www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
နယ်ခြားမှတ်တိုင် (၆) အနီးမှ ဗမာအစိုးရ တပ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက် Tuesday, December 18, 2012

နယ်ခြားမှတ်တိုင် (၆) အနီးမှ ဗမာအစိုးရ တပ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

ဒီဇင်ဘာ (၁၈) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အို အစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၃၃) နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၆) အနီးရှိ ဗမာအစိုးရ အမှတ် (၅၊၆) ဟု အမည်ပေးထားသော တပ်စခန်းကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဒီဇင်ဘာ (၁၈) ရက် နေ့လည်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော် များမှ ဤဗမာတပ်စခန်းကို ဒီဇင်ဘာ (၁၆) ရက်နေမှ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် တိုက်ခိုက်ခြင်းကို နားထားပြီး ယနေ့မနက်တွင် ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အသေးစိတ် သတင်းများကို သိရှိနိုင်ရန်း ဆက်လက်စုံစမ်းလျက်ရှိပါသည်။

Kachin patriotic army occupied at Burmese Army post number 5 and 6, it is near Kachin and China boarder post No. (6) which is under KIA (33) battalion, KIA 1st Brigade area on 18th December noon according to the KIA front line officer report.  Actually, KIA troops started to fight these post from 16th December but ceased fire 17th December the whole day and fought again this morning and occupied these posts. Detail information is not coming yet.
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers