www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်း စုကြည်တိုက်တွန်း သင့်သည်ဟု ဂျင်မ် ဝက်ဘ် ပြောခဲ့

အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာ စစ်အစိုးရအပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံ များက အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တိုက်တွန်းသင့်ကြောင်း ပြောခဲ့သည် ဟု သိရသည်။

ယနေ့နေ့လယ်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို တလွဲ မပြောလိုပါဘူး။ ဒါပေမယ့် ကျနော့် ခံစားချက်ကတော့ သူ့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှု တချို့ကို ပြန်ရုတ်သိမ်းပေးဖို့ ကိစ္စကို မကန့်ကွက်ဘူးလို့ ယူဆပါတယ်” ဟု သတင်းထောက်များအား ပြောခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့် အမေးအဖြေကဏ္ဍကို ၈ မိနစ်ကြာ ပြုလုပ်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အပြီးသတ် အမိန့် ချမှတ်အပြီးတွင် မစ္စတာ ဂျင်မ် ဝက်ဘ် အနေနှင့် မြန်မာပြည်သို့ အချိန်ကိုက် သွားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ပြန်လည် ဖြေကြား ခြင်း မပြုခဲ့ပေ။

မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း အနေနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ပြောပြသည်။ ၎င်း အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် စဉ်းစားသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုခဲ့သည်ဟုလည်း ဆိုသည်။

သို့ရာတွင် မစ္စတာ ဂျင်မ် ဝက်ဘ်သည် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့နေမှုနှင့် လက်တလော လူပြောများနေသည့် မြောက်ကိုရီးယားနှင့် နျူကလီးယား လက်နက်ကိစ္စ ဆက်သွယ်မှုတို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ပြောဆိုခဲ့ခြင်း မရှိပေ။

“အခုအချိန်မှာ ဒါတွေဆွေးနွေးစရာ အကြောင်းမရှိပါဘူး” ဟု သူက သတင်းထောက်များကို ပြောသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers