www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကေအန်ယူနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်


E-mail
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင် လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မဟာ ၆ နယ်မြေအတွင်းသို့ တပ်အပြောင်းအလဲလုပ်ရန် ရောက်ရှိလာသည့် စစ်အစိုးရ တပ်တို့အကြား ယမန်နေ့မှစ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

စစ်အစိုးရ၏ ခမရ ၃၅၅ နှင့် ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအန်အယ်အေ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်နှင့် ယနေ့နံက်တို့၌ ပြောက်ကျား တိုက်ပွဲများ ဖြစ်နေခဲ့သည်။

ယမန်နေ့တိုက်ပွဲသည် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အဖလုံ (ပိုးကရင်ရွာ) နှင့် ကိုက် ၂၀၀၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ တပ်ကြပ်ကြီးတဦး အပါအဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားကြောင်း တပ်မဟာ ၆ ပြောခွင့်ရသူက ပြောသည်။

“ဒီနေ့နံနက် ၇ နာရီမှာ အဖလုံ အပေါ်ဘက်က မြိုင်သာယာနဲ့ သန်းတင်ကြားမှာ နောက်ထပ်တစ်ပွဲ ထပ်ဖြစ်တယ်။ ထပ်ဖြစ်တော့ ခမရ ၃၅၅ က တယောက်ကျတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ကေအန်အယ်အေဘက်ကတော့ ထိခိုက် ဒဏ်ရာရမှုမရှိဘူး။ ဒီနေ့ ထပ်တိုက်တဲ့ ပျောက်ကျား တပ်ဖွဲ့ ကလည်း မနေ့က ၅ ယောက်ပဲ” ဟု ဗိုလ်ကြီးစောထဲနေက မဇ္ဈိမကို ပြောသည်။

တပ်မဟာ ၆ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ချောင်းဆုံကျေးရွာတွင် အခြေချနေ သော နအဖတပ်ရင်း ခမရ ၃၅၆ နှင့် အစားထိုးရန် ယမန်နေ့က ဝင်ရောက်လာသည့် အင်အား ၆၀ ပါ ခမရ ၃၅၅ တပ်ဖွဲ့အား ကေအန်အယ်အေ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ မှ တပ်ကြပ်ကြီး ထီးဖာ့ ဦးဆောင်သော တပ်သား ၅ ဦးပါ ပျောက်ကျားတပ်ဖွဲ့က ခြုံခို တိုက်ခိုက်ခြင်း ဖြစ်သည်။

တပ်မဟာ ၆ ထဲတွင် ဒူးပလာယာ ခရိုင်တခုသာရှိပြီး ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဝင်းရေး၊ ကျုံဒိုး မြို့နယ်များပါရှိသည်။ ခရိုင်တခုလုံးတွင် နအဖ ဗျူဟာ ၄ ခုချထားပြီး တပ်အင်အား ၁၂၀၀ ကျော်ရှိ ကြောင်း၊ အင်အား ၄၀၀ ခန့်ရှိ ဒီကေဘီအေ ဗျူဟာ ၁ ခုလည်း ချထားကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့ကလည်း နအဖ ခြေမြန်တပ်ရင်း ၂၈၃ နှင့် ကေအန်အယ်အေတပ်တို့ ကြာအင်းဆိပ် ကြီးမြို့နယ်အတွင်း၌ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းကြောင့် ဒေသခံအိမ်ထောင်စု ၄ စုမှ မိသားစုဝင် ၁၆ ဦး ထိုင်းမြန်မာ နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ယခုနှစ် ဇွန်လပိုင်းမှစ၍ ကေအန်အယ်အေ တပ်မဟာ ၇ နယ်မြေအတွင်း၌ နအဖနှင့် ဒီကေဘီအေတို့၏ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဘားအံခရိုင်အတွင်းရှိ ဒေသခံ စစ်ပြေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများတွင် ဒုက္ခသည်အဖြစ် လာရောက် ခိုလှုံကြရသည်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers