လဂျားယန်နှင့် နားလုံတွင် တိုက်ပွဲပြင်းထန်နေ
ဒီဇင်ဘာ (၁၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း၊ လဂျားယန် နှင့် နားလုံကျေးရွာတွင် ယနေ့မနက် (၃း၀၀) နာရီအချိန်ခန့်မှ ကေအိုင်အေ ဗဟိုလုံခြုံရေးတပ်မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေလျက် ရှိကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ နှင့် ဗမာစစ်တပ် နှစ်ဘက်စလုံးမှ စစ်အင်အား အများအပြား အသုံးပြုကာ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက် နေကြကြောင်း၊ ယခု သတင်းရေးသားချိန် အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း သတင်းရရှိပါသည်။There was a severe battle between KIA central security troops and Burmese Government army at 03:00 AM in La Ja Yang and Na Lung, it is on the Myitkyina and Ba Moh road, which is under KIA (5th) Brigade area according to the KIA front-line officer report. Both of these troops used many soldiers and weapons and fought severely up to now of writing the news.
