www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် တွေ့ဆုံခြင်း Thursday, November 01, 2012

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် တွေ့ဆုံခြင်း

(KIO ကိုယ်စားလှယ်အဖွဲ့ဝင်
ဦးဂျီးနောင်
)
တပ်ကိစ္စဆိုတာက ကျွန်တော်တို့ဆွေးနွေးဖို့ အာဂျင်ဒါတစ်ခုမှ မသိရပါဘူး။ တပ်ကိစ္စလုပ်ဖို့ အတွက်ပဲဖြစ်ပါတယ်။ တပ်ကိစ္စဆိုတဲ့ နေရာမှာမူဘောင်ရှိရပါမယ်။ ဥပမာ ဆိုရင် ကျွန်တော်တို့အရင် ဆွေးနွေးပွဲ တုန်းက တင်ထားတဲ့ပြဿနာ ဖြစ်ပွားနိုင်သောဒေသများ၊ အဲဒီကိစ္စမှာ ဘောင်မရှိဘဲနဲ့ ဟိုတပ်ဆုတ်၊ ဒီတပ် ဆုတ်နဲ့တော့ မပြီးနိုင်ပါဘူး။ အဲဒီ တော့ပေါ်လစီရှိရမယ်။ ဘောင်ရှိရ မယ်။ ဘောင်ထဲမှာ ဆွေးနွေးဖို့ဆိုရင် နိုင်ငံရေး အဓိကဆွေးနွေးရမှာပဲ။ အဲဒီမှာမှ IDP ကိစ္စ၊ လမ်းတံတား ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ တပ်ကိစ္စတွေ က အဓိကဆွေးနွေးရမှာ ဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက စောစောကအဖွဲ့ခေါင်းဆောင် ဦးအောင် မင်းပြောတယ်။

၁၀၅ ပစ်တယ်ဆို တာ ကာကွယ်ရေးကအမိန့်ပေးမှ ရတယ်။ မြေပြင်မှာက တွေ့နေရ တယ်။ မြင်နေရတယ်။ လုပ်နေရ တယ်။ အဲဒါကျတော့ ဘယ်လိုမှ ဆက်စပ်လို့မရနိုင်တဲ့ အဖြစ်အပျက် တွေ။ နောက်ပြီး ရိက္ခာပို့တာပါ။ လမ်းမှာဖြတ်တိုက်တယ်။ သူတို့ပို့တဲ့ ရိက္ခာသည် အကြီးကြီးဖြစ်ပါတယ်။ ကြီးမားတဲ့သေနတ်တွေ ဖြစ်ပါ တယ်။ ကျွန်တော် ပြောချင်တာက ၈၁ မမ မော်တာတွေ၊ ၆၀ မမတွေ၊ ၅၇ တွေ ကျွန်တော် မပြောချင်ဘူး။ ကမ္ဘာစစ်ဖြစ်တဲ့အခါ သုံးနိုင်တဲ့ နိုင်ငံအချင်းချင်းစစ်ဖြစ်တဲ့အခါ သုံး နိုင်တဲ့ လက်နက်တွေပါ။ သူတို့က အဲဒါပို့ပါတယ်။ သူတို့ပို့တဲ့ ရိက္ခာ ကြီးလွန်းပါတယ်။ ရိက္ခာပို့တယ် ဆိုရင် အရပ်သားအနေနဲ့က ဆန်၊ ဆီ၊ ဆားပို့တယ်ထင်ပါတယ်။မ ဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပစ်နေ တဲ့လက်နက်တွေ။ အဲလိုမျိုး နောက် ကြောင်းမှာပစ်နေရင် ဦးစီးချုပ်က မလာနိုင်ဘူး။ အခုလောလောဆယ် မနေ့က(အောက်တိုဘာ ၂၉) ရက်နေ့ က စပြီး ရှမ်းပြည်မှာရှိတဲ့ တပ်ရင်း (၉) ကို ရှမ်းမြောက်တပ်က ၀ိုင်းပိတ် ဆို့ပြီးတော့ တိုက်တယ်။ အခုချိန် ထိတိုက်နေတုန်းပါ။ ကျွန်တော်တို့ ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် လာချင်ပါ တယ်။ ဒါပေမဲ့ သူက ညွှန်ကြားရတဲ့ သူတစ်ယောက် ဖြစ်တော့ သူ့အနေ နဲ့ ၀ိုင်ယာလက်စ်ပေါ်ကနေခွာလို့ မရပါဘူး။ မိအေးအော်တာပဲ ကြားပါတယ်။ ဂဏန်းကိုက်တာ အကုန် မမြင်ပါဘူး။ ဒီဒေသခံတွေ ခံရတဲ့ အပိုင်းခံကြရပါတယ်။ သူတို့ခမျာမှာ အော်မယ့်နေရာလည်း မရှိ၊ ပြောမယ့် နေရာလည်း မရှိ၊ ရန်ကုန်အထိ သွား ပြောဖို့လည်း အခြေအနေမပေးပါ ဘူး။

ဖားကန့်မှာ ၁၂၀ အမြောက် တွေကျတယ်။ လူပေါင်းကိုးယောက် သေတယ်။ လေးယောက် ဒဏ်ရာရ တယ်။ ရွာသားတွေဖြစ်တယ်။ အဲ ဒါကို တပ်ကဘာပြောလဲဆိုတော့ ရွာသားတွေ KIA ထောင်တဲ့ မိုင်းနင်းမိလို့ဒဏ်ရာရတာ။ ဟုတ်ပြီ။ ရန်ကုန်သူ၊ ရန်ကုန်သား တခြား အားလုံးပေါ့။ သူတို့တွေက ယုံချင် ယုံလိမ့်မယ်။ ဒါပေမယ့် ဒေသခံ အဲဒီ မော်မောက်ရွာသား ကချင်တွေက လုံးဝမယုံပါဘူး။ ဖြစ်စဉ်က သူတို့မျက်စိအောက်မှာ ဖြစ်နေတာ။ သူတို့ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်။ အဲဒါကြောင့် စစ်တပ်နဲ့ ပတ်သက်ပြီးတော့ ဒီလို အပေါ်ယံပဲ ဆွေးနွေးလို့မရပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးလို့ရှိရင် အဲဒီတပ်တွေကိစ္စ သူ့ဟာသူ ဖြည်းဖြည်းချင်းနဲ့ ပြေလည်သွားပါလိမ့်မယ်။

နိုင်ငံတစ်နိုင်ငံမှာ ပြည်ထောင်စုစစ်စစ် ဖြစ်လာလို့ရှိရင် တပ်မတော်သည်လည်း ပြည်ထောင်စု ဖြစ်လာပါလိမ့်မယ်။ ဥပမာဆိုရင် ရှမ်းတွေတပ်ရင်း ဘယ်နှရင်းပို့ပါ။ ကချင်တွေတပ်ရင်း ဘယ်နှရင်းပို့ပါ။ ဟုတ်ပြီ။ အဲဒါ ပြည်ထောင်စုတပ်ပါ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်တပ်တွေရှိမယ်။ အဲဒါက ပြည်နယ်ရဲ့ လုံခြုံရေးတပ်တွေဖြစ်မယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပြည်ထောင်စု တပ်ကအဲလိုပါပဲ။ DSA မှာ ကချင်တစ်ယောက်တစ်မြီး မှမပါပါဘူး။ ကရင်တစ်ကောင်တစ်မြီးမှ မပါပါဘူး။ ရှိရင်လည်း သုံးပွင့် အထက်မတက်နိုင်ပါဘူး။

မေး - ၁၉၆၃မှာတစ်ကြိမ်၊ ၁၉၈၀-၈၁မှာ တစ်ကြိမ်၊ ၁၉၉၄ မှာတစ်ကြိမ် KIO နဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေလုပ်ခဲ့ တယ်။ ၁၉၉၄ ခုနှစ်ဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရတယ်။ ၂၀၁၁ခုနှစ် ဇွန်မှာအပစ်အခတ် ရပ်စဲရေးစာချုပ်ပျက်ပြယ်တယ်။ ဒီကာလ တစ်လျှောက်လုံးမှာ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့ KIO က တောက်လျှောက် တောင်းဆိုခဲ့တယ်။ အခုနိုင်ငံရေးနည်း လမ်းအရ ဆွေးနွေးဖို့ သဘောတူလိုက်ပြီ။ ဘာတွေဆက်ဖြစ်လာမလဲ။

ဖြေ - ဘယ်လိုမျိုးဆိုရမလဲ။ ၁၇ နှစ်ဆိုတာ (၁၉၉၄ခုနှစ် အပစ်အ ခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး နောက်) ကျွန်တော်တို့ရဲ့ ဦးတည်ချက်က နိုင်ငံရေးဆွေးနွေးဖို့အ တွက်။ ကျဆုံးနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ တိုင် ပင်ချင်တယ်။ ဆွေးနွေးချင်တယ်။ တင်ပြချင်တယ်။ လုပ်ချင်တယ်။ လိုချင်တယ်။ အဲခါကျတော့ လွန်ခဲ့သော ၁၉၉၄ခုနှစ်တုန်းကတော်တော် ကြိုးစား သုံးလေးနှစ်လောက် ကြိုးစားပြီးမှ အပစ်အခတ်ရပ်စဲရေးရပါ တယ်။ အဲဒါက တပ်မတော်အစိုးရ ဖြစ်တယ်ဆိုလို့ သူတို့က နောက်တက်လာမယ့် အစိုးရနဲ့နိုင်ငံရေး ဆွေးနွေးပါ။ အဲလိုပြောထားပြီးသား ဖြစ်တယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့် သူကိုယ်တိုင်လာပါတယ်။ သူက ဘာပြောလဲ။ နိုင်ငံရေးအစိုးရ တက်လာလို့ရှိရင် ကျွန်တော်တို့တောင် ဘယ်ပြန်ရမလဲမသိဘူး။ စစ် တန်းလျားပြန်ရမယ်။ အဲဒီလိုပြောတယ်။ ကျွန်တော်တို့လည်း စောင့်ရင်းစောင့်ရင်း သည်းညည်းခံရင်းနဲ့ ညီလာခံလည်း တက်ပါတယ်။ တင်ပြပါတယ်။ ၁၉ ချက်။ ၁၃ ဖွဲ့တွေ အများကြီးတင်ပြပါတယ်။ အဲဒါ အားလုံး ဘယ်ရောက်သွားလဲဆိုတော့ မှတ်တမ်းတင်ထား ပေးပါ့မယ် ရောက်သွားတယ်။ ကျွန်တော်တို့ အတွက် ဘာတစ်ခုမှမရလိုက်ဘူး။ နောက်တစ်ခုကျတော့ တပ်ကနေ နိုင်ငံရေးဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေး ထိုးခိုင်းတယ်။ ထိုးတယ်။ ကျွန်တော်တို့လည်း သဘောတူတယ်။ ဒါပေမယ့် ဘာလုပ်သလဲ လက်နက်ချခိုင်းတယ်။ ပါတီဖွဲ့ကွာတဲ့။ လွှတ်တော် ထဲဝင်ပါ။အဲလိုဆိုတော့ ကျွန်တော်တို့အတွက်က KIO အနေနဲ့ ကချင် တိုင်းရင်းသားတွေ အနေနဲ့က ဘာမှ မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမယ့် ဆက်ကို ဆက်သွားနိုင်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု ဆိုတာကို တိုင်းရင်းသား အများကြီး စုပြီးထားတဲ့ ပြည်ထောင်စု၊ ပင်လုံ (ပင်လုံစာချုပ်) မရှိရင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာ မရှိပါဘူး။ ကျွန်တော်တို့လိုချင်တာက ကချင်အုပ်စု၊ ရှမ်းစုအစုတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံသား တစ်ဦးရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးပဲ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အတွက်က စုပေါင်းအခွင့်အရေး အဲဒါမရှိလို့ကတော့ တိုင်းရင်းသားတွေအတွက် အုပ်စုအတွက် ရပ်ကွက် ကျေးရွာအုပ်စုတွေအတွက်က ဘယ်လိုမှ ရပိုင်ခွင့်ကမရှိနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က ဒါကိုပဲ ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေးပိုင်းမှာ။

မေး - ပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ - နိုင်ငံတစ်နိုင်ငံမှာ ပြည်ထောင်စုစစ်စစ် ဖြစ်လာလို့ရှိရင် တပ်မတော်သည်လည်း ပြည်ထောင်စု ဖြစ်လာပါလိမ့်မယ်။ ဥပမာဆိုရင် ရှမ်းတွေတပ်ရင်း ဘယ်နှရင်း ပို့ပါ။ ကချင်တွေတပ်ရင်း ဘယ်နှရင်းပို့ပါ။ ဟုတ်ပြီ။ အဲဒါ ပြည်ထောင်စု တပ်ပါ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်တပ် တွေရှိမယ်။ အဲဒါက ပြည်နယ်ရဲ့ လုံခြုံရေးတပ်တွေဖြစ်မယ်။ ကျွန်တော်တို့လိုချင်တဲ့ ပြည်ထောင်စု တပ်ကအဲလိုပါပဲ။ DSA မှာ ကချင် တစ်ယောက်တစ်မြီးမှမပါပါဘူး။ ကရင်တစ်ကောင် တစ်မြီးမှ မပါပါ ဘူး။ ရှိရင်လည်း သုံးပွင့်အထက် မတက်နိုင်ပါဘူး။

မေး - နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုပဲ ရှိရမယ်ဆိုတာကိုရော လက်ခံပါသလား။
ဖြေ - ဟုတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမှာပါ။ အဲဒီ တပ်မတော်သည် ပြည်ထောင်စု တပ်မတော် ဖြစ်ရပါမယ်။ ဦးစီးချုပ် တစ်ယောက်တည်း ရှိရပါမယ်။ ပြည်ထောင်စု တပ်မတော်စစ်စစ် ဖြစ်ရပါမယ်။ မူဘောင်မရှိဘဲနဲ့တပ် ကိစ္စဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခတော်တော်ဖြစ်ပါမယ်။ နောက်တစ်ကြိမ် နိုင်ငံရေးဆွေးနွေးတဲ့အခါ တပ်ကိစ္စပါလာပါလိမ့်မယ်။ အခုချိန်မှာ နိုင်ငံရေးမဆွေးနွေးဘဲနဲ့ စစ်ရေးပဲ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှအဖြေထွက်မှာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးကို ငြိမ်းချမ်း ရေးလို့သဘောထားလို့လည်း မရပါ ဘူး။ ပြန်ဖြစ်လာမှာပါ။ အခုအပစ်အခတ်ရပ်စဲရေး လုပ်လို့ဆိုရင် အဲဒီအပစ်အခတ် ရပ်စဲရေးက ဘာလုပ်မယ် ထင်သလဲဆိုတော့ ပြန်တိုက်ဖို့အတွက် ရိက္ခာစုတာ၊ ပြင်ဆင်တာ အချိန်ယူတဲ့အပိုင်းပဲ ဖြစ်လာပါလိမ့် မယ်။ အဲဒါကြောင့် အပစ်အခတ် ရပ်စဲဖို့က လက်မခံပါဘူး။

မေး - နိုင်ငံရေး နည်းလမ်းအရ KIO လိုချင်တဲ့အရာဘာပါလဲ။
ဖြေ - ကျွန်တော်တို့က တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ်။

News Eleven
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers