www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

သန်းထိုက်ဦး
ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကျေးရွာ ၆ ရွာမှ ကရင်ရွာသား ၂၀၀၀ ခန့်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ၎င်းတို့ ထိန်းချုပ်ထားသော ဒေသအတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ခံရသော ရွာသားများသည် ဖာပွန်ခရိုင်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော်(KNLA) တပ်မဟာ ၅ ထိန်း ချုပ်ဒေသတွင်း နေထိုင်ကြသူများဖြစ်သည်။

DKBA တပ်ဖွဲ့က တပ်သားသစ်များ စုဆောင်းနေပြီး ရွာသားများကိုလည်း ထိုဒေသမှ ထွက်ခွာခြင်း မပြုရန်တား မြစ်နေကြောင်း ကရင် ကယ်ဆယ်ရေး နှင့် ဖွံ့ဖြိုးရေးရုံး (KORD)၏ ၀န်ထမ်းတဦးဖြစ်သူ မောလောက ဧရာဝတီကို ပြောပြသည်။

“ရွာသားတွေကို သူတို့က စခန်းထဲကနေ ပေးမထွက်ဘူး။ အစား အစာထွက်ရှာတာမျိုး ခွင့်မပြုဘူး”ဟု ထိုဒေသ သို့ မကြာသေးမီက ရောက်ရှိခဲ့သူ မောလောက ပြောသည်။

KORD မှ မောလော၏ ပြောကြားချက်အရ DKBA တပ်ဖွဲ့များက ယင်းကျေးရွာများမှ ဒေသခံများကို KNU နှင့် မပတ်သက်ရန် ဖြစ်နိုင်ကြောင်း ယခုကဲ့သို့ အတင်းအဓမ္မ ပြောင်းရွေ့ခိုင်းခဲ့သည်ဟု ဆိုသည်။

အလားတူပင် မြန်မာ့ တပ်မတော်နှင့် DKBA တို့၏ ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် တပ်မဟာ ၅ စခန်းများကိုလည်း ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်ဟု ကရင်လူငယ်များ အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ဧရာဝတီသို့ ပြောသည်။

KYO ဥက္ကဌ သည် KNLA တပ်မဟာ ၅ ဒေသမှ မကြာသေးခင် ရက်ပိုင်းမှ ထိုင်းနယ်စပ်သို့ ပြန်လည်ရောက်ရှိ လာသူတဦးဖြစ်သည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနီး သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွှတ် ဆုံးရှုံးခံမည် မဟုတ်ဘဲ ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်ပြင်ထား ကြကြောင်းလည်း သိရသည်။

ဒေသခံ ရွာသားများ၊ စီးပွားရေးသမားများကလည်း ဒေသအခြေအနေကို စောင့်ကြည့်နေကြသည်။ ထိုးစစ် ပြီးဆုံးပါက DKBA တပ်ဖွဲ့များသည် ထိုင်းမြန်မာနယ်စပ် သံလွင်မြစ်တလျှောက်တွင် အခြေချမည်ဟုDKBA သတင်းရပ်ကွက်မှ သိရသည်။

သံလွင်မြစ် နှင့် သောင်ရင်းမြစ် များရှိ သစ်ထုတ်လုပ်ခြင်း၊ အခွန်ကောက်ခြင်း၊ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းအပါအဝင် နယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများကို DKBA က တာဝန်ယူ ထိန်းချုပ်ပြီး လုံခြုံရေး ယူရမည်ဟု အဆိုပါ DKBA သတင်းရပ်ကွက်က ပြောသည်။

ထိုဒေသသည် DKBA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပါက နယ်စပ်ရှိ သံလွင်မြစ်ကို ဖြတ်ပြီး တပ်မဟာ ၅ ဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ ဖြန့်ဝေနေသော ကရင် တိုင်းရင်းသား အကူအညီပေးရေးအဖွဲ့တို့၏ လုပ်ငန်းများကို ထိခိုက်စေမည်ဟု နယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။

DKBAက ဤဒေသကို ထိန်းချုပ်ခဲ့ပါက နယ်စပ် ကုန်သွယ်ရေးတွင် တားမြစ် ကန့်သတ်ချက်အသစ်များ ထုတ်ပြန် မည်ကို ဒေသခံ လုပ်ငန်းရှင်များကလည်း စိုးရိမ်နေသည်။

သံလွင်မြစ်သည် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် မြစ်တခု ဖြစ်သည်။ ဤဒေသ၏ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းသည် DKBA က KNLA နှင့် ခွဲထွက်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ကျ ဆင်းသွားရာမှ မကြာသေးမီ နှစ်များအတွင်း ပြန်လည် တိုးတက်လာခဲ့သည်။

မြန်မာစစ်အစိုးရသည် DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။ DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့သည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers