www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားပြင်တွင် ကုမ္မဏီရေကန်များရေလျှံရာမှ ရေကြီးမှုဖြစ်ပွါး Wednesday, October 03, 2012

ဖားပြင်တွင် ကုမ္မဏီရေကန်များရေလျှံရာမှ ရေကြီးမှုဖြစ်ပွါး

အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်စိမ်းကုမ္မဏီများ ကျောက်တူးထားရာ တွင်းဟောင်း (ယခုရေကန်များ) တွင် ရေများပြည့်လျှံကာ ဖားပြင်ရပ်ကွက် ၄ လူနေအိမ်များသို့ ရေများဒလဟောစီးဝင်ကာ လူနေအိမ်များ ၈၂ ခန့်ပျက်စီးသွားခဲ့ပါသည်။ ကာသိုလစ်ဘုရားကျောင်းနှင့် အသင်းတော်လူကြီးအိမ်များ၊ ဖားပြင် သင်္ချိုင်းမြေနေရာများလည်း ပျက်စီးသွားခဲ့ရပါသည်။ ကုမ္မဏီများ၏ မဆင်မခြင်ကျောက်စိမ်းတူဖော်မှု၊ ကျောက်စိမ်းတူးဖော်ထားသော နေရာဟောင်းများအား ပြန်လည် မြေကြီးဖို့ခြင်းများမပြုလုပ်သည့်အပြင် ရေလမ်းကြောင်းများလွှဲခြင်း၊ သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းမပြုသည့်အပြင် သစ်ပင်များပေါက်သော တောင်များကို လည်း မြေစာများဖြင့် ဖို့ခြင်းများ ပြုလုပ်သဖြင့် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပါက ရေများကို ဒလဟောဖြင့် လူနေရပ်ကွက်များသို့ ၀င်ရောက်လာခြင်းဖြစ်ပါသည်။ “ကုမ္မဏီတွေက ရေလမ်းကြောင်းတွေကို စည်းမရှိ၊ ကမ်းမရှိ လျှောက် လွှဲလိုက်တော့ ရေတွေက စီးစရာနေရာမရှိဘဲ လူနေရပ်ကွက်ထဲဝင်လာတာပေါ့ဟု” ဒေသခံတစ်ဦးက ပြောပြပါသည်။ ယခုအခါ ဒေသခံများသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အသင်းတော်များတွင် ခိုလုံနရကာ အကူအညီ အလွန်လိုအပ်လျှက်ရှိပါသည်။ ဒေသခံအာဏာပိုင်များလည်း လာရောက် ကူညီခြင်း မရှိသေးသည့်အပြင် တာဝန်ရှိရာကုမ္မဏီများကိုလည်း စစ်ဆေးခြင်းမရှိသေးပေ။ ယခု ရေလျှံခဲ့သည့် ရေကန်မှာ တစ်ခုတည်းမဟုတ်ဘဲ တောင်အဆင့်ဆင့်မှ ကုမ္မဏီရေကန်များမှဖြစ်ပါသည်။ ထိုအခင်းဖြစ်ပွါးရာနေရာ အနီးတွင် ရွှေထိုင်း၊ သံလွင်ဧရာ၊ ဘ၀တက်လမ်း၊ ရတနာတောင်တန်း၊ မြစိမ်းရောင်ခြယ် စသည့် ကုမ္မဏီများ တည်ရှိသောနေရာဖြစ်ပါသည်။ ကုမ္မဏီများအနေဖြင့် ယခုအချိန်ထိ ဒေသခံများအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိသေးပေ။ ယခင်လကလည်း သံလွင်ဧရာကုမ္မဏီ၏ ယမ်းဂိုဒေါင်မှ ယမ်းများအရည်ဖျော်ကာ စွန့်ပစ်မှုတွင်လည်း ယခု အခင်းဖြစ်ပွါးသည့် ဖားပြင် ရပ်ကွက် ၄ ဒေသခံများ အစာအဆိပ်သင့်ခဲ့ဖူးပါသည်။ 
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers