www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

စစ်ခွေးလော်ဘီများသို့

စစ်ခွေးဘောမ များ (သို့) စစ်ခွေးလော်ဘီများသို့
(မြဝတီ၊ မြန်မာတီဗီ၊ မြန်မာ့အလင်း၊ ကြေးမုံ အပါအဝင်...)

စစ်တပ်ရဲ့ စစ်ခွေးတွေလုပ်ပြီး တိုင်းရင်းသားတွေကို သွေးခွဲ၊ မဟုတ်မမှန် သတင်းတွေကို လုပ်ကြံဖန်တီးပြီး စစ်တပ်ကိုကပ်ဖားမှ သင်တို့ရဲ့ မိဘတွေ မိသားစုတွေ သားသမီးတွေ ထမင်းစားနိုင်မယ်ဆိုတာကိုတော့ နားလည်ပေးပါတယ်... မင်းတို့ ဒီလိုမှ မလုပ်ရင်လည်း မင်းတို့မိသားစုတွေ ငတ်ပြတ်သေကုန်ကြတော့မပေါ့...

ဒါပေမဲ့ ခုက အရင်လိုမဟုတ်တော့ဘူးဆိုတာကိုလည်း နည်းနည်းတော့ သတိထားကြပေါ့... ပြည်သူတွေက နင်တို့စစ်ခွေးတွေ ပြောတိုင်းယုံတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာ...
ပြည်သူတွေက နင်တို့ ဖွလေ မယုံလေ
ပြည်သူတွေက နင်တို့ သွေးခွဲလေ ပိုပိုပြီးသွေးစည်းလေ
ပြည်သူတွေကို နင်တို့ မဟုတ်မဟတ်ပြောလေ နင်တို့ကို ပိုပိုပြီး မုန်းတီးလေ
အဲဒါကိုတော့ နင်တို့တွေ သိထားဖို့လိုပြီ
ပိုဆိုးတာက တိုင်းရင်းသားတွေပေါ့...
နင်တို့ ဘယ်လောက်ပဲ တိုင်းရင်းသားတွေကို မကောင်းကြောင်း ပြောပေမဲ့
ဘယ်လောက်ပဲ သွေးထိုး သွေးခွဲပေမဲ့...
ခွေးလေခွေးလွင့်တွေ ဟောင်နေတာလောက်တောင် ဂရုစိုက်ဖို့ အချိန်မပေးနိုင်ပါဘူး.... ပေးဖို့အချိန်လည်း မရှိပါဘူး...
ဘာလို့လဲသိကြသလား...

အဲဒါက..
ငါတို့မြေကို ကာကွယ်ဖို့
ငါတို့ပြည်ကို ပြန်လည်ထူထောင်ဖို့
အဲဒါတွေနဲ့ အလုပ်များနေလို့ပါပဲ....
ဗမာစကားပုံလိုပဲ
ခွေးဟောင်တိုင်းတာ ထကြည့်ရင် အိပ်ရေးပျက်တယ်လေ...

နင်တို့မိဘ၊ မိသားစုတွေကို လုပ်ကြွေးချင်သပဆိုရင်လည်း ဘယ်နေရာ ဒေသမဆို လုပ်ကိုင်စားသောက်လို့ ကောင်းပါတယ်...
နင်တို့တာ အခြောင်သမား၊ ကပ်ဖားသမား လူပျင်းတွေ မဟုတ်ဘူးဆိုရင်ပေါ့..
သမာအာစီဝ လုပ်အားခလေးတွေနဲ့ မင်းတို့ မိဘ နင်တို့ သားသမီးတွေကို လုပ်ကိုင်ပြီးရှာကြွေးကြပါ...
စစ်တပ်ရဲ့ လော်ဘီ စစ်ခွေးတွေလုပ်ပြီး မိဘ မိသားစု သားသမီးတွေကို ရှာကြွေးတာကတော့ နင်တို့ မိဘ မိသားစု သားသမီးတွေလည်း ဂုဏ်သိက္ခာမရှိပါဘူး။။။ 
(ဂုဏ်သိက္ခာဆိုတာကို သိတဲ့ မိသားစုတွေဆိုရင်ပေါ့လေ)
ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား မလုပ်ပါနဲ့တော့....
မိသားစုအတွက်ကြိုးစားကြပါ...
သားသမီများကောင်းစားရေးအတွက်လုပ်ကြပါ....
နိုင်ငံကောင်းစားရေးအတွက်လုပ်ကြပါ....
စစ်တပ်ရဲ့ လော်ဘီ စစ်ခွေးလုပ်ပြီး အချိန်မဖြုန်းကြပါနဲ့တော့လို့....

စေတနာနဲ့ပါ
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

MANAM JAHPAN


counter

AWNG PADANG KARAI KASANG

တစ်ခုခုရေးခဲ့ပါ

Followers