။   ။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်
မြစ်ကြီးနားမြို.၊ ကချင်ပြည်နယ်

၁။ နိုင်ငံတော်အစိုးရနှင့် KIO တို့အကြား ချုပ်ဆိုခဲ့သည့် ၁၉၉၄ ခုနှစ်၊ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် သည် (၁၇) နှစ်ကြာပြီးသည့်နောက် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်  ပျက်ပြားခဲ့ပြီး တိုက်ပွဲများပြန်လည်စ တင်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ နှစ်နှစ်တာ ကာလအတွင်း  နိုင်ငံတော်အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ်ပေါင်း ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဖက်စစ်ရှိန်လျှော့ချရန်နှင့် စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်ဦးတည်၍ ၂၀၁၃ ခု နှစ်၊ မေလ (၃၀) ရက်နေ့ မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် ကျင်းပခဲ့သောဆွေးနွေးပွဲတွင် အချက် (၇) ချက်ပါ သဘောတူညီချက်တစ်ရပ်ကို    လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ အဆိုပါသဘောတူကြေညာချက် ၏ အပိုဒ် (စ) တွင် “လိုအပ်သော လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်၊” ဟု ပါရှိသည်နှင့်အညီ Technical Team ဖွဲ့စည်းရန်နှင့် ကဏ္ဍအလိုက်လိုအပ်သော (Thematic Area) နည်းပညာပိုင်းဆိုင်ရာ  ပံ့ပိုးရ ရှိနိုင်မှုများအပါအဝင် ကချင်ပြည်သူလူထုမှ လိုလားတင်ပြချက်များကို စုစည်းသိရှိနိုင်ရန်အတွက် ကချင်အရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊  ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၊ ကချင်ပြည်သူများနှင့် မြို့မိမြို့ဖများ၊ လူထုကိုယ်စား ပြုခေါင်းဆောင်များ ပါဝင်တက်ရောက်သည့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက် မှ ၁၀ ရက်နေ့အထိ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ လူထုတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များမှာ -
-          ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကချင်ပြည်သူများအနေဖြင့် စစ်မှန်တရားမျှတ၍ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် မိမိတို့၏ရပ်တည်ချက်နှင့် ပါဝင်နိုင်သည့်အခန်း ကဏ္ဍကို သိရှိနားလည်စေရန်၊
-          Technical Advisory Team (Machyoi Hpung Rapdaw) ဖွဲ့စည်းရခြင်းအကြောင်းကို သိရှိနားလည် စေရန်၊
-          အနာဂတ်တွင်ပြုလုပ်မည့် နိုင်ငံရေး/ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူ လူထု၏ လိုအပ်ချက်သဘောထားအမြင်များအား စုစည်းသွားရန်၊

၃။ တွေ့ဆုံဆွေးနွေးပွဲကို ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးတော်ဆောင်အဖွဲ့ (Peace-talk Creation Group)၊ နှင့် ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ကချင်အရပ်ဘက်/လူထုအခြေပြု/ အစိုးရမဟုတ်သောလူမှုအဖွဲ့အစည်း (၃၂) ဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့ (၁၂) ဖွဲ့အပါအဝင် သတင်းမီဒီယာ (၄) ဖွဲ့၊ စုစုပေါင်း အဖွဲ့အစည်း (၄၈) ဖွဲ့အား ကိုယ်စားပြုတက်ရောက်သူများ နှင့် တစ်သီးပုဂ္ဂလတက်ရောက်သူပေါင်း ကျား (၂၁၆) ဦး၊ မ (၅၉) ဦး၊ စုစုပေါင်း (၂၇၅) ဦး တက်ရောက်ခဲ့ကြပါသည်။

၎။ တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) အနာဂတ်တွင်ပြုလုပ်မည့် နိုင်ငံရေး/ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူ လူထုမှ ထည့်သွင်းဆွေးနွေးစေလိုသည့် လိုအပ်ချက်နှင့် သဘောထားအမြင်များကို ကဏ္ဍအလိုက်ခွဲ၍ စုစည်း တင်ပြခဲ့သည်။
(ခ)  ဆွေးနွေးချက်များထဲမှ လတ်တလော ဦးစားပေး ဆွေးနွေးဖြေရှင်းပေးစေလိုသည့်အချက်များကို ကဏ္ဍ အလိုက် ရွေးချယ်သဘောတူ ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
(ဂ)  ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ဦးစားပေးဆွေးနွေးဖြေရှင်းရန်လိုအပ်သည့် ကဏ္ဍအ လိုက် လက်ရှိလုပ်ဆောင်နေသည်များနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုပေးနိုင်သည့် အဖွဲ့အစည်း များ၊ တစ်သီးပုဂ္ဂလပညာရှင်များကို စုစည်းဖော်ထုတ်ပြီး လိုအပ်ချက်ရှိနေသေးသည့် ကဏ္ဍများ၊ အရင်း အမြစ်များကို ဆွေးနွေးဖော်ထုတ်ခဲ့သည်။
(ဃ) ကချင်ပြည်သူလူထုအနေဖြင့် ၄င်းတို့တင်ပြဆွေးနွေးလိုသည့် လိုအပ်ချက်သဘောထားအမြင်များကို ကဏ္ဍအလိုက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုပေးနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များဖြင့် မည်သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည် ဟူသည့် ဆက်သွယ်ရေးနည်းလမ်းများကို ဖော်ထုတ်ဆွေးနွေးခဲ့သည်။
(င)  ရွေးချယ်သတ်မှတ်ခဲ့သည့် ကဏ္ဍအလိုက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်မူကြမ်း ကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

ကချင်ပြည်သူလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ

အသေးစိတ်အချက်အလက်များသိလိုလျှင် ဆက်သွယ်ရန် -
၁။ ဦးလမိုင်ဂွမ်ဂျာ - ၀၉၄၇၀၀၆၆၆၈
၂။ ဦးအင်ရှန်ဆန်အောင် - ၀၉၂၄၀၀၃၀၈
၃။ ဒေါ်မရန်ဂျာဆိုင်းခေါန် - ၀၉၅၀၂၆၉၅၃

၎။ ဦးလဘန်ဂမ်အောင် - ၀၉၄၇၀၀၂၈၂၆၊ ၀၇၄-၂၂၈၂၉
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers