www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
လမ်းနယ်အတွင်း ကျူးကျော်ပြီး ကန်ထရိုက်ဆောက်လုပ် Thursday, October 18, 2012

လမ်းနယ်အတွင်း ကျူးကျော်ပြီး ကန်ထရိုက်ဆောက်လုပ်

အောက်တိုဘာ (၁၈) ကြာသာပတေး

မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မီးရထားသံလမ်းနှင့်လီဒူလမ်းမကြီး (ပန်ဆောက်လမ်း) ကြား၊ အရင်ဘဏ်အဆောက်အဦး(ယခု စွမ်းထက်သာလက်ဘက်ရည်ဆိုင်) ၏ မျက်နှာချင်းဆိုင်လမ်းမ ပေါ် (စိမ်းရွှေဝါ ဗီဒီယိုရုံ အနောက်ဘက်) တွင် "မြန်မာ့ကြယ်စင်လင်း" ဆောက်လုပ်ရေးအဖွဲ့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်လျက်ရှိပါသည်။
ကန်ထရိုက် အဆောက်အဦးရဲ့ အောက်ခြေဖောင်ဒေးရှင်းတိုင်များမှာ အများပြည်သူသွားလာနေသည့် လူသွားလမ်း ပလက်ဖောင်းကို ကျော်လွန်ပြီး (ကတ္တရာလမ်းအစွန်းအထိ) ရောက်ရှိနေသော်လည်း မည်သူမျှ လာရောက် တားမြစ်ခြင်း မရှိသည်ကို စိတ်မကောင်းစွာတွေ့ မြင်နေရပါသည်။

ပုံမှန်ဆိုရင် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိရန် ရပ်ကွက်ထောက်ခံစာ၊ မီးသတ်ဦးစီးဌာနမှ ထောက်ခံစာ၊ မြေစာရင်း ဦးစီးဌာနမှထောက်ခံစာ၊ ကျန်းမာရေးဌာနမှထောက်ခံစာတို့နှင့်အတူ  ဆောက်လုပ်မည့်အကြီးတန်းအင်ဂျင်နီယာ၏ အဆောက်အဦး ပုံစံနှင့်ကုန်ကျစရိတ် တွက်ချက်မှုစာရင်း တို့  တင်ပြပြီးမှသာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ လိုအပ်သည်များ စစ်ဆေးပြီး ခွင့်ပြုချက်ချပေးကြောင်းသိရပါသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ မည်သို့ မည်ပုံ စစ်ဆေးပြီးခွင့်ပြုချက်ပေးသည်ကို မသိသော်လည်း ယခုကဲ့သို့ ကချင်ပြည်နယ်ရဲ့ မြို့တာ် မြစ်ကြီးနားမြို၊ အများပြည်သူသွားလာသည့်လမ်းကို ကျူးကျော်ပြီး အဆောက်အဦး ဆောက်လုပ်ခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် နောက်နောင် အခြားဆောက်လုပ်ရေး ကန်ထရိုက်တာများ လည်း ယခုကဲ့သို့ အများပြည်သူ ပိုင်သည့်နေရာ များတွင် ကြိုက်သလို ကျူးကျော်ဆောက်လုပ်လာရင် ထိန်းသိမ်းရန်အခက်အခဲများရှိလာနိုင်မည်ကို စိုးရိမ်မိပါသည်။

အဆောက်အဦး ပိုင်ရှင်မှာ ဒေါ်မြင့်မြင့်အေး ဖြစ်ပြီး ဆောက်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာမှာ ဦးချစ်ကိုကိုအောင် ဖြစ်ပါသည်။ RC နှစ်ထပ်အဆောက်အဦး ဆောက်လုပ်မည်ဖြစ်ကြောင်း စည်ပင်သာယာမှ ထုတ်ပေးထားသည့် ဆိုင်းဘုတ်ပြားအရ သိရှိရပါသည်။

လီဒူလမ်းမ ကြီးသည် မြစ်ကြီးနားမြို့ တွင်အဓိကကျသောလမ်းမ ကြီးဖြစ်ပြီး တစ်လမ်းမောင်း စနစ်ဖြင့် လမ်းလည်ကျွန်းများ တွင် သစ်ပင်ပန်းမာန်များစိုက်မျိုးကာ အလွန်လှပသောလမ်းမကြီးဖြစ်ပါသည်။ လမ်းဘေး တစ်ဖက်တစ်ချက်တွင် ၄ ပေကျယ်သော လူသွား Platform လမ်းများပြုလုပ်ထားပြီး လည်းကောင်း လူသွားစင်ကြန်၏အပြင်ဘက်တွင်လည်း တစ်ဖက်လျှင် ၅ ပေစီခန့် safety space ရှိကာ ပေ ၁၀၀ ကျယ်တဲ့လမ်းမ ဖြစ်ပါသည်။

ယခုဆောက်လုပ်နေတဲ့ အဆောက်အဦးဟာ အင်မတန်ကျဉ်းမြောင်းတဲ့ ရထားသံလမ်း နဲ့ လီဒူလမ်း မကြားမှာ ဆောက်လုပ်တဲ့ အတွက် အဆောက်အဦးရဲ့ အောက်ခြေ ဖောင်ဒေးရှင်း တိုင်များမှာ လီဒူလမ်းမကြီးရဲ့ လူသွား platform အလည်ထိ ကျူးကျော် လျက်ရှိနေပါသည်။

အဆောက်အဦးဆောက်လုပ်ပြီးစီး သွားရင်လည်း အများပြည်သူ သွားလာရေး ကိုများစွာ အနှောက်အယှက် ပေးမည်ဖြစ်ပါတယ်။ အောက်ခြေတောင် အဲဒီလောက် လမ်းမ ကြီးပေါ် ကျူးကျော်နေလျင် အဆောက်အဦး ရဲ့ အပေါ် ထပ်ဝါရန်တာ များ၊ တံခါးများ နှင်း အရှေ့လူဝင်ပေါက်များဟာ လမ်းမကြီး အလည်ထိ ရောက်လာနိုင်ပါသည်။

လမ်းကြိုလမ်းကြား ဖြစ်လို့  တာဝန်ရှိသူများ မသိရပါဘူး လို့ ပြောမဲ့နေရာ လည်း မဟုတ်ပါ။ မြစ်ကြီးနားမြို့ သားများ တစ်နေ့ကို အနည်းဆုံး ၄..၅..၆ ခေါက်ဖြတ်သွားဖြတ်လာ နေတဲ့နေရာဖြစ်ပါတယ်။ စည်ပင်သာယာ ၀န်ထမ်းများ ဟာ မြို့  ရဲ့  ဘယ်နေရာ မှာ ခွေးချေးပုံ ရှိတယ်ဆို တာကအစ သိတဲ့သူ တွေဖြစ်ပါတယ်။ စည်ပင်ဝန်ထမ်းများကိုယ်တိုင် လာရောက်ကြီးကြပ် ပေးနေသည်ကို တွေ့မြင်နေရပါသည်။

မီးသတ်ဌာနမှလည်း မည်သို့သော အကြောင်းပြချက် ကြောင့်ထောက်ခံချက် ပေးခဲ့တာ လည်း မသိပါ။ ယခုဆောက်နေသည့် နေရာသည် ထောက်ခံချက်ပေးရသည့်ဌာနများအနက် မီးသတ်ဌာန နှင့် အနီးဆုံး ဖြစ်ပါသည်။

မီးရထား အ၀င်အထွက်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီးနှင့် လမ်းသွားလမ်းလာ အားလုံး အတွက် အန္တရာယ်ရှိနိုင်၊ အန္တရာယ်ပြု နိုင် သည့် အဆောက်အဦး ဆောက်လုပ်ခြင်းကို အမြန်ဆုံး တားမြစ်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိ၊ တာဝန်သိ လူကြီး မင်းများကို သိစေအပ်ပါသည်။
အာဏာပိုင်များမှလည်း အမြန်ဆုံး တားမြစ်ပေးပါရန်တင်ပြအပ်ပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers