www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

တခြား တိုင်းရင်းသား အဖွဲ့များလည်း အတိုက်ခံရမည်ဟု ဖုန်ကြားရှင် သတိပေး

ကိုးကန့်ဒေသကို မူးယစ်ဆေး နှင့် လက်နက်စက်ရုံ အကြောင်းပြပြီး ၀င်ရောက် တိုက်ခိုက်ခဲ့သော စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း အကြောင်း အမျိုးမျိုး ပြပြီး ၀င်ရောက် တိုက်ခိုက်တော့မည်ဟု ယူဆကြောင်း တိမ်းရှောင်နေသည့် ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်သောကြောင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုမဆို ချေမှုန်းနိုင်မည်ဟု ဦးဖုန်ကြားရှင်က ဆိုသည်။

ဦးဖုန်ကြားရှင် (ဓာတ်ပုံ - Tom Kramer)

“စစ်အစိုးရက ကိုးကန့်ဒေသကို ချုပ်ကိုင်ထားလိုက်ပြီ၊ တရုတ်အစိုးရက ဘယ်လို တုံ့ပြန်သလဲ ဆိုတာလည်း စစ်အစိုးရက ရှင်းရှင်းလင်းလင်း သိသွားပြီ။ ဒီတော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းကတော့ နယ်စပ်မှာ ရှိတဲ့ လူနည်းစု အဖွဲ့အစည်းတွေကို ချေမှုန်းရေး ဆိုတဲ့ သူတို့ရဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ဦးဖုန်ကြားရှင်က ဧရာဝတီနှင့် သီးသန့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

ဦးဖုန်ကြားရှင်က သူ လောလောဆယ် ရောက်ရှိနေသည့် နေရာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ကိုးကန့်ဒေသတွင် ရှိသော လက်နက်ပြင်ဆင်သည့် စက်ရုံသို့ ယခင်က အစိုးရ အရာရှိများ သွားရောက် လည်ပတ်ဖူးသော်လည်း ယခုမှ ထိုအချက်ကို ဆင်ခြေပေးကာ ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြန်မာစစ်အစိုးရက ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ပါလိမ့်မယ်၊ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ” ဟု ဦးဖုန်ကြားရှင်က ဆိုသည်။

စစ်အစိုးရက အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးချဲ့လိုသဖြင့် ၎င်းတို့သည် တရုတ်အစိုးရ၏ သြဇာခံ မဟုတ်ကြောင်း ပြသရန် ကိုးကန့် ဒေသကို ၀င်ရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ဦးဖုန်ကြားရှင်က သူ၏အမြင်ကို ပြောသည်။

သြဂုတ်လကုန်ပိုင်းက ၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများ အပြီးတွင် မြန်မာ့တပ်မတော်က ထိုဒေသကို ထိန်းချုပ်ထားလိုက်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် မြန်မာ့တပ်မတော်က ကိုးကန့်ဒေသအတွင်း အခြေစိုက် တပ်စွဲထားထားပြီး ဖြစ်သောကြောင့် နယ်မြေ စိုးမိုးမှု၊ ကျွမ်းကျင်မှု ရှိသည် ဟူသော အချက်ကိုလည်း ဦးဖုန်ကြားရှင်က ထောက်ပြသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတွင် မြန်မာ့တပ်မတော်က လုယက်မှု၊ မုဒိမ်းမှု၊ အရပ်သားများကို သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟူသောသတင်းများကိုကြားရသည်ဟု ဦးဖုန်ကြားရှင်က ပြောသည်။

တိုက်ပွဲများအပြီးတွင် ကိုးကန့်ဒေသကို ထိန်းချုပ်လိုက်သော စစ်အစိုးရက ဦးဖုန်ကြားရှင် နှင့် ကိုးကန့်ခေါင်းဆောင် ၃ ဦးသည် ဥပဒေ ချိုးဖောက်သူများ ဖြစ်ကြောင်း၊ အသစ် ပေါ်ပေါက်လာသည့် ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ နှင့် လက်တွဲ သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း ဦးဖုန်ကြားရှင်ကမူ အသစ်ဖွဲ့လိုက်သည့် အဆိုပါ ကိုးကန့် ကော်မတီ၏ ခေါင်းဆောင်များသည် လူထုကို သစ္စာဖောက်ပြီး စစ်အစိုးရထံ အညံ့ခံလိုက်သူများဖြစ်သည်ဟု ပြောကြားလိုက်သည်။

ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန်က စစ်အစိုးရကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောတူသည်ဟု ယခုရက်ပိုင်းအတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ထားသည့် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းကြရန် အဆက်မပြတ် ဖိအားလျက်ရှိသည်။

ဦးဖုန်ကြားရှင်က ၎င်းတို့အနေဖြင့် တပ်များ အသွင်ပြောင်းရေး အစီအစဉ်ကို ဆန့်ကျင်ခြင်း မရှိသော်လည်း စည်းမျဉ်းစည်းကမ်းများကို သဘောတူခြင်းမရှိဟု ဆိုသည်။

“ဥပမာဗျာ အသက် ၅၀ အထက် အရာရှိတွေကို အနားပေးလိုက်ရမယ်၊ သူတို့ကိုယ်တိုင် လုပ်ကိုင်ရှာဖွေ စားသောက်ရမယ်။ ဒေသ အုပ်ချုပ်ရေးပိုင်း အရေးပါတဲ့ အရာရှိ နဲ့ တပ်မှူးတွေကို စစ်အစိုးရက ခန့်ထားမယ်။ ဒီကမ်းလှမ်းချက်တွေက ဘယ်အပစ်ရပ်အဖွဲ့တွေအတွက်မဆို လက်ခံနိုင်စရာမရှိဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံရှိ သူ၏ ပိုင်ဆိုင်မှုများကို စစ်အစိုးရက သိမ်းယူလိုက်သကဲ့သို့ တရုတ်နိုင်ငံရှိ သူ၏ ပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများကိုလည်း တရုတ်အာဏာပိုင်တို့က ထိန်းသိမ်းလိုက်သည်ဟု ဦးဖုန်ကြားရှင်က ရှင်းပြသည်။

ဦးဖုန်ကြားရှင်သည် တိုက်ပွဲများဖြစ်ပွားချိန်မှ စပြီး ယခုအချိန်အထိ ၀ တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ် ဒေသတွင် ခိုလှုံနေသည်ဟူသော သတင်းများ ထွက်ပေါ်လျက် ရှိသည်။ သို့သော်လည်း သူက ထိုအချက်ကို ငြင်းဆိုလိုက်သည်။

“ကျနော့်မှာ အခု အချိန်တွေ အများကြီး ရှိလာပြီမို့ မြန်မာပြည်ထဲက မြို့ကြီးတွေကို သွားပြီး လည်ပတ်နေပါတယ်” ဟု ဦးဖုန်ကြားရှင်က ပြောသည်။

ဤအတောအတွင်း ကိုးကန့်ဒေသသို့ ပြန်ရန် အစီအစဉ်မရှိဟု ဆိုသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers