ကဗျာမဟုတ်သော မှတ်တမ်း
လပ်ဂီဂေါ့မော့ ချန်းယိန်းရယ်
မင်း အာဇာနည် ဖြစ်တာနဲ့
ဒို့ပြည်တွင်း စစ်ဖြစ်တာ
ဒီနေ့ဆယ့်ကိုးလ ပြည့်ပြီနော်။
ဒို့တတွေ ခံစစ်အနေအထားနဲ့
မတရားစစ်ကို ခုခံနေရတယ်ကွဲ့။
ဒီနှစ်လအတွင်း ပြည်တွင်းစစ်ဟာ
အမြင့်ဆုံး အဆင့် သို့ ထိုးတက်သွားလေရဲ့။
အစိုးရစစ်တပ်ဟာ လုံးဝမလျှော့ဘူး။
တဆင့်ပြီးတဆင့် ကမ္ဘာ့အဆင့်မက
ပြည်တွင်းစစ်ကို တိုးချဲ့လိုက်တယ်။
စိတ်ကြွတက်ဆေး သုံးထားတဲ့
ရဲဘော်သောင်းကြီး ဂဏာန်းနဲ့ပေါ့။
ဒို့ရဲ့ ခရစ္စမတ်ပွဲတော် ချိန်မှာ
မငြိမ်မသက် ဖြစ်အောင်
သမင်သက်သက် အမြှောက်တွေနဲ့
နှောက်ယှက်ပစ်ခတ် ပေးကြတယ်။
လိုင်ဇာကို လေယာဉ် အကြီးအငယ်နဲ့
တိုက်လေယာဉ် ဂျက်ပါသုံးကြတယ်။
မကြာခဏ တိုက်ပွဲတွေမှာ
အဆိပ်ငွေ့တွေ ချပေးကြတယ်။
ဒါတောင် အားမလိုအားမရဖြစ်ပြီး
အပျက်သဘော မန်းမှုတ်ထားတဲ့
အယုတ်တကာ့ အယုတ်ကိုဖေါ်ဆောင်ပြီး
လိုင်ဇာမြို့ပေါ် လေယာဉ်နဲ့
ဆင်ရုပ်ရောင်စုံတွေ ချပေးကြတယ်။
စစ်အစိုးရဟာ ကချင်ကို
သဲကြီးမဲကြီး ရန်မူနေတော့တယ်။
တောဘက် စစ်မျက်နှာမှာ မီးကုန်ယမ်းကုန်
အကြီးအကျယ် တိုက်ခိုက်နေသလို
မြို့ဘက်မှာလည်း အပြစ်မရှိတဲ့
ကချင်ပြည်သူတွေကို မသင်္ကာဘူးဆိုပြီး
အသေရိုက်သတ် ပေးကြတယ်။
နှစ်သစ်မှာ မာရှယ်လောဆိုပြီး၊
ဘုရားကျောင်းကအပြန်
ဖမ်းဆီးဖျောက်ဖျက် ကြတယ်။
အချုပ်ထဲထည့် ကြတယ်။
ငွေနဲ့ပြန်လည်ရွေးစေတယ်။
လပ်ဂီဂေါ့မော်ချိန်းယိန်းရယ်….
ဆယ့်ကိုးလအတွင်း မြန်မာပြည်မှာ၊
အခြားဘာမှ မတိုးတက်လာဘဲနဲ့
စစ်ရေးစစ်ရာ ကရိယာတွေ စစ်ပွဲတွေဘဲ
အဆမတန်တိုးတက် လာတော့တယ်။
အောက်ပြည်မှာကော ဘာတွေတိုးတက်လဲ?
မမေးပါနဲ့ ချိန်းယိန်းရယ်…..
တဖွဲ့ပြီးတဖွဲ့ ပြင်းပြင်းထန်ထန်
ဆန္ဒပြပွဲတွေဘဲ တိုးတက်နေတော့တယ်။
ပြည်သူတွေ အလွန့်အလွန်
အားကိုးအားထား ကြရှာတဲ့
ဒေါ်အောင်ဆန်းစုကြည် လည်း
ဘာမှမကူညီ နိုင်ရှာတော့
ဘဲဥအစရှာမရ ဖြစ်နေရှာလေရဲ့။
ဆယ့်ကိုးလအတွင်း မှတ်တမ်းကတော့
“မသမာနည်း” တိုးတက်ခြင်း ပါဘဲ ချန်းယိန်းရယ်…..။
မနောမြေ - စိန်
မင်း အာဇာနည် ဖြစ်တာနဲ့
ဒို့ပြည်တွင်း စစ်ဖြစ်တာ
ဒီနေ့ဆယ့်ကိုးလ ပြည့်ပြီနော်။
ဒို့တတွေ ခံစစ်အနေအထားနဲ့
မတရားစစ်ကို ခုခံနေရတယ်ကွဲ့။
ဒီနှစ်လအတွင်း ပြည်တွင်းစစ်ဟာ
အမြင့်ဆုံး အဆင့် သို့ ထိုးတက်သွားလေရဲ့။
အစိုးရစစ်တပ်ဟာ လုံးဝမလျှော့ဘူး။
တဆင့်ပြီးတဆင့် ကမ္ဘာ့အဆင့်မက
ပြည်တွင်းစစ်ကို တိုးချဲ့လိုက်တယ်။
စိတ်ကြွတက်ဆေး သုံးထားတဲ့
ရဲဘော်သောင်းကြီး ဂဏာန်းနဲ့ပေါ့။
ဒို့ရဲ့ ခရစ္စမတ်ပွဲတော် ချိန်မှာ
မငြိမ်မသက် ဖြစ်အောင်
သမင်သက်သက် အမြှောက်တွေနဲ့
နှောက်ယှက်ပစ်ခတ် ပေးကြတယ်။
လိုင်ဇာကို လေယာဉ် အကြီးအငယ်နဲ့
တိုက်လေယာဉ် ဂျက်ပါသုံးကြတယ်။
မကြာခဏ တိုက်ပွဲတွေမှာ
အဆိပ်ငွေ့တွေ ချပေးကြတယ်။
ဒါတောင် အားမလိုအားမရဖြစ်ပြီး
အပျက်သဘော မန်းမှုတ်ထားတဲ့
အယုတ်တကာ့ အယုတ်ကိုဖေါ်ဆောင်ပြီး
လိုင်ဇာမြို့ပေါ် လေယာဉ်နဲ့
ဆင်ရုပ်ရောင်စုံတွေ ချပေးကြတယ်။
စစ်အစိုးရဟာ ကချင်ကို
သဲကြီးမဲကြီး ရန်မူနေတော့တယ်။
တောဘက် စစ်မျက်နှာမှာ မီးကုန်ယမ်းကုန်
အကြီးအကျယ် တိုက်ခိုက်နေသလို
မြို့ဘက်မှာလည်း အပြစ်မရှိတဲ့
ကချင်ပြည်သူတွေကို မသင်္ကာဘူးဆိုပြီး
အသေရိုက်သတ် ပေးကြတယ်။
နှစ်သစ်မှာ မာရှယ်လောဆိုပြီး၊
ဘုရားကျောင်းကအပြန်
ဖမ်းဆီးဖျောက်ဖျက် ကြတယ်။
အချုပ်ထဲထည့် ကြတယ်။
ငွေနဲ့ပြန်လည်ရွေးစေတယ်။
လပ်ဂီဂေါ့မော်ချိန်းယိန်းရယ်….
ဆယ့်ကိုးလအတွင်း မြန်မာပြည်မှာ၊
အခြားဘာမှ မတိုးတက်လာဘဲနဲ့
စစ်ရေးစစ်ရာ ကရိယာတွေ စစ်ပွဲတွေဘဲ
အဆမတန်တိုးတက် လာတော့တယ်။
အောက်ပြည်မှာကော ဘာတွေတိုးတက်လဲ?
မမေးပါနဲ့ ချိန်းယိန်းရယ်…..
တဖွဲ့ပြီးတဖွဲ့ ပြင်းပြင်းထန်ထန်
ဆန္ဒပြပွဲတွေဘဲ တိုးတက်နေတော့တယ်။
ပြည်သူတွေ အလွန့်အလွန်
အားကိုးအားထား ကြရှာတဲ့
ဒေါ်အောင်ဆန်းစုကြည် လည်း
ဘာမှမကူညီ နိုင်ရှာတော့
ဘဲဥအစရှာမရ ဖြစ်နေရှာလေရဲ့။
ဆယ့်ကိုးလအတွင်း မှတ်တမ်းကတော့
“မသမာနည်း” တိုးတက်ခြင်း ပါဘဲ ချန်းယိန်းရယ်…..။
မနောမြေ - စိန်
