www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဖွဲ့စည်းပုံမပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင်နိုင်ငံရေးခေါင်းဆောင် ကြေညာ

ဘစောတင်
စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပါလျှင်၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပသော ALD ပါတီ ၂၁ နှစ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် ALD အတွင်းရေးမှူး ဦးအေးသာအောင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးအေးသာအောင်

ဦးအေးသာအောင်က“ဒီမိုကရေစီ စနစ်ကိုသွားချင်ရင် ဒီမိုကရက်တစ်ဆန်ရမယ်၊ ဒီမိုကရေစီမှာ ရွေးကောက် ပွဲဆိုတာကို မလွဲမသွေ ဖြတ်သန်းရမယ်ဆိုတာကိုနားလည်တယ်၊ ဒါပေမယ့် ဒီမိုကရက်တစ် အခင်းအကျင်း မပါတဲ့ရွေးကောက်ပွဲကိုတော့ အန်ကယ်လ်တို့က လက်မခံနိုင်ဘူး၊ အန်ကယ်လ်တို့ ပါတီအနေနဲ့ကတော့ ဒီကိစ္စမှာ ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်၊၂၀၀၈ အခြေခံဥပဒေကို ပြန်လည်မပြင်ဆင်ရင်၂၀၁၀ ရွေး ကောက်ပွဲကို မ၀င်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ သည် ပြည်နယ်များ တိုင်း ဒေသကြီးများ သတ်မှတ်ထားသော် လည်း အရေးပါသောလုပ်ပိုင်ခွင့်များကို စစ်တပ်ကသာ လက်ဝါးကြီးအုပ်ထားသောကြောင့် ဒီမိုကရေစီ စနစ် ကိုဖော်ဆောင်ရန်မဖြစ်နိုင်သော ဖွဲ့စည်းပုံဥပဒေသာ ဖြစ်ကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြသွားသည်။

“၂၀၀၈ခုနှစ်က တဖက်သတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ မစဉ်းစားဘူးဆိုရင် နအဖ က ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ကျနော်တို့ ရဲ့ မိတ်ဆွေ ညီအစ်ကိုတွေဖြစ်တဲ့ အခြား တိုင်းရင်း သား ပါတီတွေကလည်း မစဉ်းစားဘူးဆိုတာ ပြောပြီးသားပါ၊ အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လည်း ရွေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး အတိအလင်း သဘောထားထုတ်ပြန်ပြီးသားပါ”ဟု ဦးအေး သာအောင်က ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ALD)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော် ပုံ ကာလက ဦးဆောင်လှုပ်ရှားခဲ့ကြသော ထင်ရှားသည့် ရခိုင်ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းတည်ထောင် ခဲ့ ခြင်း ဖြစ်သည်။

ALD သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ အမတ် နေရာ ၁၁ နေရာဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း အမတ် ဦးရေ အများဆုံး အနိုင်ရခဲ့သော ပါတီဖြစ်သည်။

ALD အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ)၏ ၁/၉၀ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သောကြောင့် ၁၉၉၃ ခုနှစ်တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ဦးအေးသာအောင်က“ကျနော် တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ကို စစ်အစိုးရက အကြောင်းအမျိုးမျိုး ပြပြီးတော့ ဖျက်သိမ်းလိုက်ပေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ ဥက္ကဌကြီး ဒေါက်တာစောမြအောင်နဲ့ အခြားပါတီ ခေါင်း ဆောင်များက ကြုံလာတဲ့နိုင်ငံရေးမုန်တိုင်းတွေကို ကြံ့ကြံ့ခံပြီးတော့ ပါတီရဲ့ လမ်းစဉ် မူဝါဒတွေကို တစိုက် မတ်မတ် လုပ်လာခဲ့ပါတယ်၊ တိုင်းရင်းသားပါတီတွေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ပါ လက်တွဲ ပြီး ချီတက်လာတာ အခု ၂၁နှစ်ရှိခဲ့ပါပြီ၊ ကျနော်တို့ပါတီကို ရခိုင်ပြည်သူတရပ်လုံးက ကိုယ်စားပြုပါတီ အဖြစ် ရွေးချယ်ထားတာမို့ ကျနော်တို့ ဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ တာဝန်ကို ဆက်လက်ပြီး ထမ်းရွက်သွားမှာ ပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ်”ဟု ဆိုသည်။

ထို့အတူ ပြည်ပအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဗဟို)မှ ဥက္ကဌ ဦးထွန်းဝင်းကလည်း“နအဖရဲ့ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ဒီမိုကရေစီနည်းကျ ပြဌာန်းတာမဟုတ်လို့ ကျနော်တို့ဆန့်ကျင် သလို အဲဒီဥပဒေနဲ့ ကျင်းပမယ့်၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျနော်တို့ ပါတီအနေနဲ့ လက်မခံပါဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ဆက်လက်ဆုပ်ကိုင်ပြီး ရခိုင်ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်သွားမယ်လို့ ပြောလိုပါတယ်”ဟု ပြောဆိုသည်။

ဦးထွန်းဝင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ် သည်။ ယခုအခါ ၎င်းသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)ကို ဦးဆောင်နေသူဖြစ်ပြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ(NCGUB) ၏ ပညာရေးဝန်ကြီးလည်းဖြစ်သည်။

တနင်္ဂနွေနေ့က ကျင်းကသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ရခိုင်နိုင်ငံရေးသမားများ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်နှင့် ဦးစော နိုင်းနိုင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်၊ မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးနိုင်ငွေသိန်း၊ ချင်းနိုင်ငံရေးခေါင်းဆောင် ဦးထောင်ကိုထန်းနှင့် မကြာမီက သရက်ထောင်မှ ပြန်လည် လွတ်မြောက် လာ သည့် ရခိုင်နိုင်ငံရေးသမား ကိုခိုင်ကောင်းစံ အစရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers