www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

လေပုပ်အနံ့ခံ မသတ္တ၀ါတို့အကြံ

လာမည့်အပတ်ကျရင် မြစ်ကြီးနားမှာ ကြံ့ဖွပ်ဇနီး ကချင်အမျိုးသမီးများ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗိသုကာတစ်စု  ကိုယ်ဟန်ပြ စီတန်းလှည့်လည်ဖို့ သတင်းစကား ကြိုတင်ကြားထား ရလို့ အံသြမိပါတယ်။
ဆိုလိုသည်မှာ`ပိုးသာကုန်၊ မောင်ပုန်စောင်းမတတ်` ဆိုတာမျိုး မဖြစ်စေချင်လို့ တစ်နေ့တာ ဖျော်ဖြေရေးမို့ ဈေးကြီးကြီး အလှပြင်စရာတော့ မလိုဘူးထင်ပါရဲ့။ ကချင်အမျိုးသမီးကြီးများရဲ့ မေတ္တာ၊ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ကရုဏာ အစရှိတဲ့ နာကြီးငါးပါးကိုလည်း ချီးကျူး ဂုဏ်ပြုချင်ပေမယ့် ယူကျုံးမရလည်း ဖြစ်မိပါတယ်။
ဆင်ခြင်စရာလေးတစ်ခု မှတ်ကျောက်တင်ဖို့ ထပ်လောင်း ဝေငှချင်ပါသေးတယ်။ ဒေါ်လေးတို့ လိုချင်တောင့်တနေတဲ့ အရာဟာ ငြိမ်းချမ်းရေးဆိုတော့ လွန်ခဲ့တဲ့ (၁၇) နှစ်လုံးလုံး ခံစားခဲ့ရတဲ့ အရသာထူး အခြေအနေမျိုးကို ဆိုလိုသလားမသိ။ ထောက်ပြလိုသည်မှာ လွန်ခဲ့တဲ့ (၁၇)နှစ်တာကာလဟာ အပစ်အခတ်ရပ်ဆိုင်းထားတာကလွဲပြီး ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက် ဆီသို့  အရှိန်ပြင်းပြင်း ခရီးဝေးနှင်ခဲ့ကြတာ သတိထားမိစေလိုပါတယ်။ 
အဆိုပါခရီးဝေးမှ မူလနေရာ ပြန်ရောက်ဖို့ရယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ရယ်၊ ပြည်ထောင်စုကြီး မပြိုကွဲဖို့ရယ်၊  တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ရယ် အစရှိတဲ့ အများပြည်သူတွေရဲ့ တကယ့်တကယ် အဓိကလိုအပ်ချက်တွေကို မပျက်ပျက်အောင်ဖျက်ပြီး မပျောက်ပျောက်အောင် ဖျောက်နေသူတွေဟာ KIO/KIA တွေမဟုတ်ကြဘဲ ကြံ့ခိုင်ရေးအမည်ခံ လက်ရှိအကြံအဖန် ရာဇဝတ်သားလက်ကျန် တွေသာဖြစ်ကြောင်း အထူးလေ့လာဆန်းစစ် စေလိုပါတယ်။ ဒေါ်လေးတို့ရယ် - ကချင်အမျိုးသမီးများရဲ့ အနာဂတ်သမိုင်း စန်းပွင့်လှပသင်းပျံ့ မွှေးကြိုင် လိုပါက စစ်မှန်တဲ့ ပန်းတိုင်ကို လှမ်းမြင်တတ်ဖို့လည်း လိုပါလိမ့်မယ်။   
ယခုဖြစ်ပုံကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြစတမ်းဆိုရင် ဗိုက်နာနေသူ တစ်စုံ တစ်ဦးက လူကြားသူကြားမှာ တိတ်တိတ်ကလေး လေပုပ်မြူးလိုက်တဲ့ဟာကို  ဦးဏှောက် မရှိတဲ့ ခွေးတစ်စုက မစင်တုံးများတွေ့လိုတွေ့ငြား အမြီးတလှုပ်လှုပ်နဲ အလုအယက်အနံ့ခံ စွန့်စားရှာဖွေနေကြသလို ဒေါ်လေးတို့ခမျာ မကြာမီစီတန်းလှည့်လည်မယ့် အစီအစဉ်ဟာလည်းပဲ ကြံ့ခိုင်ရေးဦးကြီးတွေ ဗိုက်နာလို့ လေပုပ်မြူးလိုက်တဲ့ဟာကို `အု အု အု အု - သူ့စကားလူမသိ၊ လူ့စကားသူမသိ၊ သနားပါဘိ` ဆိုတဲ့အဖြစ်မျိုး မရောက်စေလိုကြောင်း စေတနာမွန်ဖြင့် မီးမောင်းထိုးပြလိုက်ရ ကြောင်းပါခင်ဗျား။ 

ကျေးတောသားမောင်ပေါက်ကြိုင်း
တာလောကြီး။
၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers