www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြန်မာနိုင်ငံ၏မျိုးဆက်သစ်များဆီသို့အိတ်ဖွင့်ပေးစာ


သားတို့ သမီးတို့ ရေ၊ သမိုင်းစစ်မှန်ပြောပြမယ်။ ကျောင်းမှာသမိုင်းစစ်သမိုင်းမှန် သင်ချင်မှသင်ရတော့မယ်။ တကယ်တော့ သမိုင်းဆိုတာ ကိုယ်လိုချင်သလို ဆွဲရေးလို့ရတာမျိုး မဟုတ်ဘူး။  ကိုယ်ကကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ  ဖြစ်ရပ်မှန် များကို  ရေးရမယ့် ကိစ္စ ဖြစ်တယ်။ ကျောင်းမှာ အင်္ဂလိပ်ကိုလိုနီခေတ်အကြောင်း ကိုတော့သင်ရမှာပေါ့နော်။ မြန်မာ တပြည်လုံး အင်္ဂလိပ်လက်အောက်နှစ်ပေါင်း ၁၂၀ ကျော်ကြီးများတောင် တပါးကျွန်ဖြစ်ခဲ့ရတယ် လေ။ မြန်မာနိုင်ငံလွတ်လပ်ရေးပြန်ရဖို့ ဗိုလ်ချုပ်အောင်ဆန်း  ကြိုးပမ်းခဲ့စဉ်က  ဗမာပြည်မဟု ခေါ်နေကြသော ဧရာဝတီမြစ်ရိုး တစ်လျှောက် ရှည်ရှည်လျားလျားသာရရှိမည့်ကိန်းဖြစ်နေခဲ့တယ်။ တောင်တန်းဒေသမပါရင်၊ ဗမာပြည်မအရာရောက်မှာ မဟုတ်ဘူးလေ။ ကချင်ပြည်နယ်ကို ကြည့်ပါ။ သစ်တော၊ သတ္တုသယံဇာတ စသည့်တရာသက်စားမကုန် တန်ဖိုးမဖြတ်နိုင်တဲ့သဘာဝပစ္စည်း   ပေါကြွယ်ဝနေတယ်။ ဒါကြောင့်ဗိုလ်ချုပ်ဟာတောင်တန်းဒေသများပါ ဗမာပြည်မနဲ့အတူ တပါတည်း လွတ်လပ်ရေးရဖို့  အထူးစည်းရုံးကြိုးပမ်းခဲ့ တယ်။

ထိုစဉ်က၊ ကချင်လူကြီးတို့၏ ပြည်ထောင်စုစိတ်ဓါတ် သဘောထားကြီး မှုကြောင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ပြီး၊   ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို  တည်ထောင် ခဲ့တာဖြစ်တယ်။ လွတ်လပ်ရေး  မတိုင်ခင်ကာလက၊  အင်္ဂလိပ်ကိုတိုက်ထုတ်တာ၊  ဂျပန်ကိုတိုက်ထုတ်တာ၊ တိုင်းရင်းသားတွေ ထဲမှာ ကချင်ဟာထိပ်ဆုံးကသွေးချွေးကိုအရင်းပြုပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲပေါင်းများစွာပါဝင်ပြီး၊ မြန်မာပြည် ကိုကယ်တင်ခဲ့တာဖြစ်တယ်။

အင်္ဂလိပ်က မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးခါနီးမှာ ကချင်ကိုနောက်ဆုံးပြောသွားသေးတယ်။  “မင်းတို့ကချင်တွေ ဗမာနဲ့အတူ လွတ်လပ်ရေး မယူနဲ့၊  ဗမာနဲ့ပေါင်းရင်မင်း   တို့ရဲ့အနာဂတ် မှားလိမ့်မယ်။ ဗမာဟာစိတ်ထား မကောင်းဘူး။ ယုတ်ညံ့တဲ့စိတ်ထားရှိတယ်။ ငါတို့ ဆယ်နှစ် ထပ်ပြီးမင်းတို့ကို    အုပ်ချုပ်သွားမယ်။ မင်းတို့ ဟာစိတ်နှလုံး  ရိုးသားဖြူစင်တယ်။ ကိုယ့်နိုင်ငံ   ကိုယ်ထူထောင်ပြီး သီးခြားနေထိုင်အုပ်ချုပ်ပါ။ ဒီအတောအတွင်း မင်းတို့ ကိုယ့်ခြေထောက်ပေါ်  ကိုယ်ရပ်တည်နိုင်အောင်  မင်းတို့လိုအပ်နေတဲ့ နည်းပညာပေါင်းစုံကို သင်ကြားပေးသွားမယ်။ မင်းတို့ ပညာစုံလင်တဲ့အခါ၊ မင်းတို့ကိုသီးခြားလွတ်လပ်ရေးပေးမယ်”  လို့ပြောခဲ့တယ်။  ဒါပေမယ့် ဗိုလ်ချုပ်က သွေးခွဲစကားနားမထောင်နဲ့။ ပြည်မနဲ့အတူ လွတ်လပ်ရေးယူမှဖြစ်မယ်။ ကချင်ကို ကျွန်ဆက်လုပ်ဖို့ ဖြားယောင်းနေတာဆိုပြီးစည်းရုံးတော့၊ ကျားကြီးကြောက်လို့ ရှင်ကြီး   စကားနားထောင်ခဲ့ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ကြဖို့၊   ကချင်ကဘဲ ပင်လုံစာချုပ်   ကိုဦးဆောင်ခဲ့ကာ၊ ဗိုလ်ချုပ်စိတ်ကြိုက်ပင်လုံစာချုပ်ကြီးကိုအောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့တာဖြစ်တယ်။

ခုမှငါတို့ ကချင်တွေလမ်းရွေးမှားမှန်း သိရတော့တာပေါ့။ ခုတော့ကျားကြီးထက် ရှင်ကြီးက ပိုဆိုးနေတာသိရပြီလေ။ ကချင်လူကြီးများ အင်္ဂလိပ်ကို ဒီအကြောင်းပြောပြတော့ “မင်းတို့ကို၊   ငါတို့  ဟိုတုန်းကတည်းက ပြောပြီးသားဘဲလေ။ မင်းတို့မှ ငါတို့စကားနားမထောင်တာ”  လို့ပြောခဲ့ကြသတဲ့။ ခုတော့ အစိုးရ ခေတ်အဆက်ဆက် ငါတို့ ကချင်ကို ရာသက်ပန်အုပ်ချုပ်၊  နှိပ်ကွပ်၊ သွေးစုပ်နိုင်ရေးအတွက်သာ  ကြိုးပမ်းနေကြတော့တယ်။ ငါတို့တိုင်းရင်းသားတွေဟာ  ဘာအခွင့်အရေးမှ မယ်မယ်ရရ မရရှိခဲ့ကြဘူး။ ဒါကြောင့် တိုင်းရင်းသား အသီးသီး တပေါက်စီ၊ အစိုးရကို တော်လှန်ရေးတွေစခဲ့ကြတာပေါ့။
ဒီသမိုင်းအမှန်ကိုဖုံးကွယ်ဖို့၊ ၁၆ နှစ်မှာဆယ်တန်းအောင်ပြီး၊ ၁၇-၁၈ နှစ်မှာဗိုလ်လောင်းသင်တန်း (စစ်တက္ကသိုလ်) သို့ရောက်ရှိလာတဲ့၊ ကလေးလူငယ်တွေကိုသမိုင်းအမှန်ဖျောက်ပြီး ဗမာတွေက စိတ်သဘောထား ကောင်းမွန်စွာနဲ့ တိုင်းရင်းသားအခေါ်ခံအဆင့်နိမ့်သတ်မှတ်ခံ လူနည်းစုတွေကို   ပြည်နယ် ကိုယ်စီခွဲဝေထားပေးတာဖြစ်တယ်။ ကချင်မြေကိုသူတို့ လူနည်းစုကသာ လက်ဝါးကြီး အုပ်လိုတာဖြစ်တယ်။ ဒါကြောင့်အကုန်အစင်အမျိုးပြုတ် သတ်ဖြတ်ပစ်ရမှာဖြစ်တယ်။ သူတို့ မခံနိုင်အောင်နည်းမျိုးစုံနဲ့ နှိပ်စက်ကလူပြုရမယ်။ စစ်ပူစစ်အေးနှစ်ဖက်ညှပ် တိုက်ဖျက်ရမယ်။ ကချင်ဟာ မူးယစ်ဆေးဝါး ကိုနှစ်သက်ခုံမင်တယ်။  လက်နက်နဲ့တိုက်ခိုက်တာထက် မူးယစ်ဆေးဝါး လက်နက်က ပိုထိရောက်မြန်ဆန်တယ်ဆိုပြီး၊ ကချင်ကို မျိုးပြုတ်  စစ်ဆင်ရေးလုပ်ဖို့ သင်ခန်းစာ တွေပို့ချတယ်။ သမိုင်းအမှန်ကို ဖုံးကွယ်ထားကြတော့၊ ကလေးဗိုလ်လောင်း တွေခမျာ ပင်လုံစာချုပ် ဆိုတာယောင်လို့မှ မကြားဘူးကြတော့ဘူးလေ။ ဒါကြောင့် သားတို့သမီးတို့ကို အပြစ်တင်   စရာမရှိပါဘူး။   မကောင်းတာက စိတ်ရင်းဆိုးတဲ့  လူကြီးတွေပါ။

ကလေးဗိုလ်လောင်း ကနေ ဗိုလ်ဖြစ်လာကြတဲ့ တပ်မတော်သား စစ်ဗိုလ်တွေဟာ တကယ်ဘဲငါတို့ ကချင်တွေကိုလေးစားရမှန်း မသိကြဘူး။ တောင်ပေါ်သားဆိုပြီးလုံးဝအထင် အမြင်သေးကာ မုန်းတီးရေးဘက်ကို ဦးတည်သွားကြတယ်။ လက်နက်အားကိုးနဲ့ ကချင်မြင်ရင်သတ်ချင်ဖြတ်ချင်၊ စော်ကားချင်ကြတယ်။ ငါတို့ကချင်တွေကို အရက်နဲ့မူးယစ်ဆေးကိုသာမှိန်းပြီး ဘာနိုင်ငံရေးမှ နိုးကြားမှုမရှိသူတွေ ဥာဏ်အမြော်အမြင်အလွန့်အလွန်ခေါင်းပါးသူတွေလို့ ထင်မြင်ကြတယ်။ တလလောက်တိုက်လိုက်ရင် လုံးဝအနိုင်ရပြီလို့တွက်ဆခဲ့ကြတယ်။ (အဲဒီလို စိတ်ဓါတ် သွင်းခံထားကြရတာကိုး)။ ဒါတွေဟာသမိုင်းရဲ့တန်ဖိုးကို နားမလည်တဲ့ ဗမာလူဆိုးကြီးတွေရဲ့ အပြစ်ဖြစ်တယ်။

ခုတော့ ပိုမိုကောင်းမွန်တဲ့ပြည်တောင်စု၊ ပိုမိုတရားမျှတတဲ့ပြည်ထောင်စု၊ ပိုမိုတည်တံ့ ခိုင်မြဲတဲ့ ပြည်ထောင်စု၊ ဒီပြည်ထောင်စုကြီးမပြိုကွဲဖို့ သူတို့ပါးစပ်ကဘယ်လောက်အော်အော်၊ ဒီဘ၀မှာ မလွယ်လောက်တဲ့ ကိစ္စကြီးဖြစ်နေပြီလေ။ ဒါဟာသူတို့ ဖန်တီးခဲ့ပြီးလိုက်လျှောက်နေ ကြတဲ့ မြန်မာ့နိုင်ငံရေးပေါ်လစီ လမ်းကြောင်းကြီးပေါ့။ နေ၀င်းကြီးကစပြီးတိုင်းရင်းသားကိုဗမာဖြစ်အောင်၊ မဖြစ်နိုင်တာကို တသက်လုံးကြိုးစားခဲ့ တာသိပ်မှားတဲ့အမှားကြီးဘဲလေ။ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် သီးခြားရှိနေကြတဲ့ လူမျိုးစုတွေကို အရူးကြီးဦးနေ၀င်းစိတ်ကူးယဉ် အာဏာရူးပြီး စလုပ်ခဲ့တဲ့ လုပ်ရပ်ကိုအမြော်အမြင်အတွေးအခေါ်မဲ့စွာ၊ နောက်ကကောက်ကောက်ပါအောင် လိုက်ရူးခဲ့ကြတာ  ယနေ့ သန်းရွှေ၊ သိန်းစိန်ခေတ်ထိဆိုတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကုန်ပြီး၊ ပြည်ထောင်စုကြီးပြိုကွဲနေပြီလေ။ ဘယ်သူတရားခံလဲဆိုတာ စဉ်းစားတွေးခေါ်လို့ရပြီနော်။ မျိုးဆက်သစ်သားသမီးတိုင်း၊ အခုလောလောလတ်လတ် ဘာကိုမှတ်သားထားရမလဲဆို တာကိုပြောပြပြီး၊ နိဂုံးချုပ်လိုပါတယ်။

“ ယနေ့ ဘာတွေဖြစ်နေလဲ ?”
*အစိုးရအမည်ခံ (၀ါ) အမည်ခံအစိုးရက၊ အပစ်အခတ်ရပ်စဲရေးကို အလိုရှိနေတယ်။ တောင်းဆိုနေတယ်။  သို့ သော်  အစိုးရကဘဲ တပ်မတော်ကို ထိုးစစ်ဆင်ခိုင်းနေတာဘဲ။
(ငြိမ်းချမ်းရေးကို စဖျက်တဲ့တရားခံကလည်း အစိုးရဘဲဖြစ်တယ်။ မှတ်ထားကြနော်။ ဒါသမိုင်း အမှန်ပါ။) *KIO အလိုရှိတာက- နိုင်ငံရေးအရ နိုင်ငံရေးကိုအကျေအလည်ဆွေးနွေးကြဖို့ ဖြစ်တယ်။ အပစ်အခတ်ရပ်စဲဖို့ ဆိုတာ၊ လာပြီးမတိုက်ခိုက်ရင်အလိုလို အပစ်အခတ်ရပ်စဲ  သွားမှာဘဲတဲ့။

(မှန်တယ်နော်)
*အစိုးရအမည်ခံရဲ့ စိတ်ကူးစိတ်သန်းက-စစ်အာဏာတည်တံ့ခိုင်မြဲရေးဖြစ်တယ်။
*KIO ရဲ့ စိတ်ကူးစိတ်သန်းက - ပြည်ထောင်စုကြီးမပြိုကွဲရေးဖြစ်တယ်။
*အမည်ခံအစိုးရ နဲ့အစိုးရတပ်မတော် တို့၏ အဓိကလှုပ်ရှားမှုဟာ - ကချင်လူမျိုးသုန်း စစ်ဆင်ရေးဖြစ်တယ်။
*KIO ရဲ့အဓိက လှုပ်ရှားမှုဟာ - မိမိပြည်နယ်ကို မတရားကျူးကျော်လာတဲ့ ထိုးစစ်ကို ခုခံတိုက်ထုတ်ရေး သာဖြစ်တယ်။
မြန်မာနိုင်ငံ၏ချစ်သောမျိုးဆက်သစ်၊ လူငယ်သားသမီးတို့ အဓိကမှတ်သားထားရမည့် အချက်ကတော့၊ ပြည်ထောင်စု ပေါ်ပေါက်လာရတဲ့ သမိုင်းအမှန်ဟာ၊ ပင်လုံစာချုပ်နှင့် ကချင် လူထုကသာအဓိကရှေ့ဆုံးမှပါဝင်ခဲ့တယ်ဆိုတာကို ဘယ်တော့မှ မမေ့ဖို့ ပါဘဲလို့ ……………။

မနောမြေ - စိန်
၆၊၇၊၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers