www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဝက်တုပ်ကွေးဗိုင်းရပ်၊ ဒုတိယလှိုင်းနဲ့ အသွင်ပြောင်းနိုင်ချေ

ဇူလှိုင် ၂၂၊ ၂၀၀၉။ ကမ္ဘာကပ်ရောဂါ တခုဖြစ်လာတဲ့ A အမျိုးအစား H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်ပိုးဟာ အခု ပထမလှိုင်းအဆင့်ဖြစ်ပြီး ဒုတိယလှိုင်းအဆင့်မှာ ပိုပြီး ပြင်းထန်တဲ့ ရောဂါဗီဇ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

လတ်တလောအားဖြင့် တမီးဖလူ တုပ်ကွေးတိုက်ဖျက်ဆေးမတိုးတော့တဲ့ ၀က်တုပ်ကွေးရောဂါပိုးဗီဇ အချို့ကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် အခု အဆင့်ကနေ အသွင်ပြောင်းမှုဖြစ်ပြီး ဆေးမတိုးတော့ ရောဂါမျိုးဖြစ်လာမှာကိုလည်း လူထုကျန်းမာရေးလုပ်သားတွေက မပြတ်စောင့်ကြည့်နေပါတယ်။

ဝက်တုပ်ကွေးတိုက်ဖျက်ရေးမှာ ဖျားနာသူတွေကို စောင့်ကြည့်စစ်ဆေးရုံနဲ့မပြီးပဲ ရောဂါပိုးဗီဇကို နေ့စဉ်အချိန်နဲ့အမျှ စောင့်ကြည့်သွားကြဖို့လည်း လိုအပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Tenessee State လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးနဲ့ အခု အပတ်အစီအစဉ်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။


ဝက်တုတ်ကွေးကြောင့် ကမ္ဘာတွင် သေဆုံးသူ ၇၀၀ ကျော်ရှိပြီ

7/22/2009

ဝက်တုတ်ကွေး ရောဂါကြောင့် ကမ္ဘာ တ၀န်းလုံးတွင် သေဆုံးသူ အရေအတွက် စုစုပေါင်း ၇၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောကြားသည်။

အဆုံးပါ သေဆုံးမူ ပမာဏမှာ ၀တ်တုတ်ကွေး ရောဂါ စတင် ဖြစ်ပွားခဲ့သည့် (၄) လတာ ကာလအတွင်း သေဆုံးမူ ပမာဏ ဖြစ်သည်။

WHO ၏ စောစောပိုင်း ထုတ်ပြန်ချက်အရ ဇူလှိုင်လ ၆ ရက်နေ့ အထိ ၀က်တုတ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၂၉ ဦးသာ ရှိခဲ့သော်လည်း ယခုအခါ သေဆုံးသူ အရေအတွက်မှာ ၇၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့မှ ပြောခွင့်ရ အမျိုးသမီး Aphaluck Bhatiasevi ကပြောသည်။

နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ၀က်တုတ်ကွေး ရောဂါ ဖြစ်ပွားနေပြီး နှစ်စဉ် ပုံမှန် တုတ်ကွေးကြောင့် ကမ္ဘာအ၀န်းတွင် သေဆုံးသူ ၂၅၀၀၀၀ မှ ၅၀၀၀၀၀ အထိ ရှိလာနိုင်သည်ဟု WHO ခန့်မှန်း ပြောဆိုသည်။

A(H1N1) ၀က်တုတ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ တောင်နှင့် မြောက် အမေရိကတိုက် နိုင်ငံများတွင် အထူးမြှင့်တက်လာခဲ့ပြီး အင်ဂျင်တီးနားတွင် လွန်ခဲ့သော တနင်္လာနေ့ထိ သေဆုံးသူ ၁၆၅ ဦးထိ ရှိလာခဲ့ဖြင့် ကမ္ဘာတွင် ဒုတိယ အများဆုံး သေဆုံးသည့် နိုင်ငံ ဖြစ်လာခဲ့သည်။

အမေရိကန်မှာ ၀က်တုတ်ကွေးကြောင့် သေဆုံး ၂၁၁ ဦးရှိသဖြင့် ပထမ အသေအပျောက် အများဆုံး နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ၀က်တုတ်ကွေး ရောဂါ ခံစားနေရသူ ၄ ဦးရှိပြီး မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ၂၃ ဦး ရှိသွားပြီ ဖြစ်သည်။

တုပ်ကွေးဆေးများ ရန်ကုန်မှာ ပြတ်လပ်နေ

Wednesday, 22 July 2009 13:26 အောင်သက်ဝိုင်း
E-mail Print
မြန်န်မာနိုင်ငံတွင် A (H1N1) ၀က်တုပ်ကွေး ရောဂါကုသဆေး ဖြစ်သည့် တမီလ်ဖလူး (Tamilflu) ဆေးနှင့် သာမန် ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေး ဖြစ်သော ဗက်ဆီဂရစ် (Vaxigrip) ထိုးဆေးများမှာ ၀ယ်ယူ အသုံးပြုသူများ ပြားလွန်းသည့်အတွက် ဈေးနှုန်းမြင့်တက်သွားပြီး ပစ္စည်းပြတ်လပ် နေကြောင်း ရန်ကုန်ဆေးဝါး ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။

ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများတွင် ၀က်တုပ်ကွေး ရောဂါတွေ့ရှိရကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် ပြီးနောက် တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့် ၀က်တုပ်ကွေး ရောဂါကု ဆေးဈေးနှုန်းများ မြင့်တက်သွားခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဆေးကုမ္ပဏီကြီးများက ပြောသည်။

မူလက ရာသီတုပ်ကွေး ကာကွယ်ဆေး တလုံး ၁၈၀၀၀ ကျပ်မှ ယခု ငါးသောင်းနှင့် တစ်သိန်းအကြားတွင် လည်းကောင်း၊ ၀က်တုပ်ကွေး ရောဂါကုသသည့် တမီလ်ဖလူး ဆေးမှာ မူလ ၁၀ လုံးပါ တကတ်လျှင် ငွေကျပ် ငါးသောင်း ကျော်ရှိရာမှ ခြောက်သောင်းနှင့် တသိန်းအကြားတွင် လည်းကောင်း ဈေးနှုန်းများ တက်လျက်ရှိသည်။

မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော သာမန်တုပ်ကွေး ရောဂါသာ ကာကွယ်နိုင်သော ဗက်ဆီဂရစ် ထိုးဆေးများကို ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများတွင် လာရောက်ထိုးကြသူ များလွန်းသည့်အတွက် ဈေးကွက်တွင် ပစ္စည်းပြတ်ပြီး ဈေးနှုန်းမှာ ကျပ်ငွေ သိန်းဂဏန်းချီ၍ ဈေးတက်သွားရသည်ဟု ပြည်တွင်း ဆရာဝန် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

“Vaxigrip က သာမန်တုပ်ကွေး ရောဂါကာကွယ်တဲ့ ထိုးဆေးပါ။ ဒါပေမယ့် လူတွေက ၀က်တုပ် ကွေးရောဂါ ကာကွယ် နိုင်တယ်ထင်ပြီး ထိုးကြတယ်။ မူလက ဒီတုပ်ကွေး ကာကွယ်ဆေး တလုံးကို ၁၈၀၀၀ ပဲရှိတယ်။ ၀က်တုပ် ကွေးဖြစ်ပြီး နောက်ပိုင်း ထိုးတဲ့သူ များလာတော့ ပစ္စည်းပြတ်ပြီး ဆေးတလုံးကို တသိန်းထိ ဈေးတက်ရောင်းကြတယ်” ဟု ရွှေဘုံသာလမ်းတွင် ဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာဝန်တဦးက ပြောသည်။

ငွေကြေးတတ်နိုင်သူများက မိသားစုလိုက် တုပ်ကွေး ကာကွယ်ဆေး ဗက်ဆီဂရစ်ထိုးနှံကြပြီး ငွေကြေးအမြတ် အစွန်းကိုသာ အဓိကထားသော ဆေးခန်းများကလည်း ဈေးတင်ကာ တုပ်ကွေး ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်ဟု ကိုယ်တိုင်တွေ့ မြင် ကြုံတွေ့ခဲ့ရသူ အစိုးရ၀န်ထမ်း ဆရာဝန်တဦးက ဆိုသည်။

“အခုချိန် ဆေးခန်းတိုင်း၊ ဆေးရုံတိုင်းမှာ တုပ်ကွေး ကာကွယ်ဆေးက ကုန်သွားပြီဆိုတော့ လုပ်စား တဲ့ဆေးခန်း တွေက ဆေးတလုံး တသိန်း၊ နှစ်သိန်း တောင်းပြီးတော့ ဆေးတွေ ထိုးပေးနေတာ။ လူတွေကလည်း သေသေချာချာ မစူးစမ်း မဆင်ခြင်ဘဲ ငွေကုန်ချင်သလောက် ကုန်ဆိုပြီး ထိုးကြတယ်”ဟု ထိုဆရာဝန်က ပြောသည်။

ရန်ကုန်မြို့ရှိ အာရှတော်ဝင်၊ ရွှေဂုံတိုင်၊ ဗဟိုစည်၊ ဆာကူရာ၊ ပန်းလှိုင် အပါအ၀င် နာမည်ကြီး ပုဂ္ဂလိက ဆေးခန်းကြီးများနှင့် ဆေးရုံကြီးများ အားလုံးတွင် တုပ်ကွေး ကာကွယ်ဆေး မရှိတော့ သော်လည်း ရွှေဘုံသာလမ်းရှိ ဆေးခန်းများနှင့် ရန်ကုန်မြို့ နာမည်ကြီး ဆေးခန်းတချို့တို့တွင် ထိုးနှံ၍ရသည်ဟု ဆရာဝန်များထံမှ သိရှိရသည်။

“မဂိုလမ်း (ရွှေဘုံသာလမ်း) က ဆေးခန်းတွေမှာ တုပ်ကွေး ကာကွယ်ဆေးဆိုပြီး ဆေးတလုံး နှစ်သိန်း နီးပါးဈေးနဲ့ ထိုးလို့ရတယ်”ဟု အထွေအထွေ ရောဂါကုဆရာဝန် တဦးက ရှင်းပြသည်။

ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သည့် ရာသီတုပ်ကွေး ရောဂါသာ ကာကွယ်နိုင်သော ဗက်ဆီဂရစ် ထိုးဆေးများကို ပြည်တွင်းသို့ သက်ပိုင်စိုး ဆေးကုမ္ပဏီ တခုတည်းကသာ ဖြန့်ချိခြင်း ဖြစ်ပြီး ယခုနှစ်အတွက် ဆေးဝါးထပ်မံ တင်သွင်းခြင်း မပြုနိုင်တော့ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဆိုသည်။

“ဆေးရုံ၊ဆေးခန်းနဲ့ ဈေးကွက်က အမှာစာတွေ အများကြီးရပေမယ့် ဒီနှစ်အတွက် ဗက်ဆီဂရစ် ထိုးဆေး ထပ်သွင်းဖို့ မလွယ်ဘူး” ဟု မရမ်းကုန်းမြို့နယ်၊ ခုနစ်မိုင်ခွဲရှိ သက်ပိုင်စိုး ဆေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဝက်တုပ်ကွေး ရောဂါကုသဆေး ဖြစ်သော Tamilflu များမှာလည်း အ၀ယ်လိုက်နေပြီး ဈေးကွက်တွင် ပစ္စည်း ပြတ်လုနီးပါး ဖြစ်နေသည်ဟု ရန်ကုန်အထူးကု ဆေးခန်းကြီးများမှ စုံစမ်းသိရှိရသည်။

“Tamilflu ဆေးအဓိက ၀ယ်ကြတာက ပိုက်ဆံချမ်းသာတဲ့ သူတွေ။ ဆေးက တနေ့ကို နှစ်လုံးနဲ့ ငါးရက်သောက်ရတဲ့ ဆေးပါ။ ရန်ကုန်မှာ ၀က်တုပ်ကွေး အကူးမခံရသေးတုန်းက ဆယ်လုံးပါ ဆေးတကတ်ကို ငါးသောင်းကျော်ကျော် ရှိတယ်။ ခုတော့ ခြောက်သောင်း၊ ခုနစ်သောင်းလောက်တင်ပြီး ရောင်းကြတယ်” ဟု မင်္ဂလာဈေးဆေး အရောင်းဆိုင် ပိုင်ရှင်တဦးက ရှင်းပြသည်။

အဆိုပါ ၀က်တုပ်ကွေး ရောဂါကုသဆေးသည် ဆရာဝန် ညွှန်ကြားချက်နှင့် အညီ သောက်သုံးရသည့် ဆေးဝါးဖြစ်ပြီး ဆေးသောက်သုံး ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး အများအပြား ဖြစ်ပေါ်နိုင်သည်ဟု သိရှိရသည်။

“ဒီဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့ အညီ သောက်ရတဲ့ဆေး။ ဆေးသောက်ပြီးရင် မအီမသာ ဖြစ်မယ်။ ၀မ်းလျှောမယ်။ မူးမယ်။ အန်မယ်။ အားနည်းမယ် စတဲ့ဘေးထွက် ဆိုးကျိုး တွေအများကြီး ဖြစ်လာနိုင်တယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး တဦးက ဆိုသည်။

ဆရာဝန် ညွှန်ကြားချက်မပါဘဲ နည်းလမ်း မမှန်သော ဆေးသောက်သုံးမှု များကြောင့် အမှန်တကယ် ၀က်တုပ်ကွေး ရောဂါ ကူးစက်ခံရပါက ဆေးယာဉ်ပါးမှု ပြဿနာများ ကြုံတွေ့ရကာ တုပ်ကွေး ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲပြီး ကုသရန် မလွယ်ကူသော ကူးစက်မြန် တုပ်ကွေး ရောဂါသစ်များ ဖြစ်ပေါ်လာနိုင် သည်ဟုလည်း ထိုဆရာဝန်ကြီးက ပြောသည်။

“ဆေးသောက်ရင် ဆေးပတ်လည်တဲ့အထိ မှန်မှန်သောက်ဖို့ လိုတယ်။ ဆရာဝန်နဲ့တိုင်ပင် ပြီးမှ သောက်တာ အကောင်းဆုံးပါ” ဟု ၎င်းက အကြုံပြုသည်။

သို့ရာတွင် ရန်ကုန်မြို့ရှိ ဆေးဆိုင်များ၌ တမီလ်ဖလူး ဆေးဝါးများ ၀ယ်လိုအားမြင့်တက် နေဆဲဖြစ်ပြီး ဆေးဆိုင်များနှင့် ဆေးခန်းအများစုတွင် ဆေးဝါးလက်ကျန် မရှိသည်အထိ ရောင်းချပြီး ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးဝါးပစ္စည်း လုပ်ငန်းရှင်းများ အသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူကမူ တမီလ်ဖလူး ဆေးဝါးများ ပြည်တွင်းသို့ လွယ်ကူလျှင်မြန်စွာ တင်သွင်းနိုင်ရန် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးသော ၀က်တုပ်ကွေး ရောဂါကူးစက်မှုကို စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတွင် တွေ့ရှိခဲ့ရပြီး ယခုအချိန်အထိ ၀က်တုပ်ကွေး ရောဂါကူးစက်ခံရသူ လေးဦး ရှိလာကာ တဦး တယောက်မျှ သေဆုံးခြင်းမရှိဟု ကျန်းမာရေးဝန် ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်ထားသည်။

ဝက်တုပ်ကွေး ထိန်းချုပ်ရေး နိုင်ငံခြားပြန်များကို စောင့်ကြည့်နေ
Thursday, 23 July 2009 17:17 ကြည်ဝေ
E-mail Print
ရန်ကုန်တိုင်းအတွင်း ၀က်တုပ်ကွေး ရောဂါ (H1N1) ထိန်းချုပ်နိုင်ရေး အတွက် ပြည်ပမှ ပြန်လာသူများအား မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များကို စောင့်ကြည့်ခိုင်းမှုများ ပြုလုပ်နေ ကြောင်း သိရှိရသည်။

မြို့နယ်အသီးသီးမှ ရယကများသည် ရပ်ကွက်တွင်းတွင် ပြည်ပမှပြန်လာသူများနှင့် ဖျားနာ၊ နေမကောင်းဖြစ်သူ များစာရင်းကို ကောက်ယူထားရခြင်း၊ ဆေးခန်းများမှ လူနာများစာရင်းကို ကောက်ယူထားခြင်းတို့ ပြုလုပ်ပြီး မယကများထံသို့ သတင်းပို့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း တာမွေမြို့နယ် ရယက တဦးထံမှ သိရှိရ သည်။

“ကျနော်တို့က အဓိက နိုင်ငံခြားက ပြန်လာတဲ့လူနာတွေကို ပိုသတိထားရတယ်၊ သူတို့ရဲ့ လိပ်စာ ယူထားပြီး ဖျားတာနာတာရှိမရှိ စောင့်ကြည့်ရတယ်၊ ဖျားတယ် ကြားရင် မြို့နယ်ရုံးကိုသတင်းပို့ရတယ်”ဟု ထို ရယက က ပြောသည်။

ပြည်ပမှပြန်ရောက်လာသူများအား လေဆိပ်တွင် စစ်ဆေးပြီးဖြစ်သော်လည်း၊ ရောဂါပိုး တွေ့ရှိခဲ့သူ ၄ ဦး စလုံးမှာ လေဆိပ်စစ်ဆေးမှုတွင် ရောဂါလက္ခဏာ မပေါ်ခဲ့ဘဲ၊ နေအိမ်ရောက်ပြီး နောက်ပိုင်းမှ ပေါ်လာခဲ့ခြင်းကြောင့် ဖြစ် ကြောင်း သိရှိရသည်။

ရယက များအနေနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၏ လိပ်စာများကို မှတ်သားထားကာ၊ ရက် သတ္တပတ် ၂ ပတ်ကြာသည်အထိ စောင့်ကြည့်ကြရကြောင်း၊ နေ့စဉ်ပုံမှန်စောင့်ကြည့်ရန် မလွယ်ကူသည့်အတွက် အနီး တ၀ိုက် တွင် နေထိုင်သူများအား ထိုအိမ်မှ နေမကောင်းဖြစ်သူရှိပါက လာပြီးအကြောင်းကြားပေးရန် မှာထား ရ ကြောင်း၊ အကြောင်း ကြားပါက သွားရောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ ရယက တဦးက ပြောပြသည်။

“နေ့တိုင်းဘယ်သွားကြည့်နိုင်မှာလည်း အဲဒီအိမ်က တယောက်ယောက်ဖျားတာ ရှိမရှိ ၊ ရှိရင် လာအကြောင်းကြား ဖို့ ဘေးပတ်ဝန်းကျင် အိမ်တွေကိုပဲ မှာထားလိုက်တယ်၊ ခုချိန်ထိတော့ ဘယ်သူမှ လာအကြောင်းမကြားကြသေး ပါ ဘူး”ဟု အဆိုပါ ရယက ကပြောသည်။



နယ်စပ်ဒေသမှာ ဝက်တုပ်ကွေး A(H1N1) ရောဂါစစ်ဆေးမှုများ ပိုမိုတင်းကျပ်လာ
Thu 23 Jul 2009, IMNA
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါ မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင်ပေါက်များကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

၎င်းနယ်စပ်ဝင်ပေါက်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့က တရားဝင်ပိတ်ထားသည်ဟု ဆိုသော်လည်း ယခုချိန်ထိ နားလည်မှုဖြင့် နယ်စပ်ပြည်သူတို့က ဝင်ပေါက်သုံးပေါက်ဖြင့် သွားလာနေကြသည်။

“ဇူလိုင် ၂၀ ရက်နေ့မတိုင်ခင်က အဓိက ထိုင်းဘက်ကမ်းမှာ အလုပ်လုပ်နေတဲ့သူတွေ ကျောင်းတက်နေတဲ့ကျောင်းသားတွေ ဝင်ထွက်သွားလာနေတဲ့ ဝင်ပေါက်မှပဲ ကျန်းမာရေးဌာနကနေ စစ်ဆေးတာရှိတယ်၊ ဝက်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီးတော့ ပညာပေးအစည်းဝေးခေါ်ထားပြီး ယခုဆိုရင် စစ်ဆေးမှုတွေ ပိုတင်းနေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်မယကဥက္ကဌနှင့် ဘုရားသုံးဆူရှိ မြန်မာအစိုးရ အဖွဲ့ပေါင်းစုံ ၂၅ ဖွဲ့တို့မှ ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးအစည်းဝေးပြုလုပ်ပြီးနောက် ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းသို့ဝင်ထွက်သွားလာနေသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်။

မြန်မာဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းသို့သွားလာနေသည့် ဝင်ပေါက်များမှာ ဂျပန်ရေတွင်းမှ ဝင်ရောက်နိုင်သည့်လမ်းတစ်လမ်း၊ ထိုင်းဘက်မှာ အလုပ်လုပ်နေသူများ ကျောင်းသားများ၊ ထိုင်းလူမျိုးများဝင်ရောက်နိုင်သည့် အထက်တန်းကျောင်းလမ်းနှင့် ကေဘီအက်ဖ်ဂိတ်လမ်းတို့ဖြစ်ကြသည်။

“ထိုင်းဘက်ကမ်းကနေ ဝင်လာတဲ့လူမှန်သမျကို ကျန်းမာရေးဌာကနေ ရောဂါစစ်ဆေးနေတယ်၊ ထိုင်းလူမျိုးဆိုရင် လုံးဝ ဗမာဘက်ကမ်းကို မပေးဆင်းဘူး၊ မသကာင်္တဲ့လူကို မပေးဝင်ဘူး” ဟု ၄င်းမြို့ခံက ပြောသည်။

ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမည်ကို ကြောက်ရွံ့နေသည့် ဘုရားသုံးဆူမြို့ခံများနှင့် ကျောင်းသူ၊ ကျောင်းသားများတို့က နှခေါင်းပိတ် (Mask) ကို အသုံးလာကြည်သည်။

နှခေါင်းပိတ် (Mask) အသုံးပြုသူများက ၄င်း (Mask) ကို ကျန်းမာရေးဌာနမှ ဖြန့်ဝေပေးခြင်းမရှိပဲ၊ ဈေးဆိုင်မှ တစ်ခုလျင် (၁၀) ဘတ်ဖြင့် ဒေသခံတို့က ဝယ်ယူအသုံးပြုနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဘုရားသုံးဆူမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ကလေးတစ်မြို့ဖြစ်ပြီး၊ ကုန်သည် စီးပွားရေးသမားများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် မြို့ကလေးတစ်မြို့လည်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ၂၀ ကီလိုမီတာခန့်အဝေးတွင်ရှိပြီး၊ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းဟူ၍ သတ်မှတ်ထားသည်။

ရယကများအနေနှင့် ကျန်းမာရေးအသိပညာနည်းပါးသူဖြစ်ပါက သာမန်တုပ်ကွေးဖျာနာသူများ၊ A(H1N1) ရောဂါပိုး ရှိသူများနှင့်တွေ့ဆုံမေးမြန်းခြင်းပြုပါက ရောဂါပိုးကူးစက်နိုင်သော အခြေအနေနှင့်တွေ့ကြုံနိုင်ကြောင်း မြန်မာနိုင်ငံအထွေထွေရောဂါကုဆရာဝန်အသင်းမှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။

“ရယကတွေက ကျန်းမာရေးဝန်ထမ်းတွေလည်း မဟုတ်ဘူး၊ ကျန်းမာရေးမှူးတွေလည်း မဟုတ်ဘူး သူတို့ကို ဒီလို တာဝန်မျိုးပေးပြီး စောင့်ကြည့်ခိုင်းတာ မသင့်တော်ဘူး၊ တကယ်ပိုးရှိတဲ့သူကို သူတို့သွားကြည့်မေးမြန်းတယ် ဆိုရင်ပဲ သူတို့မှာ ကူးစက်နိုင်တဲ့အနေအထားရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။

မြန်မာနိုင်ငံတွင် ကြက်ခြေနီအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ အရေအတွက်မှာ အလွန်နည်းပါးနေသည်ကို တွေ့ရပြီး၊ လူထု ကျန်းမာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်အတွက် အင်အားနည်းပါးခြင်း၊ အခွင့်အာဏာ နည်းပါးခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေးဟောပြောပွဲပြုလုပ်မည်ဆိုပါက ရယက၊ မယက များမှ တဆင့် တိုင်း အဆင့်ထိ စာတင်ရခြင်း စသည်တို့ကြောင့် အာဏာပိုင်များအနေနှင့် ယခုကဲ့သို့ မယကများ၊ ရယကများကို စောင့်ကြည့်စေခိုင်းရခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ဆိုသည်။

“ကျန်းမာရေးဝန်ထမ်းတို့၊ ကြက်ခြေနီတို့ဆိုတာက တမြို့နယ်လုံးမှာမှ တယောက်လောက်ရှိတာ မရှိတဲ့ မြို့နယ် တွေတောင်ရှိတာပဲ၊ပြီးတော့ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်ဆိုတာ ရှိတာမဟုတ်ဘူး၊ ရယကကို သွားပြီး သတင်းပို့ ရတဲ့ အဆင့်လောက်ပဲ ထားတာ”ဟု ၄င်းက ပြောပြသည်။

ထို့အပြင် သူက ယခင်ရောဂါပိုး တွေ့ရှိသူများအနေနှင့် လေဆိပ်ရှိ စစ်ဆေးရေးကိရိယာတွင် မပေါ်ခဲ့ခြင်းမှာ အသေ အချာမစစ်ဆေးခြင်းကြောင့် လည်းကောင်း၊ စစ်ဆေးရေးကိရိယာ၏ အားနည်းချက်ကြောင့် သော်လည်း ကောင်း ဖြစ်နိုင်ကြောင်း ၊ ထို့အပြင် ယခုကဲ့သို့ ရယကများအား စောင့်ကြည့်ခိုင်းရုံဖြင့် ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိမ်းချုပ်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး ရှိသူ ၄ ဦးရှိသွားပြီဖြစ်ကြောင်း ၊ ထိုသူများမှာ နိုင်ငံခြားမှ ပြန်ရောက်လာသူများသာ ဖြစ်ကြောင်း အစိုးရပိုင်သတင်းစာများမှ ထုတ်ပြန်ကြေငြာခဲ့သည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers