www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ မှတ်တမ်းအတွက် ဖိတ်ခေါ်ခြင်း

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးမှာ တပြည်လုံးက ကျောင်းသား၊ ကျောင်းသူတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ အစိုးရအမှုထမ်း အရာထမ်းတွေနဲ့ အနုပညာ သမားတွေ ၊ စာပေသမားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပေမယ့် စစ်အစိုးရ အာဏာသိမ်းလိုက်တဲ့ စက်တင်ဘာ ၁၈ ရက်နောက်ပိုင်းမှာတော့ လမ်းပေါ် ထွက်ခဲ့သူတွေထဲက တော်တော်များများဟာ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်မရောက်ကြဘဲ ပျောက်ချင်းမလှ ပျောက်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အထက်တန်းကျောင်းသူလေး မဝင်းမော်ဦးရဲ့ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့တဲ့ ဆေးတက္ကသိုလ် ကျောင်းသား ၂ ဦးရဲ့ နောက်ကွယ်က ဖြစ်ရပ်ကို မကြာသေးခင်က ဧရာဝတီမဂ္ဂဇင်းမှာ “ကြယ်တွေ ကြွေတဲ့တိုင်းပြည်” ဆိုတဲ့အမည်နဲ့ ဖော်ပြခဲ့ပါတယ်။

မဝင်းမော်ဦး သေဆုံးခဲ့ရပုံနဲ့ ပတ်သက်လို့လည်း သူ့ဘခင်ကို ဧရာဝတီမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းပြီး ဖော်ပြခဲ့ပါတယ်။

ဧရာဝတီမဂ္ဂဇင်း (အင်္ဂလိပ်ပိုင်း) ရဲ့ သုတေသန စာမျက်နှာမှာလည်း ၈၈ အရေးတော်ပုံကာလက စစ်ကိုင်းမှာ သေဆုံးခဲ့သူတွေရဲ့ စာရင်း http://www.irrawaddy.org/research_show.php?art_id=3531 ၊ ရန်ကုန် ဆေးရုံကြီးကနေ ရခဲ့တဲ့ သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ စာရင်း http://www.irrawaddy.org/research_show.php?art_id=441 http://www.irrawaddy.org/research_show.php?art_id=3530 ကို ဘယ်လိုပုံစံနဲ့ ဒဏ်ရာရခဲ့တယ်၊ သေဆုံးခဲ့ရတယ်ဆိုတဲ့ အချက်အလက်နဲ့ တကွ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်တွေ လက်ချက်နဲ့ မထင်မရှား သေဆုံးခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ အထောက် အထားတွေ အများကြီး ပျောက်ဆုံးနေပါသေးတယ်။ တချို့ကတော့ သူတို့ သူငယ်ချင်း၊ သူတို့ မောင်နှမ၊ သူတို့ ချစ်သူ၊ သူတို့ သားသမီးတွေ ပျောက်ကွယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး သေသေချာချာ ပြောနိုင်ကြ ပေမယ့် ဘယ်သူ့ကို ပြောရမယ်၊ ဘယ်ကို ဘယ်လို ပေးပို့ရမယ်ဆိုတာ မသိဘူး ဖြစ်နေကြမှာပါ။

တချို့အချက်အလက်တွေကတော့ သေဆုံးသူ၊ ပျောက်ဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်း၊ မိသားစု တွေကတဆင့် ရန်ကုန်အခြေစိုက် သံရုံးတွေ၊ နိုင်ငံခြား မီဒီယာတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် သတင်းပေးပို့သူတွေက စစ်အာဏာပိုင်တွေကို ကြောက်ရွံ့တာကြောင့် အများသိအောင် ဖော်ပြဖို့ ခက်ခဲပြီး ဖျက်ဆီးလိုက်ရတာတွေ အများကြီးရှိနေပါတယ်။

ဒါကြောင့် ၁၉၈၈ အရေးတော်ပုံကြီးထဲမှာ ပါဝင်ခဲ့ပြီး စစ်အာဏာရှင်လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ၊ ဒဏ်ရာ ရခဲ့သူတွေနဲ့ ပျောက်ဆုံးသွားသူတွေနဲ့ ပတ်သက်လို့ ဧရာဝတီမဂ္ဂဇင်းက စုဆောင်းလိုပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အထောက်အထားတွေ၊ သူတို့ တယောက်ချင်းစီရဲ့ နောက်ကွယ်က ဇာတ်လမ်း တွေကို ပြောပြနိုင်မယ်ဆိုရင် ကျေးဇူးပြုပြီးinformation@irrawaddy.org ကို email ပေးပို့စေချင် ပါတယ်။ စာတိုက်ကတဆင့် ပေးပို့ချင်တယ်ဆိုရင်တော့ P.O Box 242, Chiang Mai University Post Office, Chiang Mai, 50202, Thailand ကို ဆက်သွယ် ပေးပို့နိုင်ပါတယ်။
ဧရာဝတီ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers