www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဘွမ်တောင် စခန်းတွင် ဗမာစစ်သား (၁၀) ဦးကျေသေဆုံး Tuesday, December 18, 2012

ဘွမ်တောင် စခန်းတွင် ဗမာစစ်သား (၁၀) ဦးကျေသေဆုံး

ဒီဇင်ဘာ (၁၈) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေအိုင်အေ တပ်ရင်း (၃) ဒေသ ကန်ပိုင်တီ သွားလမ်း၊ အရင် ကေအိုင်အေ တပ်စခန်းဖြစ်ပြီး ဗမာစစ်အစိုးရ စစ်တပ်မှ သိမ်းပိုက်ယူထားသော ဘွမ်တောင်စခန်းတွင် ဒီဇင်ဘာ (၁၈) ရက်နေ့ မနက် (၆း၅၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ဤဘွမ်တောင်တွင် ဂိတ်စခန်း ဖွင့်လှစ်ကာ ခရီးသွားပြည်သူများထံမှ မတရား ငွေကြေးကောက်ခံသော နေရာဖြစ်ပြီး၊ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ အဝေးထိန်း မိုင်းဖြင့် သွားရောက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဂိတ်စခန်းနှင့်အတူ ဗမာစစ်သား (၃) ဦး တစ်စစီပေါက်ခွဲသွားကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဗမာဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်ကူရောက်လာသော ဗမာစစ်တပ်နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ကေအိုင်အေမျိုးချစ်ရဲဘော်များမှ မိုင်းများနှင့် ကေအိုင်အေလုပ် KRL လက်နက်များဖြင့် တိုက်ခိုက်ခဲ့ရာ ဗာမာစစ်သား (၁၀) ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။ ဒဏ်ရာရရှိသော ဗမာစစ်သားများကို ဒိုင်နာကားဖြင့် လာရောက်တင်ဆောင်သွားခဲ့ကြောင်း ကိုလည်း ဆက်လက် သိရှိရပါသည်။

There was a battle between KIA troops and Burmese military army in Bum Tawng post, it is the way to Kanpaiti and under KIA (5th) Brigade area, and which has been taken by Burmese Government army from KIA and it is on, at 06:50 AM 18th December according to the KIA front line officer report. Actually, Burmese army has taken money forcefully from the innocent traveler from that post, thus KIA exploded using with remote controlled mine and (3) Burmese soldiers killed in that explosion. Moreover, KIA opened fire again with Burmese army which was aimed to help at Bum Tawng event, KIA soldiers used and fired with KIA’s made KRL weapons, at least (10) Burmese soldiers were died  and many soldiers were injured  in that battle and wounded soldiers were carried with Dinar car.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers