www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
သံလွင်ဧရာကုမ္မဏီ ယမ်းတန်ချိန်များစွာ စွန့်ပစ်မှု ဖားပြင်ပြည်သူများ ယမ်းဆိပ်သင့် Wednesday, September 12, 2012

သံလွင်ဧရာကုမ္မဏီ ယမ်းတန်ချိန်များစွာ စွန့်ပစ်မှု ဖားပြင်ပြည်သူများ ယမ်းဆိပ်သင့်

တရားခံ ကုမ္မဏီဝန်ထမ်းများ
စက်တင်ဘာလ ၈ ရက်နေ့မှစ၍ သံလွင်ဧရာကုမ္မဏီ ယမ်းဂိုဒေါင်မှ ယမ်းတန်ချိန်များစွာအား ရေဖြင့်ဖျော်ပြီး မျှောတိုက်ကာ ဥရုမြစ် အတွင်းသို့ စွန့်ပစ်နေခဲ့ပါသည်။ ယမ်းရေများသည် ဖားပြင်လူနေရပ်ကွက်များရှိ သောက်သုံးရေတွင်း၊ ရေကန်များသို့စိမ့်ဝင်ပြန့်နှံခဲ့ပါသည်။ ကုမ္မဏီမှ တာဝန်ရှိသူများသည် ပြည်သူလူထုအား ကြိုတင် အသိပေး အကြောင်း ကြားခြင်းမရှိဘဲ ခိုးကြောင်ခိုးဝှက်ဖြင့်ပြုလုပ်လိုက်သဖြင့် ပြည်သူအများမှာ ၀မ်းပျက်၊ ၀မ်းလျှောခြင်း၊ အစာ အဆိပ်သင့်ခြင်း များဖြစ်ကာ အလွန်ဒုက္ခရောက်ခဲ့ကြပါသည်။ အသက်ဆုံးရှုံးသူ မရှိသော်လည်း အများအပြား ရောဂါဖြစ်ပွားခဲ့ပါသည်။ 

ဒေသခံတစ်ဦးက “၈ ရက်နေ့ ညနေကစပြီး ရေချိုးတာ ဆပ်ပြာက အမြုပ်လည်းမထွက်၊ ရေက ယမ်းနံ့ လည်းနံ၊ ခေါင်းလျှော်လည်း အစီးမကပ်နဲ့ နည်းနည်းတော့အံ့သြမိတာပေါ့။ ရေချိုးပြီးတော့ ထမင်းစားမယ်လုပ်တော့ ထမင်း၊ ဟင်းက အနံအရမ်းဆိုးနေတယ် ဘယ်လိုမှစားလို့မရဘူး၊ ကိုယ်တစ်ယောက်တည်းဖြစ်တယ်လို့ ထင်နေခဲ့တာ၊ လိုက်မေးကြည့် လိုက်တော့မှ တစ်ရပ်ကွက်လုံး ဖြစ်နေတာကိုသိလိုက်ရတယ်၊ အချို့က အော့အန်ကြတယ်၊ ၀မ်းပျက်ဝမ်းလျှော ဖြစ်ကြတယ်” ဟုသူ၏ အတွေ့အကြုံကိုပြောပြပါသည်။

ဖားပြင်ပြည်သူတို့၏ တိုင်တန်းချက်ကြောင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ဖားပြင်အနီးအနားရှိ ကုမ္မဏီများကို လိုက်လံစစ်ဆေးရှာဖွေရာ သံလွင်ဧရာ ကုမ္မဏီ ယမ်းဂိုဒေါင်အား ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။ ထိုကုမ္မဏီသည် လွန်ခဲ့သောလက ဖြစ်ပွါးခဲ့သည် ဝေေ၀အောင် ကုမ္မဏီ ယမ်းဂိုဒေါင်ပေါက်ကွဲမှု ကဲ့သို့ဖြစ်မည်စိုးသောကြောင့် ယခုကဲ့သို့ ယမ်းအိတ်တန်ပေါင်းများစွာကို လက်စဖျောက်ခြင်းဖြစ်သည်ဟု ကုမ္မဏီ တာဝန်ရှိသူများက ဖြောင့်ချက်ပေးပါသည်။ သို့သော် KIA တာဝန်ရှိသူများကမူ ယခုလုပ်ရပ်သည် ဖားကန့်ဗျူဟာမှူး၏ အမိန့်ပေးစေခိုင်းချက်အရ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ယူဆလျှက်ရှိပါသည်။ ထိုကုမ္မဏီသည် ဗမာစစ်သားများ အလွယ်တကူ လာရောက်ခိုလှုံနိုင်ရန် ယမ်းဂိုဒေါင်အား ဦးစွာရှင်းခြင်းဖြစ်နိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုကုမ္မဏီသည် KIA တို့တပ်စွဲထားရာ ဆိုင်းဂျာဘွမ်တပ်စခန်း၏ တောင်ခြေတွင်ရှိသော ကုမ္မဏီဖြစ်သောကြောင့်ဖြစ်ပါသည်။

ဖားကန့်ရှိကုမ္မဏီအများစုသည် ဗမာစစ်တပ် အတွက် တပ်စခန်းအဖြစ်အကူအညီပေးနေသည့်အပြင် ဗမာ စစ်တပ် လိုအပ်မည့် လက်နက်၊ ရိက္ခာ၊ ဆေးဝါးများ ကိုလည်း ကုမ္မဏီဝင်းအတွင်း ဖြည့်တင်းပေးထား တတ်သည်။ တခါတစ်ရံ ဗမာစစ်တပ်အတွက် ကတုတ်ကျင်းများပင်တူးထားပေးတတ်ပါသည်။ ဗမာစစ်တပ်သည် ဝေေ၀အောင်ကုမ္မဏီ ယမ်းဂိုဒေါင် ပေါက်ကွဲမှုတွင် တပ်ရင်းတစ်ရင်းလုံးပါသွားခဲ့သဖြင့် ကုမ္မဏီဝင်းအတွင်းရှိ ယမ်းဂိုဒေါင်များအား အလွန်ထိတ်လန့် လျက်ရှိပါသည်။

 ယခုထိုယမ်းဂိုဒေါင်တွင် ယမ်းများကို ရေဖျော်ဖျက်ဆီးနေသော ကုမ္မဏီဝန်ထမ်း ၁၇ ဦးနှင့် တာဝန်ခံများအား ခေါ်ယူစစ်ဆေးခဲ့ပြီး အများစုကိုပြန်လွှတ်ပေးခဲ့ကြေင်း၊ ကုမ္မဏီတာဝန်ခံ တစ်ဦးကိုသာ မသင်္ကာ၍ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး မကြာမှီပြန်လွှတ်ပေးမည်ဖြစ်ကြောင်း KIA အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။

ယခုအခါ သံလွင်ဧရာကုမ္မဏီမှ တာဝန်ရှိသူများသည် အစာအဆိပ်ခဲ့သည့် ဖားပြင်ရပ်မိရပ်ဖများအား ပြန်လည် တောင်းပန်ခဲ့ပြီး ဖားပြင်ပြည်သူတို့အသုံးပြုလျှက်ရှိသော သောက်သုံးရန်မသင့်သော ယမ်းဆိပ်သင့်ရေတွင်း၊ ရေကန်အစား ရေပေးဝေရေး အသစ်တစ်ခု ပြန်လည် ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံရပ်မိရပ်ဖ တစ်ဦးက ပြောကြားလာပါသည်။ 

မောင်ရှင်းလင်း
၁၂/၉/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers