www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကချင် လှုပ်ရှားမှု ဓာတ်ပုံပြပွဲ ပြုလုပ်

ဘစောတင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များကလပ် (FCCT)၌် ယမန်နေ့ ညဦးပိုင်းတွင် ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လှုပ်ရှားမှု ဓာတ်ပုံ ပြပွဲ တပွဲကို နိုင်ငံခြားသား ဓာတ်ပုံ သတင်းထောက် တဦးက ပြုလုပ်သွားသည်။

အဆိုပါ Portrait of Independence: A look inside the Kachin Independence Organization အမည်ရှိ ဓာတ်ပုံ ပြပွဲတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ လက်ရှိလှုပ်ရှားမှုများအား ထင်ဟပ်စေသော ဓာတ်ပုံ (၃၆) ပုံကို ဓာတ်ပုံ သတင်းထောက် Ryan Libre က ပြသ ထားခြင်းဖြစ်သည်။

ryan_libre

ပြပွဲတွင် ပြသထားသော ဓာတ်ပုံများနှင့်အတူ တွေ့ရသည့် ဓာတ်ပုံ သတင်းထောက် Ryan Libre (ဓာတ်ပုံ - ဘစောတင်/ဧရာဝတီ)

မြန်မာနိုင်ငံ နယ်စပ်အသီးသီးတွင် တိုင်းရင်းသားအဖွဲ့မျိုးစုံရှိကြကြောင်း၊ ထိုအဖွဲ့များထဲမှ ကချင်ကို အထူး စိတ်ဝင်စားကြောင်းနှင့် ဓာတ်ပုံသတင်းထောက်ဘ၀ကို အလွန်မြတ်နိုးသူ ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း သို့ဝင်ကာ ယခုပြသထားသည့် ဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း Ryan Libre က ဧရာဝတီသို့ ပြော သည်။

“ကျနော်ဟာ ဓာတ်ပုံကိုချစ်တယ်၊ ဓာတ်ပုံသတင်းထောက်ဘ၀ကိုလည်း သဘောကျတယ်၊ မြန်မာနိုင်ငံ နယ် စပ်တလျှောက်မှာ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေ မျိုးစုံရှိကြတဲ့အနက်၊ ကျနော်က ကချင်ကို အရမ်းစိတ်ဝင်စားတယ်၊ ဒါကြောင့် မြစ်ကြီးနားထိသွားပြီး ဒီပုံတွေကို ရိုက်ကူးခဲ့တာ”ဟု သူက ဆိုသည်။

ပြပွဲ၌ ဓာတ်ပုံများကို ခေါင်းဆောင်များ ( Leaders)၊ ပညာရေး (Education)၊ ယဉ်ကျေးမှု ( Culture)၊ သင်တန်း (Training)၊ ဗမာလွှမ်းမိုးမှု (Burmese influence ) စသည်ဖြင့် ခေါင်းစဉ်ခွဲကာ ပြသထားသည်။

ကချင် ခေါင်းဆောင် ဘရန်ဆိုင်းနှင့် မျက်မှောက်ခေတ်ခေါင်းဆောင်များ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ မှ လူငယ်များ သင်တန်းတက်ရောက်ပုံ၊ ကချင်ကလေးငယ်များ ပညာသင်ကြားနေကြပုံ စသည်များကို ပြသ ထားပြီး ယင်းပုံများသည် မျက်မှောက်ကာလ ကချင်များ၏သမိုင်းကို ပြောပြနေသည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ ရိုက်ကူးပြသခြင်းဖြစ်ကြောင်း ပြပွဲလာသူများကို Ryan Libre က ရှင်းပြသည်။

Ryan Libre က“ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ အခုနေခါ စစ်အစိုးရကို အာခံပြီးတိုက်နေတာမဟုတ်တော့ ဘူး၊ သူတို့ဟာ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေးစတဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို တည် ဆောက်ဖို့ အားထုတ်နေတယ်လို့ ပြောလို့ ရတယ်”ဟု ပြောသည်။

ယခုနှစ်အတွင်း မြန်မာ သတင်းများတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် နအဖတို့ အကြားတွင် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး၊ ပြည်နယ် ရပိုင်ခွင့်များကို ညှိနှိုင်းဆွေးနွေးခြင်း၊ အခြေခံဥပဒေကိစ္စ ခုခံပြော ဆိုခြင်း၊ မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းနှင့်၂၀၁၀ ရွေးကောက်ပွဲ စသည်တို့နှင့် ပတ်သက်ပြီး များစွာ ရှေ့တန်း ရောက်နေသည်ဟုလည်း သူက ဆိုသည်။

အကယ်၍ ပြည်နယ်အခွင့်အရေးများကိုသာ ကချင်များရရှိမည်ဆိုပါက ၎င်းတို့ ပြည်နယ်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ရန် အဆင်သင့် ဖြစ်နေကြောင်း သူ၏ဓာတ်ပုံများက ပြောနေကြသည်ဟု Ryan Libre က ဆက် ပြောသည်။

“ဒီဓာတ်ပုံတွေကို အသေအချာကြည့်ရင် သူတို့ ဘာလုပ်နေတယ် ဆိုတာကို သိလာမယ်၊ ဓာတ်ပုံတွေက ခင်ဗျားကို ပြောပြလိမ့်မယ်”ဟု သူက ပြောဆိုသည်။

Ryan Libre သည် ယခုဓာတ်ပုံများ ပြပွဲတင်နိုင်ရန်အတွက်၂ နှစ်အချိန်ယူခဲ့ရပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ် တွင် ၄ လ ကြာ ဓာတ်ပုံများကို ရိုက်ကူးခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားရှိ တည်းခိုသော ဟိုတယ်သို့ စစ်အစိုးရ ထောက်လှမ်းရေးများ ရောက်လာကာ ၎င်း၏ကွန်ပျူတာ ထဲ မှ ပုံများနှင့် ကင်မရာထဲမှ ပုံများကို ဖျက်ဆီးသွားခြင်း ကဲ့သို့သော နှောင့်ယှက်မှုများကိုလည်း ကြုံခဲ့ရ သည် ဟု Ryan Libre ကပြောပြသည်။

သူသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဖြစ်ပြီး လွန်ခဲ့သော (၈)နှစ်ခန့် မှ စတင်ကာ ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်၍ ဓာတ်ပုံသတင်းသမားအဖြစ် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

ယင်းဓာတ်ပုံပြပွဲသို့ လာရောက်သော မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသူတဦးက“ကျမက ကချင်လူမျိုး ဆိုတော့ စိတ်ဝင်စားလို့ လာခဲ့တာ၊ ကိုယ့်ပြည်နယ် အကြောင်းဆို သိချင်တယ်၊ ပြီးတော့ ကျမ မရောက်ဘူး တဲ့ နေရာတွေက ဓာတ်ပုံတွေဆိုတော့ ကြည့်ချင်တယ်လေ၊ အခုလို နိုင်ငံတကာက ကချင် အကြောင်း သိအောင် ပြပွဲလုပ်ပြတာကို ၀မ်းသာတယ်”ဟု ဆိုသည်။

အဆိုပါပြပွဲသို့ နိုင်ငံခြား သတင်းထောက်များသာ အဓိက တက်ရောက်လေ့လာကြသည်ကို တွေ့ ရသည်။

ယခုဓာတ်ပုံများကို ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် အိုဆာကာမြို့များတွင်လည်း ဆက်လက်ပြသသွားမည်ဟု သိရသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers