www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပုံပြင်မဟုတ်

    အဖြစ်ကို ပြောရမယ်ဆိုရင၊်
ငါဆွမ်လွတ် ရွယ်ဂျားပါ။
မနှစ်ကအောက်တို ဘာလမှာ၊
ငါ့အိမ်ထောင် ပြိုကွဲခဲ့ရတယ်။
ဆယ်သက်မမေ့နိုင်ဘူး။
ငါ့မှာ - ယောက်ျားနဲ့သားနဲ့ အဂူးနဲ့
မိသားစုတခုရှိတယ်၊
အဂူးဟာ ငါ့အဖေအရင်းလိုပါဘဲ။
အဂူးဆိုတာ- သားရဲ့အဖိုးကိုပြောတာပါ။
ငါတို့မိရိုးဖလာ လုပ်ငန်း
တောင်ယာစိုက်ပျိုးခြင်းနဲ့
အသက်ဝမ်းကျောင်းကြတယ်။
ငါတို့ဘဝမှာ ဆင်းရဲပေမယ့်ငြိမ်းချမ်းကြတယ်။
သို့သော်လည်း-
မနှစ်တုန်းက တနေ့သောအခါ၊
ဒို့မိသားစုဆီ ကြမ္မာဆိုးကြီးဝင်လာတယ်။
ဇနီးမောင်နှံပြောင်းဆံတွေထမ်းလို့၊
နို့စို့သားငယ်ကို အဂူးကပိုးခဲ့တယ်။
မမျှော်လင့်ဘဲတောလမ်းထဲမှာ
ဗမာစစ်သား တအုပ်နဲ့ တွေ့ခဲ့ကြတာ၊
ကျားတအုပ်နဲ့တွေ့ ရသလိုဘဲ။
စစ်သားတအုပ်က ကျားထက်ဆိုးခဲ့တယ်။
သူတို့ ဒို့ကို လိုက်ဖမ်းလုယက်ကြတယ်။
ပြေးနိုင်တဲ့ ငါ့ယောက်ျား၊
ငါ့သားနဲ့ အဖိုးတို့လွတ်မြောက်ပေမယ့်၊
မပြေးနိုင်တဲ့ ငါ့မှာ ဒုက္ခနဲ့ကြုံရတော့တယ်။
ငါ့ကို အတင်းအဓ္ဓမဝိုင်းပြီး
မြင့်မှားတဲ့ကျောက်တောင် မုဘွမ်ဆီ
ကျားဆွဲသလိုဆွဲသွားကြတယ်။
ငါ့ကို တစစီ ဆွဲဖြဲကြတယ်။
ဝတ်လစ်စလစ်နဲ့ ကြိုက်သလို
မုဒိမ်းမှု ပြု ကြတယ်။
ကျားနဲ့တူတဲ့ဗမာစစ်သားတွေ၊
တကောင်ပြီးတကောင်ပါဘဲ။
နေ့တိုင်းကျောက်ဖျာ ပေါ်မှာ
ငါ့ကိုဝတ်လစ်စလစ်နဲ့ နေပြကြတယ်။
ဆွဲထုတ်လိုက် ဆွဲခေါ်လိုက်နဲ့ပြုကြတယ်။
ငါ့အဝတ်တွေလည်းပျောက်သွားတယ်။
ကြွက်ကလေးတကောင် ဖမ်းမိတဲ့
ကြောင်မိသားစု လိုပါဘဲ။
ပုတ်လိုက်ကန်လိုက် ပစ်မြှောက်လိုက်
ကိုက်လိုက် ဆွဲလိုက် ခုန်အုပ်လိုက်
ပြုလိုက်နဲ့ - ဆော့ကစားကြတယ်။
ဆက်ဦးမည်
                                                                                 မနောမြေ - စိန်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers