www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ချစ်သူကို sorry မပြောကြေး

ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ၀မ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ …ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။
ဖြူစင်လွန်းတဲ့ sorry

ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ့ သူတို့ ကြီးပြင်းလာကြတယ်။ ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ …. ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်…. ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်…. ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….” ကောင်မလေးက နောက်ဆိုဒီလိုမလုပ်ဖို့ပြောတယ်… ကောင်လေးခေါင်းကလေးကိုညိမ့်ပြီး သူတို့ရဲ့ အပြုံးနဲ့ နေ့ရက်တွေကို ဖြတ်သန်းတယ်…
ပျော်ရွှင်ခြင်းရဲ့ sorry

ကျောင်းလဲပြီး နှစ်ယောက်လုံးအလုပ်တွေရတော့ တွေ့ဖို့ အချိန်တွေနည်းလာတယ်…. ကောင်မလေးနဲ့ ပထမအကြိမ်ရန်ဖြစ်ကြတယ်… ကောင်လေးက အလုပ်အတွက်လို့ပြောတော့ ကောင်မလေးအလျော့ပေးလိုက်တယ်… ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့….. ကောင်မလေးရဲ့မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ကတိပေးခဲ့တဲ့ ကောင်လေးကို ကောင်မလေး စောင့်တာ မနက်ရောက်တော့ မျက်ရည်စက်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်… မျက်ရည်စက်နဲ့ အိပ်မောနေတဲ့ ကောင်မလေးကို သူအရမ်းသနားသွားတယ်…. “sorry ငါ့ကိုလက်ထက်ခွင့်ပေးပါလား”
ချိုမြန်တဲ့တာဝန်ယူမှုရဲ့ sorry

လက်ထက်ပြီးနောက် ကောင်လေးအလုပ်အကိုင်တွေအရမ်းအောင်မြင်လာတယ်… အမြဲတမ်း ဧည့်သည်တွေနဲ့ ညစာစားလိုက်နဲ့ အိမ်မှာပြင်ထားတဲ့ ထမင်းတွေကိုသွန်ပစ်လိုက်ရတဲ့ အထိ…. ကောင်မလေး ဈေးကနေ ပုဇွန်လေးတွေ ၀ယ်လာပြီး ငယ်စဉ်ကို အောက်မေ့ပြီး မွေးထားတယ်… ဒီလိုနဲ့ ကောင်လေးပြန်လာရင် ရေမွေးနံ့တွေပါပါလာတယ်…. ကောင်မလေးမေးတာကို ကောင်လေးက “ဟာ…ဧည့်သည်တွေများလို့ပါ…” ကောင်မလေး အဲဒီကနေစပြီး စကားသိပ်မပြောတော့ဘူး….အရင်တုန်းက ကောင်မလေးမဟုတ်တော့ဘူး… ကိုးရီးယားဇာတ်ကားတွေကို ကြည့်ရင်း ခံစားရင်း ငိုရင်း နဲ့ …… ကောင်လေးပြန်လာရင်လဲမမေးတော့ဘူး.. ဒါနဲ့ ကောင်လေးက “အလုပ်အရမ်းများတော့ ထမင်းသွားသွားစားနေရတယ် အလုပ်သဘောတွေပေါ့.. sorryပါ”
လိမ်ညာခြင်းရဲ့ sorry

ဒီလိုနဲ့ ကောင်လေးပြန်မလာတဲ့ညတွေများလာတယ်။ အိမ်ပြင်မထွက်.. တစ်ယောက်ထဲ အထီးကျန်နေတယ်….. ကောင်လေးကို ဖုန်းဆက်ပေးတော့…
“sorry အလုပ်အရမ်းရှုပ်နေတယ်” ကောင်မလေးဖုန်းချလိုက်ရတယ်…. ဒါနဲ့ ကောင်လေးဘယ်အချိန်ပြန်လာမှာကို သူဖုန်းဆက်မမေးတော့ဘူး။ ဖုန်းကွယ်ခြင်းရဲ့ sorry

ကောင်မလေး ရုပ်ရှင်ထဲကလို အလှတွေပြင်လာတယ်.. အော် ကောင်လေး သူ့အပေါ် ငြီးငွေ့နေတာများလားပေါ့။ သူ့ရဲ့ပျော်ရွှင်မှုကို သူဖန်တီးယူမယ်။ ဒါနဲ့ သူတစ်ခါမှာမသွားဘူးတဲ့ ကောင်လေးရဲ့ ရုံးကိုသွားခဲ့တယ်။ ကောင်လေးရဲ့အောင်မြင်မှုတွေကို သူတအံ့တသြနဲ့ ကြည့်ရင်း ကောင်လေးရုံးခန်းဆီကို သူဦးတည်သွားခဲ့တယ်….ကောင်လေးအံ့သြသွားအောင် တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်… သူတွေ့တာတော့ ပုဇွန်တွေကို လာပေးတဲ့ အရင်ကကောင်လေးမဟုတ်ဘူး…. အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့…. အသိတရားမရှိတော့တဲ့ လူကို သူတွေ့တော့
… ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်… အတော်ကြာမှ ကောင်လေးသတိထားမိသွားတယ်… ကောင်မလေးထွက်ပြေးသွားတယ်… ကောင်လေးအရမ်းလန့်ပြီး ကောင်မလေးနောက်ပြေးလိုက်တယ်….ကောင်လေးအော်နေတာကို မကြားနိုင်တော့ဘဲ ပြေးသွားတယ် “sorry ငါနင့်ကိုပဲချစ်တာပါ sorry ပါ”
နာကျင်မှုတွေပေးတဲ့ sorry

ကောင်လေးကောင်မလေးကို အဲဒီအချိန်ကနေစပြီး ရှာမတွေ့တော့ပါဘူး။ ကောင်လေးလဲ မစားနိုင်မသောက်နိုင် အလုပ်တွေမလုပ်နိုင်ဖြစ်ကုန်တယ်။ ဖုန်းကို ၂၄ ဖွင့်ထားပြီး ကောင်မလေးဆီက ဖုန်းလာတာကို မျှော်တာ နှစ်ဝက်ရှိသွားပြီ… တရက်မှာ ကောင်လေးဘူးတစ်ခုလက်ခံရရှိတယ်… ဖွင့်ကြည့်လိုက်တော့ … ပုဇွန်ပုံတွေကို မျိုးစုံပါပဲ….. ဘေးနားမှာ စာတစ်စောင်ကိုတွေ့တယ်။ “ ငါနင့်ကို တွေ့ဖို့ မ၀ံ့ရဲဘူး။ ငါဘက်က ပျော့ညံ့လွန်းတယ်။ ငါနင့်ကို မတွေ့ချင်တာလဲဖြစ်နိုင်တယ်။ နင်ကတော့ ခါတိုင်းလိုပဲထင်တယ်။ နင်မရှိတဲ့နေ့ရက်တွေကို ငါဖြတ်သန်းနိုင်စွမ်းရှိသွားပြီ။
ငါရပ်တည်နိုင်ပြီ။ နေ့တိုင်း နင်ပြန်လာမဲ့အချိန်ကိုစောင့်ရင်း ဖြတ်သန်းနေရတဲ့နေ့ရက်တွေကနေ ငါလွတ်မြောက်လာခဲ့ပြီ။ ငါဖုန်းလဲမကိုင်တော့ဘူး။ နင့်အတွက်နဲ့ ငါဖုန်းမပိတ်ပဲ နင့်ဖုန်းကိုမျှော်နေရတဲ့ညပေါင်း…. ခုတော့ ငါကိုယ်ကို တန်ဖိုးထားတတ်သွားပြီ။ ငါနင့်ကို မေ့သွားနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့နှလုံးသားကို ပြန်ဆက်လို့မရအောင် အစိတ်စိတ်အမြွှာမြွာခွဲချေခဲ့တယ်။ ငါ့အချစ်တွေ ပြာကျသွားပြီ။ ကွာရှင်းစာချုပ်လဲထည့်ပေးလိုက်တယ် လက်မှတ်ထိုးပြီး ဒီလိပ်စာအတိုင်းပြန်ပို့ပေးလိုက်ပါ။ ”Sorry ငါပင်ပန်းသွားပြီ”
နိဂုံးချုပ်လိုက်တဲ့ sorry

ကောင်လေးမျှော်လင့်ရင်း............
ကောင်မလေး အထီးကျန်ဖြတ်သန်းရင်း..............
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers