www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ယက်ထော ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေရ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက် ဝင်ရောက်မှုကြောင့် အထိန်းသိမ်း ခံနေရသော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော မူးလဲသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ယမန်နေ့ညက ရောက်ရှိသွားပြီး ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။


ဂျွန် ဝီလျံ ယက်ထော (ဓာတ်ပုံ - ရိုက်တာ)

မစ္စတာ ယက်ထောသည် ယမန်နေ့ည ၂ နာရီခန့်က မူးလဲသောကြောင့် အာဏာပိုင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး ဝန်ထမ်းများက ပြောသည်။

“ဘာရောဂါလဲတော့ မသိဘူး။ အရေးပေါ်ဌာနမှာ တင်ထားတယ်၊ အရပ်ဝတ်နဲ့ လုံခြုံရေးတွေကိုလည်း ချထားတယ်၊ လူဦးရေ ၅ဝ လောက်တော့ ရှိတယ်”ဟု ဆေးရုံ ဝန်ထမ်းတဦးက ပြောသည်။

မစ္စတာ ယက်ထော၏ လက်ရှိ ကျန်းမာရေး အခြေအနေကို မသိရှိရသေးသော်လည်း ဝက်ရူးပြန် ရောဂါ နှင့် ဆီးချိုရောဂါ ရှိသူ ဖြစ်သည်ဟု သိရသည်။

မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဆေးရုံသို့ သွားရောက် တွေ့ဆုံမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

မစ္စတာ ယက်ထောသည် သူ၏ ဘာသာရေးအယူအဆကြောင့် ရက်ပေါင်းများစွာ အစာမစားဘဲ နေလေ့ရှိသူ ဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦးက ပြောသည်။

အာဏာပိုင်တို့က မစ္စတာ ယက်ထောအား နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂၊ ၁၉၄၇ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ် ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁)၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၂၈ တို့ဖြင့် တရားစွဲဆိုထားသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers