www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပြောပါရစေ

-      သူ့အကြောင်းအမှန် ပြောပါရစေ။
-      ၁၉ ရက်က လဂျားယန်စစ်ရေး အကွက်ချ၊ စစ်ရေးကစားဖို့ သူခဏဇိုက်လုပ်တာဗျ။
-      ထိုနေ့က နမ်ဆန်ယန်မှာ ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် ကျည်ဆံနဲ့ရိက္ခာပို့ဆောင်သိုလှောင်ခဲ့တယ်။
-      သူ့ရဲ့ အကြံအစည်က ၊ ဒီဘက်မှာ စခန်းသိမ်းတာ အနည်းငယ် နောက်ကျပေမဲ့ ၊ ၁၉-၂၀ အစည်းအဝေးမှာ၊ အပိုင်တွက်ပြီး ရဲရဲတင်းတင်း “အပစ်အခတ် ထိုးစစ်ရပ်ပြီ” လို့၊ မျက်နှာပြောင်နဲ့ ကြိုတင် ကြေငြာထားခဲ့တယ်။
-      ဒါကြောင့် သူ့အပြောနဲ့အလုပ် ညီအောင်၊ သူ့အကြံအစည်က ၂၄ နာရီအတွင်း၊ လိုင်ဇာ၊ ပန်ဝါ၊ ဖါးကန့် ဤ ၃ဒေသကို မရ ရတဲ့နည်းနဲ့ လူအင်အား၊ လက်နက်အင်အား၊ ငွေအင်အားကြီးမားစွာ အရှုံးခံပြီးတော့၊ ရဲရင့်ပြတ်သားစွာ ထပ်ပြီးကြေငြာ အုံးမယ်ပေါ့။

-      ၂၀ ရက်နေ့က ရန်ကုန်မှာ စည်းဝေးနေစဉ် ခယာဘက်မှာ အပြင်းအထန်ထိုး စစ်ဆင်နေခဲ့တယ်။
-      သူအဲဒီလို ခိုးဖှိုက်နေတာ ဘယ်သူမှ မသိဘူးထင်နေခဲ့တယ်ထင်ပါရဲ့။
-      ဘယ်သူဘာပြောပြော ၊ ငါလုပ်ချင်တာ လုပ်လို့ရရင် ပြီးရော သဘောဆောင်နေတဲ့သူပါ။
-      ကမ္ဘာကို မခန့်လေးစား ၊ လိမ်လည်လှည့်ဖျား ၊ မကောင်းဆိုးဝါး အကြံအစည်ရှိသူ အမှန်ပါ။
-      ပြီးတော့ သူမကောင်းလုပ်တာ အကုန် KIO/KIA ကို ပုံချတော့တာဘဲ။
-      အဲ - တခုတော့ကျန်လေရဲ့ ။ “မဟာ မုဒိမ်းမှုကြီး” လေ။ ဒါနဲ့ ပတ်သက်ပြီး တိတ်တိတ် နေပုံထောက်တော့ ၊ ဝန်ခံတဲ့ သဘောရှိပါတယ်။ ဒါလေးတော့ဝန်ခံရှာသားဘဲ။

-      နောက်ပိတ်ပြောချင်တာက ၊ သူ ကချင်ကို အကြံကုန် ဥာဏ်ကုန်၊ အိတ်သွန်ဖါမှောက် စိတ်ကြိုက် အပျက်သဘော နည်းတွေသုံးပြီး အနိုင်ရစေ အုံးတော့ ၊ တဖက်မှာ များစွာသူ ဆုံးရှုံးပြီးနေပြီ၊ ဘာအမြတ်မှ မရတဲ့အပြင်၊ KIO ဆိုတာ ပိုပြီးတောင် ပွားပေအုံးတော့မယ်လို့ကမ္ဘာကပြော စမှတ်ပြု ကြပါ တော့ မယ်။

-      ရှေ့ဖြစ်မယ့် သူ့အနာဂါတ်ကို မြင်ယောင်နေမိပါတယ်လေ။
                                                                             မနောမြေ - စိန်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers