www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ကချင်လူမျိုးများ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရခြင်းလော Thursday, October 18, 2012

ကချင်လူမျိုးများ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရခြင်းလော

အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ဗမာအစိုးရတပ် ဗျူဟာကုန်းမှ မမ ၈၁ လက်နက်ကြီး ဖြင့် ၁၂ လုံးခန့် ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးအများစုမှာ မော်မောကုန်း လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသည်။ ဗမာအစိုးရ သမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးဦးအောင်မင်းတို့ KIA အား တိုက်ခိုက်ခြင်းမရှိကြောင်း၊ ရိက္ခာပို့ဆောင်ခြင်းသာ ဖြစ်ကြောင်းဟု ကမ္ဘာပတ်ပြီး လိမ်လည် လှည့်ဖျားခဲ့ပါသည်။

ယခုလက်နက်ကြီးပစ်ခတ်မှုဖြစ်ရပ်အတွက် သမ္မတနှင့် ဦးအောင်မင်းတို့ မည်သို့သော ဆင်ခြေပေး မည်နည်းဟု စာရေးသူအလွန်သိလိုပါသည်။ တဖက်တွင်လည်း ဗမာအစိုးရတပ်နှင့် KIA တို့ရွှေလီမြို့တွင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ အမေရိကန် စစ်ဖက်အရာရှိကြီးများ နေပြည်တော်သို့ ရောက်ရှိနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်အစီအစဉ်ရှိသဖြင့် လှိုင်ဇာဌာနချုပ်မှလည်း KIA တပ်များအား အပစ်အခတ်ရပ်စဲထားရန် ညွန်ကြားထားပါသည်။ ယခုကဲ့သို့ နှစ်ဖက်တပ်များအပစ်ရပ်ထားရန်ဖြစ်သော်လည်း ဗမာစစ်တပ်မှ စတင်ပစ်ခတ်လိုက်ခြင်း   ဖြစ်သဖြင့် ဗမာအစိုးရသည် အမှန်တကယ်ငြိမ်းချမ်းရေးကိုမလိုလားသည်မှာ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှား နေပါသည်။ ဤကဲ့သို့အခြေအနေဖြစ်နေသော်လည်း ဗမာအစိုးရမှာ KIO/KIA သည် ငြိမ်းချမ်းရေးကို မလိုလားသယောင် ၀ါဒဖြန့်နေသည်မှာ အရုပ်ဆိုး လှပါသည်။ ပို၍ဆိုးသည်မှာ KIA ထက် ကချင်ပြည်သူ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သဖြင့် လူမျိုးရေး သုတ်သင် ရှင်းလင်းရေးဖြစ် ကြောင်းပို၍ ပေါ်လွင်လာပါသည်။
ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် ငြိမ်းချမ်းရေးနိုဘယ်ဆု လျာထားခြင်းခံရသူတို့ သိက္ခာမဲ့စွာ လက်ပိုက်ကြည့်နေသည့်အပြင် အမှန်တရားများကို မျက်ကွယ်ပြုထားပြီး တရားဥပဒေစိုးမိုးရေး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စသဖြင့်အသံကောင်းဟစ် နေသည်မှာ အရှက်မဲ့လွန်းရာကျပါသည်။ မိမိတို့ ရရှိထားသော ဂုဏ်ထူးဆောင်ဘွဲ့များအား အားနာသင့်ပါသည်။  ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဟု နှုတ်မှတစ်ဖွဖွပြောနေသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသည်မှာ ဦးနှောက်ရှိသူတိုင်း သိပါသည်။

ကချင်လူမျိုးများအတွက် ငြိမ်းချမ်းရေးဆိုသော စကားလုံးမှာ   ဆေးခါးတစ်ခွက်ဖြစ်ပြီးရင်း   ဖြစ်နေပါသည်။   နိုင်ငံတကာအားမျက်လှည့်ပြလိုက်၊ တိုင်းရင်းသားများအား မျက်လှည့်ပြလိုက်ဖြင့် ဗမာအစိုးရမှာ မနိုင်ဝန်ထမ်းနေရပြီး အရှက်မဲ့သောလုပ်ရပ်၊ သိက္ခာမဲ့သောစကားများကို လုပ်နေကျ၊ ပြောနေကျ ဖြစ်နေ ပါသည်။ KIA တပ်ရင်းမှူးတစ်ဦးက အရင်တုန်းက ငြိမ်းချမ်းရေးရဖို့ ဗမာအစိုးရနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဗမာအစိုးရက အကြိမ်ကြိမ်ကတိသစ္စာဖျက်ခဲ့ပါတယ်။ အခုကဆွေးနွေး လို့လဲ အကြောင်းထူးမှာမဟုတ်တော့ဘူး၊ ဆွေးနွေးလို့လဲ ရမှာမဟုတ်ဘူး။ စားပွဲပေါ်မှာ   ဆွေးနွေးတယ်ဆိုတာက လူကြီးလူကောင်းတွေရဲ့အလုပ်ဗျ။ ဗမာအစိုးရမှာ လူကြီးလူကောင်းတွေ မရှိသေးဘူးထင်တယ်ဗျာ ဟုမှတ်ချက်ပေးပါသည်။

ယခုအခါ ကချင်လူမျိုးတို့သည် အဖိနှိပ်ခံဘ၀တွင် ဘုရားသခင်ကို ဦးထိပ်ထားပြီး၊ သမ္မာကျမ်းစာထဲမှ အစ္စရေးလူမျိုးများ ကဲ့သို့ ခါနန်ပြည်အား တိုက်ခိုက်သိမ်းယူပြီး တိုင်းပြည်ရအောင်ကြိုးပမ်းခဲ့သကဲ့သို့ မိမိတို့အခွင့်အရေးအား  တိုက်ခိုက်၍သာ ရယူလိုကြပါသည်။ အစ္စရေးလူမျိုးများသည် အီဂျစ်လက်အောက်မှ လွှတ်မြောက်ခဲ့သကဲ့သို့ ကချင်လူမျိုးတို့ သည်လည်း ဗမာအစိုးရလက်အောက်မှ လွှတ်မြောက်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ ယခုအခါ ကချင်လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ကချင်တစ်မျိုးသားလုံး လွှတ်မြောက်နိုင်ရန်အတွက် KIO အား ရှေ့ဆောင်လမ်းပြအဖွဲ့အဖြစ်ခံယူထားပြီး   ထောက်ခံအားပေး နေပါသည်။ သို့ဖြစ်၍လည်း ဗမာအစိုးရက ကချင်တွေအားလုံးက KIA တွေဘဲဟု သိမ်းကြုံး၍ ပြောလာပါသည်။ စာရေးသူအနေဖြင့် ဟုတ်ပါတယ် ကချင်တွေအားလုံးက KIA ဘဲဟု သာဖြေချင်ပါသည်။ ဒါကြောင့် ကချင်ပြည်နယ်မှာရှိတဲ့ ဗမာတွေအားလုံးကို ဗမာပြည်ကိုခေါ်သွားခိုင်းပြီး ကချင်ပြည်နယ် ကြီးတစ်ခုလုံးကို ဗမာပြည်ထဲကထုတ်ပြီး ကချင်ပြည်နယ်ကို သံဆူးကြိုးခတ်လိုက်ပါ၊ အဲဒီအခါ ဗမာပြည်ငြိမ်းချမ်းသွားပါလိမ့်မယ် ဟုသာအကြံပေးချင်ပါတော့သည်။

မောင်ရှင်းလင်း
၁၈/၁၀/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers