www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

HKANG MYU SHA NI A TSAWRA MYIT

နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိမြန်မာအစိုးရသစ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃) သောင်းခန့်အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများက ကောက်ခံသော အလှုငွေ ကျပ်သိန်း ၅၀၀ ခန့် ရှိဖွယ်ရှိသည်ဟု ခန့် မှန်းကြသည်။

နော်ဝေနိုင်ငံရောက် ချင်းများက ကောက်ခံသည့် ငွေများကို ရန်ကုန်တွင်နေထိုင်ကြသော ချင်းခရစ်ယာန်လူ ကြီးများဖြစ်ကြသည့် Rev. Thawng Kam နှင့် Mrs. Dar Nawn Tial က Kachin Baptist Convention (KBC) ထံ ကျပ်ငွေ ၁၁၉၅၆၅၀၀ ကိုလွှဲအပ်ခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့ တွင် Laiforum မှတဆင့် Mr. Van Lian Thang ရေးသားသည့် စာတွင်ဖေါ်ပြထားသည်။

ထို့ အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော ချင်းခရစ်ယာန်အသင်းများက ကောက်ခံ သော အလှုငွေ ကျပ်ငွေ ၅၂၂၀၀၀၊ ဒိန်းမတ်နိုင်ငံရှိ ချင်းများက ၅၅ သိန်းခန့် ၊ ချင်းပြည်နယ်မှ အကြီး ဆုံး ခရစ်ယာန်အသင်းဖြစ်သည့် Zomi Baptist Convention, Chin Association for Christian Communication, Hakha မြို့ ဟောင်း ခရစ်ယာန်အသင်းနှင့် သြစတေးလျားရောက် ချင်းများက ကျပ်ငွေ ၇၄၁၄၀၀၀ တို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးထံမှ တဆင့် ပေးလှုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ပြီး မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ် ရှိ Lairam Immanuel Local Church (LIKBK) သင်းထောက်တဦးက ” ကျတော်တို့က နိုင်ငံရေးတို့ဘာတို့ မဆိုလိုဘူး၊ လူမှုဒုက္ခရောက်နေသူတွေ အခက်အခဲကို ထောက်ထားပြီး ကူညီတာပါ˝ ဟု ပြောသည်။

သြစတေးလျားနိုင်ငံရောက် ချင်းခရစ်ယာန်အသင်း ၁၂ ခုမှမှ သြစတေးလျား ဒေါ်လာ ၁၆၅၀၇ (ကျပ်ငွေ ၁၂၅၄၅၃၂၀) ကို သြစတေးလျားရှိ Kachin Assocaition of Australia (KAA) ထံသို့  ပေးလှုကြပြီး KAA မှကချင်ပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသူများသို့  လွှဲပေးဖွယ်ရှိကြောင်း ဆက်လက်ဖေါ်ပြထားသည်။

အထက်တွင်ဖေါ်ပြထားသည့် ငွေပမာဏသည် ကျပ်ငွေ ၃၇၀ သိန်းခန့် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ Czech Republic, New Zealand, Malaysia နိုင်ငံရှိ ချင်းများ၏ အလှုငွေကို အသိအကျ မသိ ရသေးသော်လည်း စုစုပေါင်း ကျပ်ငွေ- ၅၀၀ သိန်းခန့်  ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။

ပြည်တွင်းပြည်ပ ရှိချင်းလူမျိုးများသည် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့  တိုက်ပွဲ ကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသော ကချင်လူမျိုးများအတွက် အလှုငွေကို လွန်ခဲ့သည့် ၂ လ ခန့် က စတင်ကောက်ခံခြင်းဖြစ်သည်။


ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers