www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ပျက်စီးသွားသော ရေပိုက်လှိုင်းများ နှင့် ရကာတာ များပြန်လည်ပြုပြင်ပေးခြင်းမရှိ


မြစ်ဆုံစီမံကိန်းကြောင့် ယာယီပြောင်းရွှေ့ရွာဖြစ်သော အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန်ကျေးရွာ သို့ရေပေးဝေလျှက်ရှိသော ရေကာတာနှင့် ရေပိုက်လှိုင်းများ လွန်ခဲ့သော စက်တင်ဘာ ၂၀၊၂၁ ရက်နေ့မိုးရေကြီးမှုကြောင့် ပျက်စီးသွားရာ  အခုထိ ASIA WORLD နှင့် CPI တို့မှပြုပြင်ပေးခြင်း မရှိသောကြောင့် ဒေသခံများ ရေအခက်အခဲဖြစ်ကာ သောက်ရေသန့်ဝယ်သောက်   နေရကြောင်း သိရသည်။

“မြစ်ကြီးနားကနေ သုံးဘီးဆိုင်ကယ်နှင့် လာရောင်းသောရေသန့်ကိုပဲ တစ်ဗူး ၉၀၀ ပေးပြီးဝယ်သောက်နေရတယ်။ ပိုက်ဆံမရှိတဲ့ လူတွေကတော့ တော်တော်တော့ စွန့်စားရမှာပေါ့။” ဟု အောင်မြင်သာဒေသခံ ကို မုန်ဆန်က ပြောသည်။ အခုက သူတို့ ASIA WORLD တွေ ကာတစ်စီးနဲ့ ရေလာပေးဖို့လုပ်နေကြောင်း သို့သ်ာလည်း ရေကန်အသေးသာဖြစ်ကြောင်း၊ အိမ်ခြေ ၃၀၀ ကျော်ကိုပေးနေတဲ့ ဂါလံ ၂၀၀၀၀၀ (၂ သိန်း) ကန်မှာ မပြုလုပ်သေးကြောင်း၊ သူတို့လုပ်နေသည့် ပုံအတိုင်းဆိုရင် အနည်းဆုံး ၂ လလောက်ကြာနိုင်သေးကြောင်း ကို မုန်ဆန် ကဆက်လျှက်ရှင်းပြသည်။

အောင်မြင်သာရွာထိပ်ရှိ ပြိုပျက်သွားသည့်ရေကာတာမှာ ကျိန်ခရန် ရေဘေးမှ ကာကွယ်နိုင်ရန် ASIA WORLD မှ ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။ ရေကာတာ ဆိုသော်လည်း သဲကျောက်များအား ပုံထားခြင်ပင်ဖြစ်သည်။ ထိုရေကာတာ ပျက်သွားပြီး ရွာထဲသို့ရေ၀င်ကာ ဒေသခံများအချို့ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် တည်းခိုခဲ့ရသည်။ အခုအချိန်တွင် အောင်မြင်သာဒေသခံများသည် တစ်မိုင်ကျော် နှစ်မိုင်လောက် ဝေးတဲ့ ချောင်းမှ ဆိုင်ကယ်၊ စက်ဘီးများနှင့် သယ်ယူသုံးစွဲနေကြသည်။

အောင်မြင်သာရွာ၏ တစ်ဖက်ကမ်းတွင်ရှိသော ပြောင်းရွှေ့ ရွာဖြစ်သည့် မလိယန်   ကျေးရွာတွင်လည်း အောင်မြင်သာ စံပြရွာနှင့် အလားတူပင်   ရေအခက်အခဲပြသနာ တွေ့ ကြုံနေကြသည်။ “ရေပိုက်ပျက်သွားတာ တစ်ပတ်လောက်ရှိပြီ၊ ပိုက်ဆံမရှိသေးလို့မပြင်သေးဘူး။ ရေပိုက်ပြန်ပြင်ဖို့အတွက် တစ်အိမ်ထောင်ကို ၁၀၀၀ စီကောက်တယ် တစ်ချို့အိမ်တွေဆို ဒီ ၁၀၀၀ တောင် မထည့် နိုင်ကြဘူး၊ ပိုက်ဆံအခက်အခဲဖြစ်တော့”ဟု မလိယန် ဒေသခံ တစ်ဦးက ပြောသည်။

ထိုမလိယန်ကျေးရွာတွင်လည်း မိုးကြီး ရွာသွန်းမှုကြောင့် ရွာထဲသို့ပေးပို့နေသော ရေပိုက်လှိုင်းများ ပျက်စီးသွားကာ အခက်အခဲဖြစ်နေကြသည်။ ထိုပိုက်လှိုင်အား ပြန်လည်ပြုပြင်ရန် မလိယန် ကျေးရွာရှိ တစ်အိမ်ထောင်တွေ ၁၀၀၀ ကောက်နေကြကြောင်း သိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers