www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး

မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော လက်နက်ငယ်များ နေရာ၌ ပိုမိုခေတ်မီသော လက်နက်ငယ်များဖြင့် ပြောင်းလဲအစားထိုး အသုံးပြုနေသည်ဟု သိရသည်။

အင်အားလေးသိန်း ခန့်ရှိ မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော G3 ချေမှုန်းရေးရိုင်ဖယ်များ နေရာတွင် M16 နှင့်ပုံစံတူ MA စီးရီးချေမှုန်းရေး ရိုင်ဖယ်များဖြင့် အစားထိုး ပြောင်းလဲတပ်ဆင် ပြီးကြောင်း စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။

ယင်း MA အော်တိုမက်တစ် ရိုင်ဖယ်များသည် အစ္စရေး နိုင်ငံလုပ် ဂါလီချေမှုန်းရေး ရိုင်ဖယ်နှင့် လည်းပုံစံတူသည်ဟု သိရသည်။

“ MA 1 နဲ့ MA 2 ကတော့ M 16 နဲ့တူတယ်၊ ဒါပေမယ့် ဒီMA တွေက ကျည်ဆန်ကို M 16မှာ သုံးလို့ရတယ်၊M 16 က ကျည်ကိုတော့ ဒီသေနတ်တွေမှာ သုံးမရဘူး၊ ပေါ့ပါးတယ်၊ ကျည်ပြင်းအားက G3ကို မမီဘူး၊ အဲ့ဒါအားနည်းချက်ပဲ” ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောသည်။

နှစ်ပေါင်း ၆၀ ကျော် နယ်စပ်ဒေသများတွင် တိုင်းရင်းသားများနှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ခေတ်မီလက်နက်များကို စစ်အစိုးရက အသုံးပြုနေကြောင်းလည်း ၎င်းကပြောသည်။

မြန်မာစစ်တပ်မှ အရာရှိတဦးကလည်း“ တဖြည်းဖြည်းချင်း ပြောင်းပေးနေတယ်၊ အခုဆိုရင် MA 10 ကျော်နေပြီ၊ ကွဲပြားမှုကတော့ တိုင်းတပ်ဆိုရင် ပုံစံတမျိုး၊ တပ်မဆိုရင် ပုံစံတမျိုး၊ ခြေလျင်ဆိုရင် ပုံစံတမျိုး နည်းနည်းစီတော့ ကွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ် ယခုလက်ရှိကိုင်ဆောင်နေသော G3 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်များကို ၁၉၅၀ ခုနှစ်ကတည်းက ဂျာမန် နည်းပညာဖြင့် ပြည်တွင်းတွင် စက်ရုံများ ဆောက်လုပ်၍ ထုတ်လုပ်ခဲ့ရာ၊၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများက မြန်မာကို စစ်လက်နက် ပစ္စည်းရောင်းဝယ်ခွင့် ပိတ်ဆို့မှု ပြုလုပ်လာသောကြောင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်းသွားရသည်ဟု ယူဆရသည်။

သို့သော် စစ်အစိုးရသည် လက်နက်များကို အစ္စရေး၊ ရုရှား၊ ယူကရိန်း၊မြောက်ကိုရီးယား နှင့်တရုတ် နိုင်ငံများမှ ၀ယ်ယူနေ နေကြောင်း သိရသည်။

ဂျာမနီ နိုင်ငံလုပ် G3 အော်တိုမက်တစ်ရိုင်ဖယ်များသည် ကျည်ပြင်းအားကောင်းမွန်သော်လည်း လေးလံလွန်းသည်ဟု အဆိုပါ စစ်တပ်အရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ )များကို ပြည်မြို့တဘက်ကမ်း ဆင်တဲ၊ ထုံးဖို ၊ ညောင်ခြေထောက် နှင့် မလွန်တို့တွင်တည်ဆောက်ပြီး ထုတ်လုပ်နေသည်။

၁၀၅မမ ဟောင်ဝစ္စဇာ အမြောက်ကြီးများ၊ မော်တာများကိုပါ ထုတ်လုပ်နေပြီး၊၂၀၀၅ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ စစ် အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀၀ ရှိသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် မဟာဗျူဟာ နှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးအဖွဲ့ (CSIS )၏ ထုတ်ပြန်ချက်များအရသိရသည်။

အစိုးရစစ်တပ်က နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များအား တိုက်ခိုက်ချေမှုန်းရာတွင် ယခု MA စီးရီး လက်နက်ငယ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြောင်း နယ်စပ်သတင်းရပ်ကွက်များကဆိုသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers