www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ONLY KACHIN

ဟောင်လွန်းတဲ့ခွေး - မကိုက်၊
ခြိမ်းလွန်းတဲ့မိုး - မရွာ………….တဲ့။
လိုင်ဇာကို သုံးရက်- အပြတ်၊
ဆယ်ရက်- အပြတ်၊
တလအတွင်း - အပြတ်၊
ရှင်းပစ်မယ် - သိမ်းပိုက်မယ်။
ဘယ်နေ့ဘယ်ရက်၊
လိုင်ဇာမှာ တရုတ်နဲ့၊
နံနက်စော စာ စားကြမယ်။
ပျော်ကြမယ် - ကကြမယ်။
ရွှေပြည်သာ - စစ်ဆင်ရေး၊
အောင်မြင်တော့မယ်။
မြစ်ကြီးနားမှာ - အောင်ပွဲခံမယ်။
ရိုးရာအက - ပြင်ဆင်ထားကြ။
နေပြည်တော်ကလည်း၊
ဗမာအငြိမ့် သဘင်နဲ့၊
သိုက်သိုက် ဝန်းဝန်း၊
ကြွရောက်လို့ လာကြမယ်။
သြော်လေ - တကယ်ပါပဲ၊
KIA  ခုခံနေတာ-
ဆယ့်ငါးလ ကျော်ခဲ့ပြီဗျာ။
အစိုးရစစ်တပ် -
ချီတက်လာ သမျှ၊
ပြန်လမ်းမရှိကြ။
ဟောင်လွန်းတဲ့ခွေး - မကိုက်တတ်။
ခြိမ်းလွန်းတဲ့ မိုး - မရွာတတ်။
ဤ်သဘောသဘာဝကြောင့်၊
ဟောင်လွန်းတဲ့ ခွေးကို-
ကြောက် စရာ မလို။
ခြိမ်းလွန်းတဲ့ မိုး - ထီးမလို။
သို့သော်လည်း-
KIA သည် အမြဲ သတိရှိ၊
ကြောက် စိတ်တွေ- မရှိ၊
စစ်ရေး ပကတိ။
KIA ဘက်မှာ - ဘုရားပါ၊
တိုက်ပွဲတိုင်း အောင်မြင်မှာ---
ဘယ်ရန်သူ လာလာ၊
အင်္ဂလိပ်၊ ဂျပန်တွန်းလှန်ခဲ့တာ၊
မြန်မာ ရာဇာဝင်မှာ -
“Only Kachin” ပါ။

မနေမြေစိန်
၁၄/၉/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers