အခြားနည်းလမ်း မရှိ
လိုင်ဇာကို သိမ်းနိုင်ရင် ကချင်ဒေသ စစ်ပွဲတွေ ပြီးသွားလိမ့်မယ်လို့ ခပ်ရိုးရိုး အမြင်ရှိနေတယ်ဆိုရင် မှားတယ်လို့ ပြောချင်ပါတယ်။ လိုင်ဇာကို သိမ်းလည်း ကချင်တော်လှန်ရေး ဆိုတာ ရှိနေမှာပဲ။ ကချင် တော်လှန်ရေး သမားဆိုတာ ရှိနေမှာပဲ။
ကုန်ကုန် ပြောရရင် ကေအိုင်အို၊ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းလည်း... ကချင်တော်လှန်ရေး ဆိုတာ ရှိနေမှာပဲ။ ကချင် တော်လှန်ရေး သမားဆိုတာ ရှိနေမှာပဲ။
ကချင်ဒေသမှာ စစ်ပွဲတွေ ပြီးသွားဖို့ ၂ နည်းပဲ ရှိတယ်။
ပထမ နည်းက... "နိုင်ငံရေးအရ ဖက်ဒရယ်မူ" အထိ ဖြစ်လာအောင် နိုင်ငံကို တည်ထောင်တဲ့ နည်းဖြစ်ပြီး
ဒုတိယ နည်းကတော့... "ကမ္ဘာပေါ်မှာ ကချင် တစ်ယောက်မှ မကျန်အောင် အကုန်လုံး ရှင်းမယ့် နည်း" ပဲ ဖြစ်တယ်။
အဲဒီ နှစ် နည်းထဲက တစ်နည်းနည်းကို မသုံးဘဲ ကချင်ဒေသ ငြိမ်းချမ်းရေး ရဖို့... စစ်ပွဲတွေ ပြီးဖို့ကတော့ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။
အပစ်အခက် ရပ်ရေး စာချုပ် ချုပ်လည်း ပျက်မှာပဲ။
ငြိမ်းချမ်းရေး ဆွေးနွေးလည်း ပျက်မှာပဲ။
ငြိမ်းချမ်းရေး သဘောတူလည်း ပျက်မှာပဲ။
လိုင်ဇာကို သိမ်းလည်း စစ်က ဆက်ဖြစ်နေမှာပဲ။
စစ်တပ်က နောက်ဆုတ်လည်း လက်နက်ကိုင် တော်လှန်ရေးက ရှိနေမှာပဲ။
ယူအန်က ငြိမ်းချမ်းရေး တပ်တွေ လာချထားမယ်ဆိုလည်း တော်လှန်ရေးက ရှိနေမှာပဲ။
လက်နက်ကို သုံးပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုတိုင်းဟာ... နောက်ဆုံးမှာ လက်နက်ကိုင် တိုက်ပွဲ ရှိစမြဲဆိုတာ ... မြန်မာတနိုင်ငံတည်း မဟုတ် ... ကမ္ဘာတဝှမ်းမှာ သမိုင်းသက်သေ အကြိမ်ကြိမ် ပြခဲ့ပြီးပြီ။
ပြည်တွင်း စစ်မှာ "ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်" ဆိုတာကို မယုံကြည်ဘူး။
ဒါကြောင့် အထက်ပါ ၂ နည်းထဲက ဒုတိယနည်း ဖြစ်တဲ့ "ကမ္ဘာပေါ်မှာ ကချင် တစ်ယောက်မှ ကျန်အောင် ရှင်းပစ်တဲ့ နည်း" ဟာ မဖြစ်နိုင်တာကြောင့် ... ပထမ နည်းဖြစ်တဲ့ " နိုင်ငံရေးအရ ဖက်ဒရယ်မူ" အထိ ဖြစ်လာအောင် လုပ်နိုင်တဲ့ နည်းကလွဲလို့ အခြားနည်း မရှိဘူးလို့ ယုံကြည်မိပါတယ်။
(ကိုထိုက်)
