www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဖမ်းဆီးခံထားရသူများ ပြန်လွတ်

ချင်းမိုင်မြို့တွင် ဖမ်းဆီးခံထားရသော မြန်မာ အမျိုးသမီး ၁၀ ဦးသည် လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်မှ ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သတင်းရရှိသည်။

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းအာဏာ ပိုင်များက ၀င်ရောက် စစ်ဆေးပြီး အမျိုးသမီး ၁၀ ဦး နှင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားခဲ့သည်။

တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသားကို နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်မှုဖြင့် ၁ ရက်ကြာ ထိန်းသိမ်းထားပြီး အာဏာပိုင်များ က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးများ လွတ်မြောက်လာသည့် သတင်းနှင့်ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိရ သည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသမီး ၁၀ ဦးသည် မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့က စီစဉ်သည့် စွမ်းရည် မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု သိရသည်။


ထိုနေ့တွင် ထိုင်းအာဏာပိုင်များက လူ့အခွင့်အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB)၊ အမျိုးသား ကျန်းမာ ရေးနှင့် ပညာရေး ကော်မတီ (NHEC)၊ BWU အဖွဲ့ တို့၏ လုပ်ငန်းများ တည်ရှိသည့် နေရာတချို့ကို ၀င်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၀င်ရောက် စစ်ဆေးသည့် ရဲအရာရှိများထံတွင် ရုံးများတည် ရှိရာ မြေပုံ များ၊ အချက် အလက်များ ပါရှိသည်ဟု မြန်မာ့ အတိုက်အခံ သတင်းရပ်ကွက်က ဆိုသည်။

ယခု ဝင်ရောက်ဖမ်းဆီးချိန်သည် ချင်းမိုင်မြို့အတွင်း ထိုင်းရဲနှင့် အာဏာပိုင်များက စီမံချက်အနေဖြင့် တရားမ၀င် နေထိုင်သူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို အရေးယူဖမ်းဆီးနေသော အချိန်လည်းဖြစ် သည်။

လူ့အခွင့်အရေးနှင့် ယခု မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းရဲက တနေ့တည်း ၀င်ရောက် ခြင်းကိစ္စနှင့် ပတ်သက်ပြီး အတိုက်ခံအသိုင်းအ၀ိုင်းတွင် အမျိုးမျိုးဝေဖန်ပြောဆိုနေကြဆဲဖြစ်သည်။

ထို အဖမ်းအဆီး သတင်းကြောင့် ယမန်နေ့က ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အ ရေးအဖွဲ့များ၊ သတင်းဌာနများ၏ ရုံးများ ပိတ်ထားကြပြီး တချို့ရုံးများသာ ပြန်ဖွင့်ကြသည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၀န်ကြီးချုပ် သက်ဆင်အစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူ များက လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ရုံးလုပ်ငန်းများကို ရက်သတ္တပတ်ပေါင်း အတန်ကြာရပ်ဆိုင်း ထားခဲ့ ဖူးသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers