www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဖားကန့်ပြည်သူ၏ ဆင်းရဲဒုက္ခကို ကာကွယ်ပေးနေသော KIA တပ်ရင်း ၆ Monday, June 18, 2012

ဖားကန့်ပြည်သူ၏ ဆင်းရဲဒုက္ခကို ကာကွယ်ပေးနေသော KIA တပ်ရင်း ၆

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တပ်ရင်း ၆ လက်အောက်ခံ တပ်ခွဲ ၅ KIA စစ်တပ် အင်အား ၈၀ ခန့်သည် ဖားကန့်မြို့နယ် ဖားပြင်၊ မှော်မှုံ နေရာများသို့ ချီတက်၍ ပြည်သူလူထုများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း ဒေသခံလူမျိုးပေါင်းစုံက လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြောင်း၊ အချို့မှာ အချိုရည်များ၊ မုန့်များဝေငှခဲ့ကြောင်း ဒေသခံတစ်ဦးကပြောကြားလာပါသည်။  ရည်ရွယ်ချက်မှာ ဖားပြင်ဒေသရှိ ကျောက်စိမ်းရှာဖွေသူများကို လိုက်လံဖမ်းဆီး၊ သတ်ဖြတ်လျှက်ရှိသော ဗမာအစိုးရစစ်တပ် နှင့် ရဲများကို ပြည်သူလူထုအား အနိုင်မကျင့်ရန်အင်အားပြသခြင်းဖြစ်ကြောင်းနှင့် မတရားဖမ်းဆီးလာပါကလည်း ပြည်သူလူထုအနေဖြင့် KIA တပ်ရင်း ၆ သို့ လာရောက်အကူအညီတောင်းနိုင်ကြောင်း၊ တပ်ရင်း ၆ အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွါးကို ကာကွယ်ပေးရန်အသင့်ရှိကြောင်း၊ ကျောက်စိမ်းရှာဖွေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြောင်း ဖားပြင်ဒေသခံများနှင့် တွေ့ဆုံစဉ် တရားဝင်ပြောကြားခဲ့ပါသည်ဟု တပ်ရင်း ၆ နှင့်နီးစပ်သူ တစ်ဦးကပြောကြားလာပါသည်။

ဖားပြင်ဒေသသည် ဆိုင်းတောင်အခြေစိုက် ခလရ ၁၆ မှ မေလ ၃၀ ရက်နေ့က ကျောက်စိမ်းရှာဖွေသူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သောနေရာလည်းဖြစ်ပါသည်။ တပ်ရင်း ၆ နှင့်နီးစပ်သူတစ်ဦး၏ အမြင်မှာ “ဖားကန့်ဒေသသည် ကျောက်စိမ်း လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်သောဒေသဖြစ်ပါသည်။ ဖားကန့် ဗျူဟာမှူး၏ ကုမ္မဏီပိတ်အမိန့်၊ ကျောက်စိမ်းရှာ ဖွေခြင်းကို တားမြစ်သည့် အမိန့်ကြောင့် ဒေသခံများမှာ စားဝတ်နေရေးအလွန်ခက်ခဲလာ ပါသည်။ စားဝတ်နေရေး ခက်ခဲသဖြင့် ခိုးမှု၊ လုယက်မှုများနှင့် ဒုစရိုက်မှုများပို၍ များပြားလာပါသည်။ ထို့ကြောင့် KIO အစိုးရ အနေဖြင့် ကုမ္မဏီများကိုလည်း လုပ်ခွင့်ပေးထားကြောင်း၊ ဒေသခံများကိုလည်း ကျောက်စိမ်းရှာခွင့် ပေးထား ကြောင်း၊ နှောက်ယှက်တားဆီးခြင်း မရှိကြောင်းဆိုပါသည်။ အစိုးရကသာ ကုမ္မဏီများကို ပိတ်ခိုင်းကြောင်း၊ ဒေသခံများကို ကျောက်စိမ်းမရှာခိုင်းခြင်းဖြစ်ကြောင်း၊ KIO အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို မကြည့်ရက်နိုင်သောကြောင့် ယခုလိုအင်အားပြခြင်းဖြစ်ကြောင်း” သူ၏အမြင်ကိုပြောပြလာပါသည်။
   
မိုးတွင်းကာလတွင် ကျောက်စိမ်းကုမ္မဏီများရပ်နားထားသော အချိန်ဖြစ်ပါသည်။ နှစ်စဉ် ဒေသခံ များသည် ဤအချိန်တွင် ကျောက်စိမ်းလုပ်ကွက်များတွင် လက်ဖြင့်တူးယူကြပါသည်။ ယခုနှစ်တွင်မှ ကုမ္မဏီများသည် အစိုးရနှင့်ပေါင်းကာ ကျောက်စိမ်း ရှာသူများကို လိုက်လံဖမ်းဆီးခြင်းဖြစ်ပါသည်။ “ ကုမ္မဏီများက သူတို့လုပ်ကွက်မှာ ကျောက်ရှာတာကိုဒေသခံများကို အပြစ်မြင်ကြောင်း၊ ကုမ္မဏီကြောင့် ဒေသခံများ၏ အိုးအိမ်၊ လမ်းတံတားများပျက်စီးမှုများကို မသိကျေးကျွန်ပြုနေကြောင်း၊ သာမာန်လူတစ်ဦး၏ တစ်လသာတူးဖော်မှုသည် ကုမ္မဏီမြေကော်ကား ၁ နာရီလုပ်စာပင်မရှိကြောင်း၊ ကုမ္မဏီများသည် ထိုကဲ့သို့သော စက်ယန္တရားသောင်းချီဖြင့် ၂၄ နာရီလုံး အဆိုင်း ၃ ဆိုင်းခွဲ၍ တူးဖော်ကြောင်း၊ ယခုကဲ့သို့ KIO အစိုးရအနေဖြင့် ပြည်သူလူထုဖက်မှ ရပ်တည်ပေးသောကြောင့် အလွန်ဝမ်းသာကြောင်း၊ ကြိုဆိုကြောင်း“ ဖားပြင်ဒေသခံတစ်ဦးက ပြောကြားလာပါသည်။

ယခုအခါ ဖားကန့်ဒသတွင် ဂွေခါ၊ ရှရော်ခ၊ ဖားပြင်၊ မှော်မှုံ စသည့် KIO ထိန်းချုပ်သော နေရာများ တွင်သာ ကျောက်တူးဖော်နိုင်ခြင်းဖြစ်ပါသည်။ ဗမာအစိုးရထိန်းချုပ်သောနေရာများရှိဒေသခံများသည် ကျီးလန့်စာစား ဘ၀ဖြင့်ရပ်တည် နေရကြောင်း၊ ဗမာရဲများ၊ စစ်သားများတွေ့ပါကထွက်ပြေးရကြောင်း၊ ထွက်ပြေး၍ မလွတ်ပါက စံပြအနေဖြင့်အရေးယူပြပါသည်။ ကုမ္မဏီအချို့သည် KIA တပ်ရင်း ၆ သို့သွားကာ ဒေသခံများကို ကျောက်တူးဖော်ခွင့်မပေးရန် လဒ်လာထိုးကြောင်း၊ တပ်ရင်း ၆ အနေဖြင့် လက်မခံဘဲ ဒေသခံများ၏ မျက်နှာကိုသာကြည့်ကာ ယခုအချိန်ထိ ကျောက်တူးဖော်ခွင့်ပေးထားပါသည်။ ကျောက်တူး ဖော်သူများကိုလည်း အကာအကွယ်ပေးထားပါသည်။ “လက်တစ်ဆုပ်စာ ကုမ္မဏီအရေးထက် သိန်းချီရှိတဲ့ ပြည်သူလူထုရဲ့အရေးကိုကျွန်တော်တို့ပိုအလေးထားပါတယ် “ဟု KIA အရာရှိတစ်ဦးကမှတ်ချက်ပေး ပါသည်။
   
အချုပ်အားဖြင့်ဆိုသော် ဗမာအစိုးရသည် စီးပွားရေးလုပ်ငန်းရှင် (Crony) အုပ်စုနှင့်ပူးပေါင်းကာ ပြည်သူလူထုမျက်နှာကိုမကြည့်ဘဲ ကိုယ်ကျိုးရှာနေခြင်းမှာ ဒီမိုကရေစီအစိုးရအတွက် အလွန်ရှာက်ဖွယ် ကောင်းပါသည်။ “မေလကုန်ကစပြီး ရေမဆေး (ကျောက်စိမ်းရှာသူ) တွေကိုလည်းမမြင်ချင်ဘူး၊ ကျောက်စိမ်းရောင်းဝယ်တာကိုလည်းမမြင်ချင်ဘူး၊ ဧည့်စာရင်းနဲ့နေတဲ့သူ အကုန်ပြန်ခိုင်း  “ ဟူသော ဖားကန့်ဗျူဟာမှူး၏ မှတ်ချက်ကို စာရေးသူအလွန်အံသြမိပါသည်။ ဖားကန့်ဒေသသည် ကျောက်စိမ်း မလုပ်ပါက မည့်သည့်အလုပ်လုပ်ရမည်နည်း၊ ဖားကန့်ဒေသသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စီးပွါးရှာရာဒေသဖြစ်ပါသည်။ ကချင်တစ်မျိုးတည်းနေသောဒေသမဟုတ်ပေ။ ယခုအခါ ကချင်မဟုတ်သော အခြားလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကိုပါ KIO အစိုးရအနေဖြင့် ကာကွယ်ပေးနေရပါသည်။ ဗမာအစိုးရသည် အစိုးရစိတ်ပိုကင်းမဲ့လာသလို KIO အစိုးရအား ဖားကန့် ဒေသခံများပို၍ အားကိုးလာသည်၊ ပို၍ ထောက်ခံလာသည်မှာ မည်သူမျှငြင်း၍ မရနိုင်တော့ပါ။

မောင်ရှင်းလင်း
၁၇/၆/၂၀၁၂
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers