www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

နမ္မတီး သကြားစက်ကို KIO ၀ယ်ယူ

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်ရှိ နမ္မတီး သကြားစက်ကို အပစ်ရပ် အဖွဲ့အစည်း တခု ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)က ကျပ်ငွေ သိန်း သုံးထောင်ဖြင့် အင်္ဂါနေ့တွင် ဝယ်ယူ လိုက်ကြောင်း KIO နှင့် နီးစပ်သူ တဦးက ပြောသည်။


သိန်းပေါင်းများစွာ အကုန်အကျခံပြီး ၀ယ်ယူခဲ့သော်လည်း အကျိုးအမြတ် များစွာ မရသည့် လုပ်ငန်းဖြစ်သည်ဟု အကဲခတ်များက ပြောသည်။

အစောပိုင်းကာလများတွင် သကြားစက်ရုံ လည်ပတ်မှု အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံအုပ်ချုပ်မူ အားနည်းခြင်းကြောင့် သကြားအထွက်နှုန်း ကျဆင်းခဲ့ကြောင်း ကချင် စာနယ်ဇင်းသမားတဦးက ပြောသည်။

“အစပိုင်းကတော့ တော်တော်လေး ကောင်းကောင်း လည်ပတ်တယ်၊ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး အခြေအနေ အမျိုးမျိုးကြောင့် ကျသွားတယ်၊ အဓိက ကတော့ စီမံ အုပ်ချုပ်တဲ့ အပိုင်းမှာ ကျသွားတယ်” ဟု ကချင်သတင်းဌာန Kachin News Group ၏ အယ်ဒီတာ လဖိုင် နော်ဒင်းက ပြောသည်။

ကျပ်ငွေ သိန်း သုံးထောင်ကို တလုံးတခဲတည်း ပေးချေခြင်း မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ပြီး အရစ်ကျ ငွေပေးသွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သကြားစက်ရုံ လည်ပတ်ရေးကို KIO ၏ စီးပွားရေး အဖွဲ့တခုဖြစ်ပြီး စီးပွားရေးသမားများ ရှယ်ယာထည့်ဝင်ထားသည့် ဘူဂါ (Buga) ကုမ္ပဏီ လီမိတက်က တာဝန်ယူခဲ့သည်။

ဘူဂါကုမ္ပဏီသည် ကြံမှ ထွက်သည့် ထုတ်ကုန်ပစ္စည်းများအနက် သကြား တမျိုးတည်းကိုသာ ထုတ်လုပ်ခွင့် ရထားခြင်း ဖြစ်သည်။

ကြံပင်မှ ရရှိနိုင်သော ထုတ်ကုန်များ ဖြစ်သည့် စက္ကူ၊ ပရိဘောဂ၊ ဘီယာ စသည်တို့ကို ထုတ်လုပ်ရန် အာဏာပိုင်တို့ထံမှ ခွင့်ပြုချက် မရသဖြင့် ဘူဂါကုမ္ပဏီအတွက် တွက်ခြေမကိုက်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

နမ္မတီး သကြားစက်သည် ယခင်က နိုင်ငံပိုင် စက်ရုံ ဖြစ်သော်လည်း အာဏာပိုင်တို့က ၁၉၉၉ ခုနှစ်တွင် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

စက်ရုံဝယ်ယူသည့်သတင်းနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ရှိ KIO ရုံးသို့ ဆက်သွယ် မေးမြန်း သော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိဟု ရုံးဝန်ထမ်းတဦးက အကြောင်း ပြန်ကြားခဲ့သည်။

KIO က ၀ယ်ယူလိုက်သည့် နမ္မတီး သကြားစက်သည် သက်တမ်း ၅၆ နှစ်ရှိပြီဟု သိရသည်။

KIO တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) အမည်ရှိ စစ်ရေးအဖွဲ့ ရှိပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ယခုအခါ ကျောက်စိမ်းတွင်း၊ ရွှေတွင်း၊ သစ်ထုတ်လုပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး စသည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers