ချစ်သောမော်မောင်းတောင်
ငြိမ်းချမ်းတဲ့မော်မောင်း တောင်ရယ်…..
အခုတော့သွေးချောင်းစီးပြီနော်ကွယ။်
KIOကို ပြစ်ဖို့နေလား?
KIA ကို စိတ်နာနေလား?
အမှန်ကို မင်းသိပါတယ်လေ….
စစ်လိုလားတာ “သူ” ပါဘဲကွယ်။
KIA မတတ်သာလို့ခုခံနေ၊
ကိုယ့်မြေမို့လို့အားစိုက်တယ်။
စစ်မတိုက် ချင်ပါဘူး။
KIO- စစ်လိုလား သူမဟုတ်ဘူး။
၁၇ နှစ် ကြာသည်းခံလာ၊
“သူ” ကတိ မတည်ဘူးလေကွာ။
ထိပ်ဆုံး အမြင့်ဆုံးသည်းခံခဲ့
“သူ” က အမြင့်ဆုံးသစ္စာမဲ့။
လူဦးရေ နည်းလို့အထင်သေးပုံ၊
ရက်စက်ပစ်တာ နည်းပေါင်းစုံ။
မင်းအောင်လှိုင်က ပြောလိုက်သေး၊
KIA ဆိုးလွန်းလို့တဲ့လေး။
ဆိုးနေတာ က ဘယ်သူလဲ?
အစိုးရ တပ်မတော် အလွန်ကဲ။
ဗမာရဲဘော် သနားစရာ၊
စစ်တိုက်ချင်တာ မဟုတ်ဘူးကွာ။
မင်းအောင်လှိုင်ကို မလွန်ဆန်နိုင်၊
စစ်အာဏာကို ရဲဘော်မပိုင်။
မော်မောင်းတောင်ရယ်၊
မင်းမျက်ရည် မကျနဲ့ကွယ်။
အစိုးရတပ်မတော် ကျရှုံးပြီ။
အဖတ်ဆယ်လို့ မရတော့ပြီ။
ကဲလွန်းရင် အကျနာသတဲ့။
ဆဲလွန်းရင် အမုန်းပွားသတဲ့။
အားမငယ်နဲ့စို့ မော်မောင်းရယ်၊
ဒို့ဖက်မှာ ဘုရားရှိတယ်။
ဒို့လည်းထိုက်တန်တာ မဟုတ်ပေမဲ့၊
စာတန် နှိပ်စက်လွန်းသတဲ့။
ဖန်ဆင်းရှင် မကြည့်ရက်နိုင်တော့၊
ဒို့ကို အစဉ်ကယ်တာပေါ့။
ဒို့ကို ဘယ်သူမစသလဲ?
အသိချင်ဆုံးက “သူ” ပါဘဲ။
အမေရိကန်- တရုတ် လုံးဝမဟုတ်။
အငယ်ဆုံးသူကို - ဘုရားကယ်ထုတ်။
ဘုရားမှတပါး အခြားမရှိ၊
မွေးရာပါ သတ္တိရှိ။
ကချင်ကို ဘယ်သို့ချေမုန်းမယ်။
မစဉ်းစားနဲ့တော့ စစ်ကဲရယ်……..
မနောမြေ-စိန်
အခုတော့သွေးချောင်းစီးပြီနော်ကွယ။်
KIOကို ပြစ်ဖို့နေလား?
KIA ကို စိတ်နာနေလား?
အမှန်ကို မင်းသိပါတယ်လေ….
စစ်လိုလားတာ “သူ” ပါဘဲကွယ်။
KIA မတတ်သာလို့ခုခံနေ၊
ကိုယ့်မြေမို့လို့အားစိုက်တယ်။
စစ်မတိုက် ချင်ပါဘူး။
KIO- စစ်လိုလား သူမဟုတ်ဘူး။
၁၇ နှစ် ကြာသည်းခံလာ၊
“သူ” ကတိ မတည်ဘူးလေကွာ။
ထိပ်ဆုံး အမြင့်ဆုံးသည်းခံခဲ့
“သူ” က အမြင့်ဆုံးသစ္စာမဲ့။
လူဦးရေ နည်းလို့အထင်သေးပုံ၊
ရက်စက်ပစ်တာ နည်းပေါင်းစုံ။
မင်းအောင်လှိုင်က ပြောလိုက်သေး၊
KIA ဆိုးလွန်းလို့တဲ့လေး။
ဆိုးနေတာ က ဘယ်သူလဲ?
အစိုးရ တပ်မတော် အလွန်ကဲ။
ဗမာရဲဘော် သနားစရာ၊
စစ်တိုက်ချင်တာ မဟုတ်ဘူးကွာ။
မင်းအောင်လှိုင်ကို မလွန်ဆန်နိုင်၊
စစ်အာဏာကို ရဲဘော်မပိုင်။
မော်မောင်းတောင်ရယ်၊
မင်းမျက်ရည် မကျနဲ့ကွယ်။
အစိုးရတပ်မတော် ကျရှုံးပြီ။
အဖတ်ဆယ်လို့ မရတော့ပြီ။
ကဲလွန်းရင် အကျနာသတဲ့။
ဆဲလွန်းရင် အမုန်းပွားသတဲ့။
အားမငယ်နဲ့စို့ မော်မောင်းရယ်၊
ဒို့ဖက်မှာ ဘုရားရှိတယ်။
ဒို့လည်းထိုက်တန်တာ မဟုတ်ပေမဲ့၊
စာတန် နှိပ်စက်လွန်းသတဲ့။
ဖန်ဆင်းရှင် မကြည့်ရက်နိုင်တော့၊
ဒို့ကို အစဉ်ကယ်တာပေါ့။
ဒို့ကို ဘယ်သူမစသလဲ?
အသိချင်ဆုံးက “သူ” ပါဘဲ။
အမေရိကန်- တရုတ် လုံးဝမဟုတ်။
အငယ်ဆုံးသူကို - ဘုရားကယ်ထုတ်။
ဘုရားမှတပါး အခြားမရှိ၊
မွေးရာပါ သတ္တိရှိ။
ကချင်ကို ဘယ်သို့ချေမုန်းမယ်။
မစဉ်းစားနဲ့တော့ စစ်ကဲရယ်……..
မနောမြေ-စိန်
