www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ချင်းမိုင်ရှိ မြန်မာရုံးများ ထိုင်းအာဏာပိုင်များဝင်မည်ကို စိုးရိမ်နေ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ လူ့အခွင့်အရေး ပညာပေးဌာန - မြန်မာနိုင်ငံ (HREIB) ရုံးကို ထိုင်းအာဏာ ပိုင်များက ဒုတိယအကြိမ် ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရုံးသို့ ယနေ့ မွန်းလွဲပိုင်းတွင် ယခင်က ၀င်ရောက်စစ်ဆေး မေးမြန်းခဲ့သော ထိုင်းအာဏာပိုင် ၈ ဦးက ထပ်မံ ၀င်ရောက်ခဲ့သည်ဟု HREIB ရုံးမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ပြောသည်။

“အရင်က မေးတဲ့အတိုင်းပဲ မေးတာပါ၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး၊ ဒီအဖွဲ့က ဘာလုပ်လဲ၊ ဘယ်နှစ်ယောက် လုပ်လဲ၊ ဖမ်းဆီးမှု သဘောမျိုးမဟုတ်ဘူး လာကြည့်တဲ့သဘောပါ”ဟု ၎င်းက ဆိုသည်။

ချင်းမိုင်အတွင်းရှိ ရုံးများကို ထိုင်းအာဏာပိုင်များက သိရှိထားကြောင်း၊ ရုံးအတွင်း တရားမ၀င်နေထိုင်သူများရှိခဲ့ သော် ဖမ်းဆီးအရေးယူမည့် အခြေအနေရှိကြောင်း သိရသည်။

အတိုက်အခံရုံးများကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စစ်ဆေးမည်ဟူသော သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ယနေ့ ထွက်ပေါ်နေ၍ အများစုက စိုးရိမ်နေကြရာမှ ယခုကဲ့သို့ ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို သတင်းများကြောင့် ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့ များ၊သတင်းဌာနများ အပါအ၀င်တခြားသော NGO ရုံးများမှာစိုးရိမ်နေကြပြီး တချို့ရုံးများ ပိတ်ထားကြသည်။

ယင်း အတိုက်ခံရုံးများကို ၀င်ရောက်စစ်ဆေးမှုနှင့် ပတ်သက်ပြီး ထိုင်း အာဏာပိုင်များ၏ အဖွဲ့အစည်း အချင်းချင်း သဘောထား ကွဲလွဲမှုများကြောင့်ဖြစ်သည်ဟု ထောက်လှမ်းရေး နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

အတိုက်ခံရုံးများသို့ ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဒေသခံရဲများနှင့် မြောက်ပိုင်း ခရိုင်ရဲအရာရှိတချို့ ပါဝင်ပူးပေါင်း၍ စစ်ဆေးမည်ဖြစ်သည်ဟုလည်း ၎င်း နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

ထိုသတင်းကြောင့် အတိုက်အခံရုံး အဖွဲ့အစည်းများကိုလည်း ၎င်းအဖွဲ့အစည်းများနှင့် နီးစပ်သည့် တချို့ ထိုင်းအာဏာပိုင်များက အသိပေးကြသည်ဟုလည်း သိရသည်။

ချင်းမိုင်မြို့အခြေစိုက်သည့် အတိုက်အခံရုံး (၁၂) ရုံးခန့်ကို ၀င်ရောက်စစ်ဆေးရန်ရှိသည်ဟု ထိုင်းအာဏာပိုင်များ နှင့် နီးစပ်သူ မျက်မြင်သက်သေတဦးကပြောပြသည်။

အမျိုးသမီး သမဂ္ဂ(BWU)၊ လူ့အခွင့်အရေး ပညာပေးဌာန - မြန်မာနိုင်ငံ(HREIB)၊ တိုင်းရင်းသား လူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) (ENC)၊ MAP ဖောင်ဒေးရှင်း၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)၊ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ (ERI)၊တိုင်းရင်းသား လူငယ်များ အဖွဲ့ (NY Forum)၊ ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB)နှင့် ရှမ်းအဖွဲ့အစည်းများ၏ ရုံးများ ပါဝင်သည်ဟုလည်း ၎င်း မျက်မြင်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့၌ ထိုင်းအာဏာပိုင်များက BWU ရုံး၏ လုပ်ငန်းများ တည်ရှိရာ နေရာ တချို့ကို ၀င်ရောက်စစ်ဆေးခဲ့ရာ အမျိုးသမီး ၁၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီး ခံရသူများအနက် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများကို နာရီပိုင်း အတွင်း ပြန် လွှတ်ပေးခဲ့သော်လည်း ၎င်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှုဖြင့်တ ရက်ခန့် ဆက်လက် ထိန်းသိမ်းထားပြီးမှ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အထိန်းအသိမ်းခံခဲ့ရသည့် အမျိုးသမီး ၁၀ ဦးသည် BWU အဖွဲ့က စီစဉ်သည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု ဆိုသည်။

ချင်းမိုင်မြို့ရှိ အတိုက်အခံရုံးများကြားတွင် စစ်အစိုးရ အာဏာပိုင်များ၏ သတင်းပေးများ ရှိနိုင်သည့်အတွက် ယခု ကဲ့သို့ ဖမ်းဆီးခိုင်းခြင်း ဖြစ်နိုင်သည်ဟုလည်း မြန်မာ့အရေး လေ့လာသူများ သုံးသပ်ကြသည်။

အတိုက်အခံ သတင်းရပ်ကွက်များ အဆိုရ မြန်မာ စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်၍ တိုင်းရင်းသားအများစု အပါအ၀င် တချို့အတိုက်အခံများကိုလည်း ဖိအားပေးသည့်အနေဖြင့် ယခု ကဲ့သို့ လုပ်ဆောင်နေသည်ဟုလည်း အတိုက်ခံ အသိုင်းအ၀န်းတွင် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြဆဲဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် ၁၆ ရက်နေ့က Mae Sariang အခြေစိုက်သည့် Karen Teachers Working Group (KTWG)၊ ကရင်အမျိုးသမီး အစည်းအရုံး(KWO) နှင့် Karen Office for Relief and Development (KORD) ရုံးများသို့ ထိုင်းအာဏာပိုင်များ ၀င်ရောက်စစ်ဆေးခဲ့သေးသည်။ သို့ရာတွင် မည်သူ့ ကိုမျှ ဖမ်းဆီးခဲ့ခြင်း မရှိဟု သိရသည်။

လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် အစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ရုံးလုပ်ငန်းများကို ရက်သတ္တပတ်ပေါင်း အတန်ကြာ ရပ်ဆိုင်းထားခဲ့ဖူးသည်။

ဤအတောအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၊ အနောက်နိုင်ငံ အစိုးရများက ထိုင်းနိုင်ငံရှိ မြန်မာ့ အရေး လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။

သံတမန်များ၏ အဆိုအရ ဘန်ကောက်မြို့ရှိ အနောက်နိုင်ငံ သံတမန်အသိုင်းအဝန်းကလက်ရှိ အခြေအနေကို အနီးကပ်စောင့် ကြည့်နေပြီး တချို့သော သံရုံးများက ချင်းမိုင်မြို့ အဖမ်းအဆီးသတင်းနှင့် ပတ်သက်၍ ထိုင်း အာဏာပိုင်များကို သံတမန်ရေးရာအရ စုံစမ်းမှုများ ပြုခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ လက်ထက်တွင် မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ယခင်က နှောင့်ယှက်မှု မရှိခဲ့ဘူးကြောင်းလည်း သိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers