www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ထူးခြားသော ပင်လယ်နှစ်ခု

ပါလက်စတိုင်းတွင်
ပင်လယ်နှစ်ခုရှိပါသည်။ထိုပင်လယ်နှစ်ခုသည်အလွန်ခြားနားပါသည်။တစ်ခုကို
ဂလီလီးပင်လယ်ဟု ခေါ်ပါသည်။ထိုပင်လယ်မှာ ကြီးမားသောရေကန်ကြီးတစ်ခုဖြစ်ပြီး
သောက်သုံးနိုင်သော ရေကောင်းရေသန့်ဖြင့်ပြည့်နေပါသည်။
ငါးတွေလူတွေထိုပင်လယ်ထဲ ကူးနိုင်ပါသည်။စိမ်းလန်းသော လယ်ကွင်းများဖြင့်
ဝန်းရံထားပါသည်။ပင်လယ်နားတွင်လူအများက နေအိမ်များ ဆောက်လုပ်ထားပါသည်။
ရေပေါများသောနောက်ပင်လယ်တစ်ခုကို ပင်လယ်သေ ဟုခေါ်ပါသည်။ထိုပင်လယ်မှာ
အမည်နှင့်အညီ တကယ်သေနေပါသည်။ရေမှာငံလွန်းသဖြင့်
သောက်ကြည့်လျှင်ကျန်းမာရေးကိုထိခိုက်ပါတော့သည်။
ငါးတွေလည်းမနေ နိုင်ပါ။ကမ်းခြေတလျောက်တွင်ဘာမှဖြစ်ထွန်းခြင်း
ပေါက်ရောက်ခြင်းမရှိပါ။မနှစ်မျို့စရာ အနံ့အသက်ရှိသဖြင့်နီးနီးနားနားတွင်
ဘယ်သူမှမနေချင်ပါ။
စိတ်ဝင်စားစရာအကောင်းဆုံးအချက်မှာ ထိုပင်လယ်နှစ်ခုလုံးထဲသို့
မြစ်တစ်မြစ်ထဲမှ စီးဝင်လာခြင်းဖြစ်ပါသည်။
ထိုသို့ဖြစ်လျှင်ဘာကြောင့်ကွဲပြားခြားနားနေရပါသလဲ။ခြားနားစေသောအချက်တစ်ချက်သာလျှင်ရှိပါသည်။
တစ်ခုမှာလက်ခံပြီးပြန်လည်စွန့်လွှတ်ပါသည်။တစ်ခုမှာ လက်ခံပြီးသိမ်းထားပါသည်။
ဂျော်ဒန်မြစ်သည် ဂလီလီးပင်လယ်
ထိပ်ပိုင်းသို့စီးဝင်ပြီးအောက်ပိုင်းမှပြန်ထွက်သွားပါသည်။
ဂလီလီးရေကန်ကြီးသည်ဝင်လာသောရေကိုသုံးပြီး အခြားသူများသုံးနိုင်အောင်
ဆက်လက်စွန့်လွှတ်စီးဆင်းပါသည်။
ဂျော်ဒန်သည် ပင်လယ်သေထဲသို့ဆက်လက်စီးဆင်းပြီး ဘယ်ကိုမှပြန်မသွားတော့ပါ။
ပင်လယ်သေသည် တကိုယ်ကောင်းဆန်ဆန် စီးဝင်လာသောရေတွေကို သူ့အတွက်သာ
သိမ်းထားပါသည်။ ထို့ကြောင့် သူ့မှာသေနေပါသည်။ သူသည်ယူသာယူပြီး
စွန့်လွှတ်ခြင်းဘယ်တော့မှမရှိပါ။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers