www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu
ဗမာအစိုးရစစ်ကြောင်းမှ ဘိန်းခင်းပိုင်ရှင်များနှင့် ကျေးရွာများမှ အတင်းငွေကြေးတောင်းခံ Friday, March 13, 2015

ဗမာအစိုးရစစ်ကြောင်းမှ ဘိန်းခင်းပိုင်ရှင်များနှင့် ကျေးရွာများမှ အတင်းငွေကြေးတောင်းခံ

ဗမာအစိုးရ စစ်တပ်သည် ကချင်ပြည်မြောက်ပိုင်း နယ်ခြားစောင့်တပ် (၁၀၀၃) ၏နယ်မြေဒေသများတွင် ဘိန်းခင်းရှင်းလင်းရေးစစ်ကြောင်းများဖြင့် လုပ်ရှားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ ဘိန်းခင်းရှင်းလင်းရေးစစ်ကြောင်းများသည် မတ်လ (၅ မှ ၁၀) ရက်အတွင်း ဘိန်းခင်းများရှင်းလင်းရေးဟု အမည်သာခံယူပြီး၊ ဘိန်းခင်းများကို မရှင်းလင်းသည့်အပြင် ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ဘိန်းခင်းစိုက်ပျိုးသော ကျေးရွာများအလိုက် ငွေများအတင်း တောင်းခံခဲ့ကြောင်း သတင်းရရှိပါသည်။ 
ဤသို့ ဗမာစစ်ကြောင်းများမှ ဘိန်းစိုက်ခင်းလုပ်ထားသော ကျေးရွာအလိုက် တောင်းခံခဲ့သော ငွေများမှာ
၁. မော်ချီဒုံးကျေးရွာ - ၅၀၀၀၀ ယွမ် (တရုတ်ငွေ)
၂. ယင်းဒမ်ကျေးရွာ - ၄၈၀၀၀ ယွမ်
၃. ၀ူရာကျေးရွာ - ၂၀၀၀၀ ယွမ်
၎. နော့ဂူကျေးရွာ - ၂၅၀၀၀ ယွမ်
၅. လုံဇာကျေးရွာ - ၅၀၀၀၀ ယွမ်
၆. ဂူခံကျေးရွာ - ၁၇၀၀၀ ယွမ်
၇. ထန်မော်ခန်းကျေးရွာ - ၁၃၀၀၀ ယွမ် 
နှင့် အခြားကျေးရွာများမှလည်း တောင်းခံခဲ့ကြောင်း ဒေသခံများမှ သိရှိရပါသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers