www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့တော့မည်

နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ လက်ရှိ တက်ရောက်နေသော စစ်အရာရှိကြီး ၈၆ ဦးကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားတွင် ချီတက်လာသော မြန်မာစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဆေးအလေးပြုခံနေစဉ် (ဓာတ်ပုံ - Getty Images)

သင်တန်းတက်ရောက်နေသော အဆိုပါ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူးကြီးများအပါအဝင် စစ်တပ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်နေသည့် စစ်အရာရှိကြီးများ စုစုပေါင်း ၃၀၀ ကျော်ကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် ရွေးချယ်ထားသည်ဟု စစ်တပ်အသိုင်းအဝိုင်း ကပြောသည်။

“အခု ကာကွယ်ရေးတက္ကသိုလ်မှာ တက်နေတဲ့ ဗျူဟာမှူးတွေ ထဲက ၈၆ယောက်ကို ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ အမတ် လောင်းအနေနဲ့ ရွေးထားတယ်”ဟု နေပြည်တော်စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ထို့အပြင် စစ်တပ်အတွင်းမှ လက်ရှိဗျူဟာမှူး တာဝန်ကို ထမ်းဆောင်နေသည့်ဗိုလ်မှူးကြီး အဆင့်ရှိသူ စုစုပေါင်း ဦးရေ ၂၀၀ ကျော်ကိုလည်း ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ထားကြောင်း အဆိုပါ သတင်းရပ်ကွက်မှ သိရသည်။

“လက်ရှိ တပ်ထဲမှာ ဗျူဟာမှူးလည်းလုပ်နေတယ်၊ ရာထူးလည်း ဆက်မတက်တော့တဲ့ သူတွေပါမယ်၊ အားလုံးကို စုပြီး ရွေးကောက်ပွဲ အတွက် သင်တန်းသုံးပတ်ပေးမယ်လို့ပြောတယ်”ဟု စစ်တပ်နှင့် နီးစပ်သူက ဆိုသည်။

လက်ရှိတက်ရောက်နေသည့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းသည် ယခုလ ၁၇ ရက်နေ့တွင် သင်တန်း ဆင်းမည်ဖြစ်ကြောင်း၊ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ၏ ညှိနှိုင်းအစည်းအဝေး(လေးလပတ်)ကိုလည်း ၁၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးအပြီးတွင် ထုတ်ပြန်လိမ့်မည်ဟု သိရသည်။

“၁၇ ရက်နေ့ သင်တန်းဆင်း၊ ၁၈ရက်နေ့ ညစာစားပွဲလုပ်ပြီးရင် တန်းပြီး တပ်ကိုပြန်ရမယ်၊ ရွေးထားတဲ့အထဲမှာ ပါရင်တော့ သင်တန်းနောက်ထပ် တက်ရဦးမယ်၊ ခရီးစရိတ်တွေကုန်ရ ဦးမှာပေါ့”ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောဆိုသည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပါတီတခုအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားပြီး “အမျိုးသားနိုင်ငံရေးပါတီ” ဟု အမည်ပေးထားကြောင်း သိရသည်။

ထိုပါတီတွင် ယခုလက်ရှိ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများနှင့် လက်ရှိ ၀န်ကြီးဌာနများမှ နုတ် ထွက်မည့် ၀န်ကြီးများ၊ စစ်အစိုးရကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်း (ကြံ့ဖွံ့)နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေး အဖွဲ့ဝင် တချို့ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

၎င်းကြံ့ဖွံ့အဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များသည် လူမှုရေးအဖွဲ့အစည်းများအဖြစ် ဆက်လက်ကျန်ရှိ နေဦးမည်ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသော်လည်း ကျင်းပမည့်အချိန်ကာလ နှင့် ရွေးကောက်ပွဲ ဥပဒေတို့ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

သို့သော် မကြာသေးခင်က ဦးသုဝေ ဦးဆောင်ပြီးလွတ်လပ်ရေး ခေတ်ဝန်ကြီးချုပ်ဟောင်း ၃ ဦး ၏ သမီးများနှင့် ဖွဲ့စည်း သည့် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်နယ်မှ ၀ါရင့် ရှမ်းနိုင်ငံရေး သမားကြီး ဦးရွှေအုန်း နှင့် တတိယအင်အားစုအဖြစ် လှုပ် ရှားနေသူ ကိုနေမျိုးဝေ တို့ ပူးပေါင်းပြီး မဟာမိတ် နိုင်ငံရေး အဖွဲ့ကိုဖွဲ့စည်းခြင်းများရှိကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ ၀င်ရောက်မည့် ပါတီအဖွဲ့အစည်းများ အနေဖြင့် ငွေကြေးအခက်အခဲရှိပါက စစ်အစိုးရ အနေဖြင့် ကူညီမှုများပေးမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် စစ်တပ်မှ ကိုယ်စားလှယ်တဦးကို ထည့်သွင်းပေးရမည် ဟု အတည်မပြု နိုင်သော သတင်းများအရသိရသည်။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဟု လွှတ်တော် နှစ်ရပ်ပါဝင်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၄၀ သတ်မှတ်ထားသည့်အနက် စစ်တပ် ၏ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၁၀ ပါဝင်မည်ဖြစ်ပြီး၊ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၂၂၄ ဦး သတ်မှတ်ထားသည့်အနက် စစ်တပ်ကိုယ်စားလှယ် ၅၆ ဦးပါဝင်မည်ဖြစ်သည်၊ ထိုကြောင့် လွှတ်တော်နှစ်ရပ်တွင် စစ်အစိုးရ ၏ လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်မည်ဖြစ်သည်။

၁၉၉၀ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄၉၂ နေရာ သတ် မှတ်ခဲ့ပြီး၊ ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီအဖွဲ့အစည်းပေါင်း ၂၃၆ ဖွဲ့မှတ်ပုံတင်ခဲ့သည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers