www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ကြီးမားစွာ အံ့သြမိခြင်း

ထပ်ခါထပ်ခါ အကြိမ်ပေါင်းမြောက်များစွာ လိမ်ညာလှည့်ဖြားပြီး အရူးလုပ်တာကို ခံခဲ့ရသော်လည်း ပြုံးစိပြုံးစိနဲ့ ခေါ်တိုင်းလာနေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးကို တစ်ကယ်ပဲ အကြီးအကျယ်အံ့သြမိပါတယ်။ ဒီတစ်ခါလည်း (၅) ရက်ကြီးများတောင် အရိုးအီနိုင်ပဲ ပျားရည်ဆမ်း အလိမ်အညာ တ၇ာချိုရည်ပျစ်ပျစ်တွေကို တ၀ကြီးမြိန်ယှက်စွာသုံးဆောင်ကြဖို့ ပြန်လည်စုရုံးရောက်ရှိနေကြတာကိုအံ့သြမဆုံး ဖြစ်မိပါတယ်။

ဗမာအစိုးရ၏ ကလိမ်ကကျစ် ညစ်ပတ်ပုပ်စော်တထောင်းထောင်းထကာ နံစော်နေတဲ့လူတွေနဲ့ ခဏခဏသွားရောက်တွေ့ဆုံကြတယ်ဆိုတော့ သူတို့ဆီမှာလည်း သူတို့ သတိမထားမိပဲနဲ့ ဒီလိုနည်းနာလေးများ တစ်ဖြည်းဖြည်းစိမ့်ဝင် ညှိသွယ်သွားကာ ကူစက်ပျံ့နံ့ကြပြီး အလိမ်ခံရသများနှင့် လိမ်လည်နေသူများ တစိတ်တညာဏ်တည်း တစ်ဖွဲ့တည်း ကျောသားရင်သား မခွဲတတ်အောင် ဖြစ်သွားမှာကိုလည်း ကြိုတင်အံ့သြ စိုးရိမ်ပူပန်မိပါတယ်။

တိုင်းပြည်မှာဖြစ်ပွားနေတဲ့ ဘယ်ပြသနာကိုမျှ ပြေလည်အောင်မဖြေရှင်းပေးနိုင်တဲ့လူတွေကို ယုံကြည်အားကိုးနေကြတာကိုလည်း အံ့သြမဆုံး ဖြစ်မိပါတယ်။ မိမိကိုယ်မိမိ ဇာတ်ဆရာ၊ ရုပ်သေးဆရာကြီးများ ကြိုးဆွဲရာက အသုံးတော်ခံ အသုံးချခံနေ့တဲ့ ဘ၀ဆီရောက်နေပြီဆိုတာကို သတိထားမိကြဖို့အချိန်တောင် လွန်နေပါပြီ။ စစ်ယူနီဖောင်းချွတ် ဖားလည်းမဟုတ်၊ ငါးလည်းမဟုတ်တဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်းလူတွေ အုပ်ချုပ်နေသ၍ ဒီတိုင်းပြည်ကြီးဟာ နွံနစ်သလို လှုပ်လေမြုပ်လေဖြစ်နေမှာပါပဲ။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိလူမျိုးရဲ့ ကံကြမ္မာအ၀၀ကို မိမိဖာသာ ဖန်တီးလုပ်ကိုင်သွားနိုင်အောင် နည်းလမ်းရှာပြီး စိတ်ပါလက်ပါလုပ်ဆောင်သွားကြရန်လိုပါသည်။ ကိုယ့်တစ်ဦးကောင်းစားရေးထက် အများကောင်းစားရေးနှင့် မိမိလူမျိုးကောင်းစားရေးကိုပဲ ရှေ့တန်းတင်ဦးစားပေးကြရန်လိုအပ်ပါသည်။

ဖြစ်ရပ်မှန် သမိုင်းရေးတဲ့လူတွေဟာ မျက်နှာမလိုက်ပဲ လက်တန်ပြောင်မြောက်ကြတယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါသည်။ ခေါ်တိုင်းသွားသော ရောဂါအကျင့်ဆိုးတွေကို အမြန်ဆုံးပြုပြင်သွားကြပြီး၊ မိမိရဲ့ပန်းတိုင်ဟာဘာလဲ ဆိုတာကို အမြဲရင်ဝယ်ပိုက်ထွေးထားကြစေချင်ပါသည်။

လိမ်ညာဖို့ကိုပဲ အမြဲမပြတ်စဉ်းစားတွေတောနေကြတဲ့ မစာညာဏ်ကြီးရှင် လူထူးလူဆန်း အလိမ်တကာ့ အလိမ်ဆရာကြီးမျာလည်း ဒီလောက် လိမ်လိုက်ရရင် ကျေနပ်ကြပါတော့လို့ တိုက်တွန်းလိုက်ရပါသည်။ သူများကို မကောင်းကြံပြီး လိမ်ခြင်း၏အကြိုးဆက်သည် မိမိဆီကိုလည်း ပြန်လှည့်ပတ်ပြီး ရောက်လာတတ်သည်ကို ကိုယ့်ရှူးနဲ့ ကိုယ်ပြန်ပတ်သည်ဟု ဆိုကြပါသည်။

ပြည်သူ့တမန်
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers