www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဒုဗိုလ်မှူးကြီး ကတော်တဦး သေကြောင်းကြံစည်

တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ ဒု ဗိုလ်မှူးကြီး မောင်မောင်မြင့်၏ ဇနီးဖြစ်သူသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကိုယ်တိုင် သေကြောင်း ကြံစည်၍ ကွယ်လွန် သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။

အဆိုပါ ဒု ဗိုလ်မှူးကြီး မောင်မောင်မြင့်၏ဇနီး အသက် ၄၇ နှစ်ရှိ ဒေါ်လဲ့လဲ့ဦးသည် တောင်ကြီးမြို့(ရပခ) ဝန်း ရှိ နေအိမ် အိပ်ခန်းတွင်သေကြောင်းကြံစည်၍ သေဆုံးနေသည်ကို သားဖြစ်သူက ဦးစွာတွေ့မြင်ခဲ့ကြောင်း ရပခ အသိုင်းအဝိုင်းက ပြောပြသည်။

၎င်း ဒေါ်လဲ့လဲ့ဦးမှာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှ ဦးတင်ဦး(အထက် တန်းပြ-ငြိမ်း) နှင့် ဒေါ်မမလေး တို့၏သမီး ဖြစ်ကြောင်းလည်း နာရေးဖိတ်စာအရ သိရသည်။

ဒေါ်လဲ့လဲ့ဦး ကွယ်လွန်ချိန်တွင် သား(၂) ဦး ၊ သမီး(၁) ဦး စုစုပေါင်း သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း နာရေး ဖိတ်စာတွင် ပါရှိသည်။

ဒေါ်လဲ့လဲ့ဦး၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို ယနေ့ နေ့လယ် (၁) နာရီတွင် တောင်ကြီးမြို့ရှိ ဆေးတပ် မှ တဆင့် တိုင်းရင်းသားပေါင်းစုံ သုဿာန်၌ ဂူသွင်း သင်္ဂြီုဟ်မည် ဖြစ်ကြောင်း ဖိတ်စာအရ သိရသည်။

ဒေါ်လဲ့လဲ့ဦး သေဆုံးရခြင်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ယင်း ဒေါ်လဲ့လဲ့ဦး သေဆုံးရခြင်းနှင့် ပတ်သက်ပြီး မြို့ခံများကြားတွင်လည်း အမျိုးမျိုး ထင်မြင်ချက်ပေး ပြောဆိုမှုများ ရှိနေကြသည်။

ဒေါ်လဲ့လဲ့ဦးသည် မကွယ်လွန်ခင် အချိန်အထိ စိန်အရောင်းအဝယ် ပြုလုပ်ခဲ့ဖူးကြောင်း ထိုအရောင်း အဝယ် ကိစ္စနှင့်ပတ်သက်၍ ငွေးကြေး အခက်အခဲကြောင့် ယခုကဲ့သို့ ကြံစည်သွားခြင်း ဖြစ်နိုင်ကြောင်း နီးစပ်သူများ က ပြောဆိုကြသည်။

မြို့ခံရှေ့နေတဦးကလည်း“ငွေရေး၊ကြေးရေး ကိစ္စနဲ့ပတ်သက်ပြီး မရှင်းနိုင်လို့ ဖြစ်မှာပေါ့”ဟုပြောသည်။

တချိန်တည်းတွင် ဒေါ်လဲ့လဲ့ဦး ကွယ်လွန်မှုသည် လတ်တလော အာဏာပိုင်များက မူးယစ်ဆေးဝါး ဖမ်းဆီး စစ်ဆေး နေချိန်ကာလတွင် ဖြစ်ပွားခဲ့သည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်နိုင်ကြောင်း နီးစပ်သူအသိုင်း အဝိုင်းနှင့် မြို့ခံများ၏ ထင်မြင်ယူဆမှုများလည်း ရှိသည်။

မြို့ခံ တဦးက“တာချီလိတ်မှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းမိတဲ့ လူတွေကို စစ်နေတယ်လေ၊ ဒီ ကိစ္စမှာ (ရပခ) မပါရင် မပြီးဘူးဆိုတာ တောင်ကြီးတမြို့လုံးက သိတယ်၊ အဲဒီစစ်တဲ့ထဲမှာ သူတို့ ပါလာတော့ သူ့ဟာသူ သတ်သေ လိုက်တာဖြစ်မယ်”ဟု ဆိုသည်။

လတ်တလောအခြေအနေတွင် အာဏာပိုင်များကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဆက်လက်၍ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်၌ မူးယစ်ဆေးဖမ်းဆီးမှုကြောင့် တောင်ကြီးမြို့ရှိ လူအများစုမှာ ပါဝင်ပတ်သက်မှုရှိကြောင်း နှင့် တချို့မှာ ထွက်ပြေး တိမ်းရှောင်နေပြီး တချို့မှာ ၎င်းတို့ ပိုင်ဆိုင်ရာ အိုးအိမ်များ ချိတ်ပိတ်ခံရကြောင်း လည်း သတင်းများ ထွက်နေသည်။

ယမန်နေ့ အစိုးရထုတ် သတင်းစာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာ အနီးတွင် အိုက်ရှဲန်နှင့် အိုက်ကာ ဆိုသူ ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြား၂ သိန်း ခန့် ကိုပြီးခဲ့သည့် စနေနေ့တွင်ပင် အာဏာပိုင်များက ဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်း ဖမ်းဆီးမိသူ ၂ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းလည်း ယင်း သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ လွန်ခဲ့သည့် နှစ် နိုဝင်ဘာလအတွင်း၌ တာချီလိတ်မြို့ရှိ ကြယ်ကိုးပွင့် ဟိုတယ်မှ စိတ်ကြွဆေးပြား ၅၀၀၀၀ ခန့် ကို အာဏာပိုင်များက ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များ က ထုတ်လုပ်နေကြကြောင်း၊ တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ရောင်းချ မှုများရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers